iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကို ေယာက္်ားတစ္ေယာက္က မခ်စ္တာနဲ႔ပဲ ကိုယ္က ခ်စ္စရာမေကာင္းတဲ့သူလို႔ မေတြးပါနဲ႔။ သင့္ကို တကယ္ခ်စ္မယ့္သူ၊ သင့္ရဲ႕လက္တြဲေဖာ္အစစ္ကို တစ္ေန႔မွာ သင္ေတြ႕မွာပါ။ အဲဒီလို အျဖစ္မ်ဳိး ၾကံဳရၿပီဆုိရင္ ဒီလိုေလး စဥ္းစားၾကည့္လုိက္ပါ။

၁။ ခံစားခ်က္ဆုိတာ လုပ္ယူလို႔မရဘူး

ဒီလိုကိစၥမ်ဳိးက ဖိအားေပးလို႔ ရတာမ်ဳိး မဟုတ္ပါဘူး။ သူစိတ္ေျပာင္းလာေစဖုိ႔ သင္ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ သူေျပာင္းလဲခ်င္မွ ေျပာင္းလဲပါလိမ့္မယ္။ ဒါေပမဲ့ အဲဒါကိစၥမရွိပါဘူး။ သင့္ရဲ႕ဘဝအေဖာ္မြန္အစစ္က တစ္ေနရာရာမွာ ရွိပါလိမ့္မယ္။ သူ႔အတြက္နဲ႔ သင့္ရဲ႕လက္တြဲေဖာ္အစစ္ကို လက္မလႊတ္ရပါေစနဲ႔။

၂။ ႏွလံုးသားဆုိတာ ထိန္းခ်ဳပ္လို႔ရတဲ့အရာ မဟုတ္ဘူး

သင့္ႏွလံုးသား သင္ေျပာတဲ့အတုိင္း မလုပ္ခ်င္ဘူး။ ဆံုးျဖတ္ခ်က္ခ်ဖုိ႔၊ လက္လႊတ္လုိက္ဖုိ႔ အရမ္းခက္ခဲေနတယ္။ ဘာမွ သိပ္မေတြးပါနဲ႔ေတာ့။ သင့္ကိုယ္သင္ အနားေပးလိုက္ပါ။ သူ သင့္ကုိမခ်စ္တာကို ခ်စ္ေအာင္ လုပ္လို႔မရသလို သင္ သူ႔ကိုခ်စ္ေနတာကိုလည္း မခ်စ္မိေအာင္ ထိန္းလို႔မရပါဘူး။ အဲဒီခံစားခ်က္က ေတာ္ေတာ္ဆုိးေပမဲ့ အမွန္တရားကို သင္လက္ခံလုိက္ၿပီး ကိုယ့္ဘဝကိုယ္ ဆက္ေလွ်ာက္ပါ။

၃။ သင္က ဒီထက္ပိုေကာင္းတဲ့အရာနဲ႔ ထုိက္တန္သူျဖစ္တယ္

သူက မေကာင္းတဲ့သူလို႔ မေျပာပါဘူး။ ဒါေပမဲ့ သူက သင့္အတြက္ ေကာင္းတဲ့သူမဟုတ္တာေတာ့ ေသခ်ာေနၿပီေလ။ သူသာ သင့္ရဲ႕ဘဝေဖာ္အစစ္ဆုိရင္ သင္ခံစားသလိုပဲ သူခံစားရမွာေပါ့။

၄။ သင့္ကိုသင္ အခ်စ္ဆံုး ျဖစ္သင့္တယ္

သင္က ဘယ္ေလာက္ ဆြဲေဆာင္မႈရွိသူလဲဆုိတာ သင့္ကိုယ္သင္ အသိဆံုးပါ။ လူတစ္ေယာက္က ကိုယ့္ကိုမခ်စ္တာနဲ႔ အဲဒီအခ်က္က ေျပာင္းလဲသြာားမွာမဟုတ္ဘူး။ သူ႔အတြက္နဲ႔ သင္ သိမ္ငယ္စိတ္ေတြ ဝင္ေနၿပီ။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ အျပည့္ထားၿပီး ကိုယ့္ဘဝကိုယ္ အားမာန္အျပည့္နဲ႔ ေလွ်ာက္လွမ္းလိုက္ပါ။

