iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေတြက အိမ္ေထာင္က်ျပီးေနာက္ပို္င္း မိန္းမျဖစ္သူက အပ်ဳိတုန္းကနဲ႔ မတူေတာ့ဘဲ ပုံပ်က္ျပီး အဝလြန္လာၾကတယ္လို႔ စိတ္ပ်က္ညည္းညဴတာကို အမ်ားၾကီးေတြ႔ဖူးပါတယ္။ “မိန္းမက ပုံပ်က္ပန္းပ်က္ျဖစ္လာတာ သိပ္စိတ္ကုန္ဖုိ႔ေကာင္းတာပဲ ၊ သူက အပ်ဳိတုန္းကလုိ လွလွပပ မေနတတ္ေတာ့ စိတ္ကုန္လာရင္ ေယာက္်ားေတြရဲ႕ အျပစ္မဟုတ္ဘူးေနာ္” လို႔ဆိုတတ္ၾကပါတယ္။

တကယ္ေတာ့ အမ်ဳိးသမီးအမ်ားစုက အိမ္ေထာင္က်ျပီးတဲ့အခါမွာ ဝလာျပီး ပုံပ်က္ပန္းပ်က္ ျဖစ္လာတယ္ဆိုတာ အမ်ားအားျဖင့္ မွန္ပါတယ္။ ေသခ်ာတာကေတာ့ ဒီလိုျဖစ္လာရတာက မိန္းမေတြ ပ်င္းရိလုိ႔ ပစ္စလတ္ခတ္ေနလာလို႔ မဟုတ္ပါဘူး။ သူတုိ႔ေတြရဲ႕စိတ္ထဲမွာ တစ္ဘဝလုံးစာ ပိုင္ဆုိင္မယ့္ ခ်စ္သူနဲ႔ ေတြ႔ျပီးျဖစ္တဲ့အတြက္ သူတုိ႔ကိုိယ္သူတို႔ လွေအာင္ေနစရာမလုိေတာ့ဘူး။ သူတုိ႔အတြက္ ေနာက္ထပ္ ဆြဲေဆာင္ရမယ့္သူ မလိုအပ္ေတာ့ဘူးလုိ႔ ယုံၾကည္လက္ခံလိုက္လို႔ ျဖစ္ပါတယ္။ ဒါဆုိ ဝလာျပီး ပုံပ်က္လာတာက တစ္ေယာက္တည္းကိုပဲ ပုံအပ္ထားတယ္ဆုိတဲ့ သစၥာတရားရဲ႕ ျပယုဂ္တစ္ခုလုိ႔ လက္ခံလိုက္ရင္ ဇနီးအေပၚ အခ်စ္ေတြ ပိုတုိးလာႏုိင္ပါတယ္။

ေနာက္တစ္ခ်က္ မိန္းမေတြ ဝလာရျခင္းအေၾကာင္းရင္းက အိမ္မႈကိစၥေတြ၊ သားသမီးကိစၥေတြနဲ႔ ခႏၶာကိုယ္ကို ထိန္းသိမ္းဖို႔ ေလ့က်င့္ခန္းလုပ္ဖုိ႔ အခ်ိန္မေပးႏုိင္ၾကပါဘူး။ တကယ္တမ္း မိန္းမတစ္ေယာက္ရဲ႕ တာဝန္က စီးပြားထြက္ရွာတဲ့ ေယာက္်ားေတြရဲ႕ တာဝန္ေအာက္ေတာ့ မနည္းဘူးဆိုတာ အၾကြင္းမဲ့ လက္ခံသင့္ပါတယ္။

ဒါေၾကာင့္ အိမ္ေထာင္က်ျပီးမွ မိန္းမျဖစ္သူ ဝလာလို႔ ညည္းညဴေနတဲ့ ေယာက္်ားမ်ားအတြက္ အၾကံေပးခ်င္တာရွိပါတယ္။ တစ္ေန႔ကို ၄၅ မိနစ္စာေလာက္ မိန္းမျဖစ္သူရဲ႕ အိမ္အလုပ္ေတြကို ကူညီျပီး မိန္းမကို ေလ့က်င့္ခန္းလုပ္ဖုိ႔ အခ်ိန္ေပးလုိက္ပါ။ ျပီးေတာ့ အပ်ဳိတုန္းက လွပခဲ့တဲ့ မိိန္းမရဲ႕ ဓာတ္ပုံေတြကို ထုတ္ျပျပီး တစ္ခ်ိန္က အရမ္းဆြဲေဆာင္မႈရွိခဲ့သလုိ အခုလည္း ျပန္ျပီး လွႏုိင္ေသးတယ္ဆုိတဲ့အေၾကာင္း ခ်ီးက်ဴးေျပာေပးလိုက္ပါ။ မိန္းမေတြက အိမ္ေထာင္ေရးေၾကာင့္ အလွအပ ပ်က္စီးေစတာမ်ဳိး မျဖစ္သင့္ပါဘူး။ ဒါေၾကာင့္ မိန္းမကို စိတ္ပ်က္ညည္းညဴေနမယ့္အစား ကူညီျပီး အလွေသြးၾကြယ္ေအာင္ လုပ္ေပးႏုိင္တဲ့ ခင္ပြန္းေကာင္းေတြ ျဖစ္ေအာင္ ၾကိဳးစားလိုက္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



