iMyanmarHouse.com - Best Property Website for Myanmar
×

သင္ကထက္ျမက္မယ္၊ ရုပ္ေခ်ာမယ္၊ ေပ်ာ္ရႊင္တတ္မယ္၊ အေတြ႔အၾကဳံေကာင္းေတြ အမ်ားၾကီးရွိေနမယ္ဆုိရင္ စိတ္ဝင္စားစရာေကာင္းတဲ့ သူတစ္ေယာက္ ျဖစ္မွာမလြဲပါဘူး။ ဒါေပမဲ့လည္း သင္ကအခုခ်ိန္ထိ တစ္ကိုယ္တည္းသမား ျဖစ္ေနတာဘာေၾကာင့္ပါလဲ ။ သင့္ကိုေယာက္်ားေတြရဲ႕ ဂရုစိုိက္ခံရျခင္းက လြတ္ေျမာက္ေအာင္ တားဆီးထားတဲ့ အခ်က္ေတြရွိတယ္ဆုိတာကို သင္လက္ခံႏုိင္ပါသလား။ အမွန္ပါပဲ။ ေယာက္်ားေတြကေခ်ာေမာတဲ့ မိန္းကေလးေတြကို ႏွစ္သက္တတ္ေပမဲ့ အမ်ားစုကေတာ့ သိပ္ထက္ျမက္တဲ့ မိန္းမေတြကို ခ်စ္သူအျဖစ္ မလုိလားၾကပါဘူးတဲ့။

ေယာက္်ားေလးေတြကသူတို႔အတြက္ မိဖုရားျဖစ္ေပးမဲ့သူကိုပဲ အလိုရွိၾကျပီး ရင္မတစ္ပါးကိုေတာ့ မလုိခ်င္ၾကပါဘူးဆုိတာကိုေလ့လာမႈတစ္ခုကေနသက္ေသျပခဲ့ပါတယ္။ မၾကာေသးမီကေလ့လာမႈတစ္ခုမွာေကာလိပ္ေက်ာင္းသားေတြကိုေကာလိပ္ေက်ာင္းသူေတြနဲ႔ အတူ စာေမးပြဲတစ္ခုကိုေျဖခုိင္းခဲ့ပါတယ္။ စာေမးပြဲရမွတ္ေတြ ေၾကျငာျပီးေနာက္မွာ စစ္ေဆးသူေတြက ေယာက္်ားေလးေတြကို သူတို႔ကိုိဆြဲေဆာင္ႏုိင္တဲ့ ၊တြဲၾကည့္ခ်င္တဲ့ မိ္န္းကေလးေတြရွိခဲ့ရင္ ဘယ္သူေတြ ျဖစ္လဲလို႔ ေမးျမန္းခဲ့ပါတယ္။

စာေမးပြဲမွာသူတို႔ထက္ အမွတ္ပိုမ်ားတယ္လို႔ ယုံၾကည္ထားတဲ့ မိန္းကေလးေတြကို ေယာက္်ားေလးေတြက စိတ္ဝင္စားမႈနည္းျပီးတြဲၾကည့္ခ်င္စိတ္ မရွိတာကိုေတြ႔ရွိရပါတယ္။ ဒီရလဒ္က ၀မ္းနည္းစရာေကာင္းေပမဲ့ လန္႔မသြားပါနဲ႔။ ကိုယ့္ရဲ႕ထက္ျမက္တဲ့ ဦးေႏွာက္ေၾကာင့္ ကိုယ္နဲ႔ မတြဲခ်င္တဲ့ ေယာက္်ားေတြနဲ႔ ေဝးသြားလို႕ဘာျဖစ္သြားမွာလဲ။ ဘာမွ မျဖစ္ပါဘူး။သူတို႔ကကိုယ္နဲ႔ မျပိဳင္ခင္ကတည္းက ရႈံးျပီးသားလို႔ ယူဆထားတဲ့သူေတြပါ။