၅။ လူေတြက သနားရသူ မျဖစ္ပါေစနဲ႔

သူက သင့္ကို မၾကင္နာေပမဲ့ သင္က လက္မလႊတ္ႏုိင္ဘူးဆုိရင္ လူေတြက သင့္ကို ႀကိတ္ၿပီး သနားၾကလိမ့္မယ္။ အဲဒီလိုမ်ဳိး အျဖစ္မခံပါနဲ႔။ သင့္ပံုစံက ဝမ္းနည္းေၾကကြဲၿပီး ေဆာက္တည္ရာမရတဲ့ပံုစံ ျဖစ္ေနလိမ့္မယ္။ သင္က အဲဒီလိုသူမ်ဳိး မဟုတ္တာ သင့္ကိုယ္သင္သိပါတယ္။ သင္ဟာ စိတ္ဓာတ္ခိုင္မာတဲ့သူ၊ အမွီအခုိကင္းတဲ့သူ၊ လွပတဲ့သူ ျဖစ္တယ္။ ကိုယ့္ကို မတြယ္တာသူကို လွည့္မၾကည့္ဘဲ ေပ်ာ္ရႊင္ႏိုင္သူအျဖစ္ အားလံုးကို ျပလုိက္ပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ကိုယ့်ကို ယောက်ျားတစ်ယောက်က မချစ်တာနဲ့ပဲ ကိုယ်က ချစ်စရာမကောင်းတဲ့သူလို့ မတွေးပါနဲ့။ သင့်ကို တကယ်ချစ်မယ့်သူ၊ သင့်ရဲ့လက်တွဲဖော်အစစ်ကို တစ်နေ့မှာ သင်တွေ့မှာပါ။ အဲဒီလို အဖြစ်မျိုး ကြုံရပြီဆိုရင် ဒီလိုလေး စဉ်းစားကြည့်လိုက်ပါ။

၁။ ခံစားချက်ဆိုတာ လုပ်ယူလို့မရဘူး

ဒီလိုကိစ္စမျိုးက ဖိအားပေးလို့ ရတာမျိုး မဟုတ်ပါဘူး။ သူစိတ်ပြောင်းလာစေဖို့ သင်ဘယ်လောက်ပဲ ကြိုးစားပါစေ သူပြောင်းလဲချင်မှ ပြောင်းလဲပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါကိစ္စမရှိပါဘူး။ သင့်ရဲ့ဘဝအဖော်မွန်အစစ်က တစ်နေရာရာမှာ ရှိပါလိမ့်မယ်။ သူ့အတွက်နဲ့ သင့်ရဲ့လက်တွဲဖော်အစစ်ကို လက်မလွှတ်ရပါစေနဲ့။

၂။ နှလုံးသားဆိုတာ ထိန်းချုပ်လို့ရတဲ့အရာ မဟုတ်ဘူး

သင့်နှလုံးသား သင်ပြောတဲ့အတိုင်း မလုပ်ချင်ဘူး။ ဆုံးဖြတ်ချက်ချဖို့၊ လက်လွှတ်လိုက်ဖို့ အရမ်းခက်ခဲနေတယ်။ ဘာမှ သိပ်မတွေးပါနဲ့တော့။ သင့်ကိုယ်သင် အနားပေးလိုက်ပါ။ သူ သင့်ကိုမချစ်တာကို ချစ်အောင် လုပ်လို့မရသလို သင် သူ့ကိုချစ်နေတာကိုလည်း မချစ်မိအောင် ထိန်းလို့မရပါဘူး။ အဲဒီခံစားချက်က တော်တော်ဆိုးပေမဲ့ အမှန်တရားကို သင်လက်ခံလိုက်ပြီး ကိုယ့်ဘဝကိုယ် ဆက်လျှောက်ပါ။

၃။ သင်က ဒီထက်ပိုကောင်းတဲ့အရာနဲ့ ထိုက်တန်သူဖြစ်တယ်

သူက မကောင်းတဲ့သူလို့ မပြောပါဘူး။ ဒါပေမဲ့ သူက သင့်အတွက် ကောင်းတဲ့သူမဟုတ်တာတော့ သေချာနေပြီလေ။ သူသာ သင့်ရဲ့ဘဝဖော်အစစ်ဆိုရင် သင်ခံစားသလိုပဲ သူခံစားရမှာပေါ့။

၄။ သင့်ကိုသင် အချစ်ဆုံး ဖြစ်သင့်တယ်

သင်က ဘယ်လောက် ဆွဲဆောင်မှုရှိသူလဲဆိုတာ သင့်ကိုယ်သင် အသိဆုံးပါ။ လူတစ်ယောက်က ကိုယ့်ကိုမချစ်တာနဲ့ အဲဒီအချက်က ပြောင်းလဲသွာားမှာမဟုတ်ဘူး။ သူ့အတွက်နဲ့ သင် သိမ်ငယ်စိတ်တွေ ဝင်နေပြီ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ထားပြီး ကိုယ့်ဘဝကိုယ် အားမာန်အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ။

၅။ လူတွေက သနားရသူ မဖြစ်ပါစေနဲ့

သူက သင့်ကို မကြင်နာပေမဲ့ သင်က လက်မလွှတ်နိုင်ဘူးဆိုရင် လူတွေက သင့်ကို ကြိတ်ပြီး သနားကြလိမ့်မယ်။ အဲဒီလိုမျိုး အဖြစ်မခံပါနဲ့။ သင့်ပုံစံက ဝမ်းနည်းကြေကွဲပြီး ဆောက်တည်ရာမရတဲ့ပုံစံ ဖြစ်နေလိမ့်မယ်။ သင်က အဲဒီလိုသူမျိုး မဟုတ်တာ သင့်ကိုယ်သင်သိပါတယ်။ သင်ဟာ စိတ်ဓာတ်ခိုင်မာတဲ့သူ၊ အမှီအခိုကင်းတဲ့သူ၊ လှပတဲ့သူ ဖြစ်တယ်။ ကိုယ့်ကို မတွယ်တာသူကို လှည့်မကြည့်ဘဲ ပျော်ရွှင်နိုင်သူအဖြစ် အားလုံးကို ပြလိုက်ပါ။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top