iMyanmarHouse.com - Best Property Website for Myanmar
×
လုပ်ပုံလုပ်နည်း
အလုပ်လုပ်ပုံ
Credit :Trend Myanmar
#Unicode
ထောပတ်သီးစားချင်စိတ်ဖြစ်လာလို့ စတိုးဆိုင်သွားတဲ့အခါ လုံးလုံးမမှည့်သေးတဲ့ ထောပတ်သီးတွေ တစ်ပုံတစ်ခေါင်း တွေ့ပါလိမ့်မယ်။ အဲဒီအသီးတွေ မှည့်လာဖို့ အောင့်အီးပြီး စောင့်နေစရာ မလိုပါဘူး။  ထောပတ်သီးတွေကို မိနစ်ပိုင်းအတွင်း မလိုင်ကဲ့သို့ မွတ်ညက်ပြီး ပျော့အိစေမယ့် သေချာတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။
ဒီ့အတွက် လိုအပ်သည့်ပစ္စည်းတွေကတော့  ထောပတ်သီး ၊ မုန့်ဖုတ်ဗန်း နဲ့ ခဲပတ် တို့ပဲ ဖြစ်ပါတယ်။
လုပ်ပုံလုပ်နည်း
၁။ ပထမဆုံး ခဲပတ်လေးနဲ့ အသီးတစ်ခုလုံးကို ထုပ်ပိုးပေးပါ။
၂။ မုန့်ဖုတ်ဗန်းပေါ် ထားလိုက်ပါ။
၃။ မိုက်ခရိုဝေ့မီးဖိုကို ၂၀၀ ဒီဂရီဖာရင်ဟိုက်မှာ ထား ဒါမှမဟုတ် ထောပတ်သီး ပျော့ပျော့လေး မဖြစ်မချင်းထားပါ။ ဘယ်လောက်မာလဲဆိုတာပေါ်မူတည်ပြီး ပျော့အိလာဖို့ အနည်းဆုံး ၁ နာရီကြာနိုင်ပါတယ်။
၄။ မိုင်ခရိုဝေ့မီးဖိုထဲကနေ ပြန်ထုတ်ပါ။
၅။ ပျော့အိပြီး ရင့်မှည့်နေတဲ့ ထောပတ်သီးကို ရေခဲသေတ္တာထဲ မအေးမချင်းထားပါ။
အလုပ်လုပ်ပုံ
ထောပတ်သီးက ဖြေးဖြေးချင်းထွက်ပြီး အသီးကို ရင့်မှည့်စေတဲ့ ethylene gas ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ထောပတ်သီးကို ခဲပတ်လွှာထဲထည့် မီးကင်ထားတာကြောင့် gas တွေက ဝန်းရံထားပါတယ်။ ဒါ့ကြောင့် ရင့်မှည့်ခြင်းဖြစ်စဉ်ကို အရှိန်အဟုန်ဖြင့် တွန်းပို့ပေးပါတယ်။
Credit :Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top