iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ခါးနဲ့ရင်အချိုးအစား

ခါးနဲ့ရင်လှတဲ့အမျိုးသမီးတွေပေါ့။ လွယ်လွယ်ပြောရရင်တော့ ခါးသေးပြီး ရင်ချီတဲ့ အကိတ်သူမျိုးကိုဆိုလိုတာပါ။ ပုရိသတိုင်းအကြိုက်ပါပဲ။

၂။ အသံသြဇာ

ယောက်ျားလေးတွေ အသံသြဇာပြည့်ဝပြီး တည်ကြည်ရင် မိန်းကလေးတွေသဘောကျသလို မိန်းကလေးတွေမှာ တည်ကြည်ပြတ်သားပြီး သြဇာပြည့်ဝတဲ့အသံမျိုးရှိနေရင်လည်း ယောက်ျားလေးတွေစွဲမက်ကြပြန်ပါတယ်။

၃။ ဆံကေသာ

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာမျိုးရှိဖို့က မိန်းကလေးတိုင်းရဲ့အိပ်မက်ပါ။ ယောက်ျားလေးတွေကလည်း လှပပြီး ကျန်းမာသန်စွမ်းတဲ့ဆံကေသာမျိုးပိုင်ဆိုင်ထားတဲ့ မိန်းကလေးမျိုးဆိုရင် အလိုလိုမျက်စိကျလေ့ရှိပါတယ်။

၎။ အပြုံး

ဒါကတော့ လူတိုင်းသဘောကျတဲ့အချက်ပါ။ နှစ်လိုဖွယ်ကောင်းပြီး ဖော်ရွယ်ရွှင်ပျတဲ့အပြုံးမျိုးရှိနေရင် ရုပ်အရမ်းမချောရင်တောင် သဘောကျတဲ့သူတွေ တစ်ပုံတစ်ပင် ရှိတတ်ပါတယ်။

 ၅။ သဘာဝဆန်တဲ့မိတ်ကပ်

လှချင်တိုင်း မိတ်ကပ်အများကြီးလိမ်းတာ မကောင်းပါဘူး။ မိတ်ကပ်အများကြီးလိမ်းပြီးမှ ကြည့်ကောင်းနေတဲ့မိန်းကလေးမျိုးထက် မိတ်ကပ်သိပ်မလိမ်းဘဲ ပေါ့ပေါ့ပါးပါးလှနေတဲ့ မိန်းကလေးမျိုးကို ယောက်ျားလေးတွေက ပိုသဘောကျလေ့ရှိတာပါ။

၆။ အနီရောင်

အနီရောင်ဆိုတာ စွဲလမ်းတပ်မက်မှုစိတ်ကို နှိုးဆွပေးတဲ့အရောင်ပါ။ အထူးသဖြင့် အနီရဲရဲဆင်မြန်းထားတဲ့မိန်းကလေးဆိုရင် ယောက်ျားလေးတွေအမြင်မှာ ရဲရင့်လှပပြီး ထင်းခနဲဖြစ်နေတာ အမှန်ပါပဲ။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top