iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတု အပြောင်းအလဲကိုလိုက်ပြီး လူတွေရဲ့ ကျန်းမာရေးအခြေ အနေတွေကလည်း အပြောင်းလဲခံစားရပါတယ်။ ပူလာတဲ့အချိန်၊ အေးလာတဲ့အချိန်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အပြောင်းအလဲကြောင့် ဖျားမယ်၊ နာမယ်၊ နေထိုင်မကောင်းဖြစ်မယ် စတာတွေက အမြဲလို လို ကြုံရပါတယ်။ ကလေးငယ်လေးတွေ၊ လူကြီးတွေ မှာပိုပြီးတော့ ခန္ဓာကိုယ်ကြံ့  ခိုင်မှုအားနည်းတာကြောင့် အလွယ်တကူပဲ ရောဂါ ပိုးဝင်၊ နာမကျန်း ဖြစ်တတ်ပါတယ်။

အခုလိုမျိုး မိုးတွင်းအခါ စိုစွတ် ပြီးအေးစိမ့်တဲ့ ရာ သီဥတုအခါ မျိုး မှာဆိုရင် ပိုပြီးတော့ နာမကျန်း ဖြစ်တတ်ကြပါတယ်။ နှာစေးတာ၊ ချောင်းဆိုးတာ၊ အအေးမိတာ၊ တုပ်ကွေးစတာတွေက ယခုလိုမိုး အတွင်းအခါမျိုးမှာ ပိုပြီးတော့ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုဆိုတော့ ဘယ်လိုကျန်းမာရေးနဲ့ညီညွတ်ပြီး ကျန်းမာအောင်နေထိုင် ကြမလဲ ဆိုတဲ့ အချက်ကအရမ်းကိုအရေးကြီးသွားပါပြီ.

မိုးတွင်းအခါမှာ ခန္ဓာကိုယ်အပူချိန်ကို အမြဲလိုလိုအနွေးဓာတ်ရ အောင်ထားပါ။ တတ်နိုင်သလောက် အဝတ်ထူထူတွေဝတ်ဆင်ပါ။

အစာကြေမလွယ်တဲ့ အသင့်စားအစားအသောက်တွေ ရှောင်ပါ။ အအေးပတ်ခြင်းကြောင့် အစာအိမ်ကသိပ်အလုပ်မလုပ်နိုင်တဲ့အခါ ဒီ အစားအသောက်တွေက အစာမကြေပဲ ဗိုက်ကယ်ခြင်း၊ အော့အန် ခြင်းတွေ ဖြစ်တတ်လို့ပါ။

နွေးတဲ့အစားအသောက်၊ အရည်သောက်စရာတွေ စားသုံးပေးပါ။
ခြောက်သွေ့ပြီး နွေးထွေးတဲ့နေရာတွေမှာ နေထိုင်ပါ။ မတော်တဆ ခန္ဓာကိုယ်ရေစွတ်စိုသွားတဲ့အခါတွေမှာလည်း အမြန်ဆုံးခြောက်သွေ့ နွေးထွေးအောင် ပြုလုပ်ပါ။
ခန္ဓာကိုယ် ထဲက အပူတွေထွက်အောင်လို့လည်း နှိပ်နယ်ခြင်း၊ ကိုယ်လက်လှုပ် ရှားမှု ပြုလုပ်ခြင်းတွေကိုလည်း လုပ်ဆောင်ပေးပါ။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top