ဒါေၾကာင့္ ကိုယ့္အတြက္ သင့္ေတာ္ျပီးကိုယ့္တန္ဖိုးကိုသိတဲ့ ေယာက္်ားတစ္ေယာက္ကို တစ္ေန႔မွာ ေတြ႔ႏုိင္မွာျဖစ္တဲ့အတြက္ အခ်ိန္ေတြကိုအက်ဳိးရွိေအာင္သုံးရင္းဘဝကို ျဖတ္သန္းေနလိုက္မယ္ဆုိရင္ အဖုိးတန္ အပ်ဳိၾကီးေတြ ျဖစ္လာမွာအမွန္ပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

သင်ကထက်မြက်မယ်၊ ရုပ်ချောမယ်၊ ပျော်ရွှင်တတ်မယ်၊ အတွေ့အကြုံကောင်းတွေ အများကြီးရှိနေမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်မှာမလွဲပါဘူး။ ဒါပေမဲ့လည်း သင်ကအခုချိန်ထိ တစ်ကိုယ်တည်းသမား ဖြစ်နေတာဘာကြောင့်ပါလဲ ။ သင့်ကိုယောက်ျားတွေရဲ့ ဂရုစိုက်ခံရခြင်းက လွတ်မြောက်အောင် တားဆီးထားတဲ့ အချက်တွေရှိတယ်ဆိုတာကို သင်လက်ခံနိုင်ပါသလား။ အမှန်ပါပဲ။ ယောက်ျားတွေကချောမောတဲ့ မိန်းကလေးတွေကို နှစ်သက်တတ်ပေမဲ့ အများစုကတော့ သိပ်ထက်မြက်တဲ့ မိန်းမတွေကို ချစ်သူအဖြစ် မလိုလားကြပါဘူးတဲ့။

ယောက်ျားလေးတွေကသူတို့အတွက် မိဖုရားဖြစ်ပေးမဲ့သူကိုပဲ အလိုရှိကြပြီး ရင်မတစ်ပါးကိုတော့ မလိုချင်ကြပါဘူးဆိုတာကိုလေ့လာမှုတစ်ခုကနေသက်သေပြခဲ့ပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုမှာကောလိပ်ကျောင်းသားတွေကိုကောလိပ်ကျောင်းသူတွေနဲ့ အတူ စာမေးပွဲတစ်ခုကိုဖြေခိုင်းခဲ့ပါတယ်။ စာမေးပွဲရမှတ်တွေ ကြေငြာပြီးနောက်မှာ စစ်ဆေးသူတွေက ယောက်ျားလေးတွေကို သူတို့ကိုဆွဲဆောင်နိုင်တဲ့ ၊တွဲကြည့်ချင်တဲ့ မိန်းကလေးတွေရှိခဲ့ရင် ဘယ်သူတွေ ဖြစ်လဲလို့ မေးမြန်းခဲ့ပါတယ်။

စာမေးပွဲမှာသူတို့ထက် အမှတ်ပိုများတယ်လို့ ယုံကြည်ထားတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက စိတ်ဝင်စားမှုနည်းပြီးတွဲကြည့်ချင်စိတ် မရှိတာကိုတွေ့ရှိရပါတယ်။ ဒီရလဒ်က ဝမ်းနည်းစရာကောင်းပေမဲ့ လန့်မသွားပါနဲ့။ ကိုယ့်ရဲ့ထက်မြက်တဲ့ ဦးနှောက်ကြောင့် ကိုယ်နဲ့ မတွဲချင်တဲ့ ယောက်ျားတွေနဲ့ ဝေးသွားလို့ဘာဖြစ်သွားမှာလဲ။ ဘာမှ မဖြစ်ပါဘူး။သူတို့ကကိုယ်နဲ့ မပြိုင်ခင်ကတည်းက ရှုံးပြီးသားလို့ ယူဆထားတဲ့သူတွေပါ။

ဒါကြောင့် ကိုယ့်အတွက် သင့်တော်ပြီးကိုယ့်တန်ဖိုးကိုသိတဲ့ ယောက်ျားတစ်ယောက်ကို တစ်နေ့မှာ တွေ့နိုင်မှာဖြစ်တဲ့အတွက် အချိန်တွေကိုအကျိုးရှိအောင်သုံးရင်းဘဝကို ဖြတ်သန်းနေလိုက်မယ်ဆိုရင် အဖိုးတန် အပျိုကြီးတွေ ဖြစ်လာမှာအမှန်ပါပဲ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top