iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို စွဲလန်းစွာ ချစ်မြတ်နိုးခဲ့တယ်..။ သူမဟာ တစ်ခြားသူတွေအတွက်တော့ အချောဆုံး အလှဆုံးမဖြစ်
ခဲ့ပေမယ့် သူ့အတွက်တော့ နတ်သမီးလေး တစ်ပါးလိုပါပဲ..။

သူဟာ သူမနဲ့လက်ထပ်ပြီးရင် ကောင်းမွန်စွာနေထိုင်နိုင်ဖို့ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုး
စားစား လုပ်ဆောင်ပြီး တစ်နေ့ကျရင် သူမနဲ့ လက်ထပ်မယ်လို့ စိတ်ကူးထားတယ်..။
သူ့သူငယ်ချင်းတွေက”မင်းသူ့ကို တအားမမျှော်လင့်ထားနဲ့..၊ သူမက မင်းကို ချစ်လား မချစ်လားတောင် မင်းသိတာ မဟုတ်ဘူး..၊ ပထမဆုံး မင်း သူမကို ချစ်ခွင့်ပန်သင့်တယ်…” လို့ အကြံပေးကြတယ်..။ သူလည်း ဒီအတိုင်းပဲ ဖြစ်သင့်တယ်လို့ ထင်တယ်..။

ကောင်မလေးက သူမကို သဘောကျနေမှန်း အစကတည်းက သိပါတယ်..။ ကောင်လေး ချစ်ခွင့်ပန်တဲ့နေ့မှာ တော့ သူမ ကောင်လေးကို ငြင်းဆန်ခဲ့တယ်..။ ကောင်လေးရဲ့ သူငယ်ချင်းတွေကတော့ ကောင်လေးတစ် ယောက် သူ့အိမ်မက်တွေ ပျက်စီးသွားတဲ့အတွက်
အရက်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး သူ့ဘ၀ ပျက်ဆီးသွား လိမ့်မယ်လို့ ထင်မှတ်ထားကြတယ်..။
ဒါပေမယ့် တစ်ကယ်တမ်းတော့ အဲ့ဒီလို မဖြစ်ခဲ့ပါဘူး…။သူငယ်ချင်းတွေက ကောင်လေးကို ဒီလိုငြင်းပယ်ခံရတဲ့ ၀မ်းမနည်းဘူးလားလို့ မေးတဲ့အခါ ကောင်လေးက.. “ငါ ဘာလို့ ၀မ်းနည်းနေရမှာလဲ..၊ ငါက ငါ့ကို လုံးဝ မချစ်တဲ့လူတစ်ယောက်ကို စွန့်လွှတ်ရတာ.. သူကတော့
သူ့ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတာလေ…”

သင်ခန်းစာ ။ အချစ်စစ်က ရဖို့ ခက်ခဲပါတယ်..။ အချစ်စစ်ဆိုတာ တစ်စုံတစ်ယောက်ကို ဘာမှ အမြတ်အစွန်း ပြန်ရလိုစိတ် မရှိပဲနဲ့ ပေးဆပ်ခြင်းဖြစ်ပြီး တစ်ကယ်လို့ အဲ့ဒါကို တစ်ခြား တစ်ဖက်က ငြင်းဆန်ခဲ့မယ်ဆိုရင်တော့အဲ့ဒါဟာသူ့ဘ၀မှာအကြီးမှားဆုံးဆုံးရှုံးမှုတစ်ခုသာဖြစ်
ပါလိမ့်မယ်..။ အဲ့ဒီတော့ အငြင်းခံရလို့စိတ် မပျက်ပါနဲ့…။

Credit : အောင်ထွန်းဦး

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top