#Unicode


ယောက်ျားတွေက အိမ်ထောင်ကျပြီးနောက်ပိုင်း မိန်းမဖြစ်သူက အပျိုတုန်းကနဲ့ မတူတော့ဘဲ ပုံပျက်ပြီး အဝလွန်လာကြတယ်လို့ စိတ်ပျက်ညည်းညူတာကို အများကြီးတွေ့ဖူးပါတယ်။ “မိန်းမက ပုံပျက်ပန်းပျက်ဖြစ်လာတာ သိပ်စိတ်ကုန်ဖို့ကောင်းတာပဲ ၊ သူက အပျိုတုန်းကလို လှလှပပ မနေတတ်တော့ စိတ်ကုန်လာရင် ယောက်ျားတွေရဲ့ အပြစ်မဟုတ်ဘူးနော်” လို့ဆိုတတ်ကြပါတယ်။

တကယ်တော့ အမျိုးသမီးအများစုက အိမ်ထောင်ကျပြီးတဲ့အခါမှာ ဝလာပြီး ပုံပျက်ပန်းပျက် ဖြစ်လာတယ်ဆိုတာ အများအားဖြင့် မှန်ပါတယ်။ သေချာတာကတော့ ဒီလိုဖြစ်လာရတာက မိန်းမတွေ ပျင်းရိလို့ ပစ်စလတ်ခတ်နေလာလို့ မဟုတ်ပါဘူး။ သူတို့တွေရဲ့စိတ်ထဲမှာ တစ်ဘဝလုံးစာ ပိုင်ဆိုင်မယ့် ချစ်သူနဲ့ တွေ့ပြီးဖြစ်တဲ့အတွက် သူတို့ကိုယ်သူတို့ လှအောင်နေစရာမလိုတော့ဘူး။ သူတို့အတွက် နောက်ထပ် ဆွဲဆောင်ရမယ့်သူ မလိုအပ်တော့ဘူးလို့ ယုံကြည်လက်ခံလိုက်လို့ ဖြစ်ပါတယ်။ ဒါဆို ဝလာပြီး ပုံပျက်လာတာက တစ်ယောက်တည်းကိုပဲ ပုံအပ်ထားတယ်ဆိုတဲ့ သစ္စာတရားရဲ့ ပြယုဂ်တစ်ခုလို့ လက်ခံလိုက်ရင် ဇနီးအပေါ် အချစ်တွေ ပိုတိုးလာနိုင်ပါတယ်။

နောက်တစ်ချက် မိန်းမတွေ ဝလာရခြင်းအကြောင်းရင်းက အိမ်မှုကိစ္စတွေ၊ သားသမီးကိစ္စတွေနဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ကြပါဘူး။ တကယ်တမ်း မိန်းမတစ်ယောက်ရဲ့ တာဝန်က စီးပွားထွက်ရှာတဲ့ ယောက်ျားတွေရဲ့ တာဝန်အောက်တော့ မနည်းဘူးဆိုတာ အကြွင်းမဲ့ လက်ခံသင့်ပါတယ်။

ဒါကြောင့် အိမ်ထောင်ကျပြီးမှ မိန်းမဖြစ်သူ ဝလာလို့ ညည်းညူနေတဲ့ ယောက်ျားများအတွက် အကြံပေးချင်တာရှိပါတယ်။ တစ်နေ့ကို ၄၅ မိနစ်စာလောက် မိန်းမဖြစ်သူရဲ့ အိမ်အလုပ်တွေကို ကူညီပြီး မိန်းမကို လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးလိုက်ပါ။ ပြီးတော့ အပျိုတုန်းက လှပခဲ့တဲ့ မိန်းမရဲ့ ဓာတ်ပုံတွေကို ထုတ်ပြပြီး တစ်ချိန်က အရမ်းဆွဲဆောင်မှုရှိခဲ့သလို အခုလည်း ပြန်ပြီး လှနိုင်သေးတယ်ဆိုတဲ့အကြောင်း ချီးကျူးပြောပေးလိုက်ပါ။ မိန်းမတွေက အိမ်ထောင်ရေးကြောင့် အလှအပ ပျက်စီးစေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် မိန်းမကို စိတ်ပျက်ညည်းညူနေမယ့်အစား ကူညီပြီး အလှသွေးကြွယ်အောင် လုပ်ပေးနိုင်တဲ့ ခင်ပွန်းကောင်းတွေ ဖြစ်အောင် ကြိုးစားလိုက်ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top