iMyanmarHouse.com - Best Property Website for Myanmar
×

 *တခါတုန်းက....*
‪#‎မိန်းခလေး‬ တယောက်သည် ခေါတ်မီလှပနေသော မိန်းခလေး
များကို အားကျနေပြီး သူလည်းအရမ်းလှချင်လာသည်....!!!
အလှကုန်ပစ္စည်းများကို မြို့တက်ဝယ်ပြီး အ၀တ်အစားများကို
လည်း မိမိနှင့် သင့်တော်၏ မသင့်တော်၏ ကိုမသိဘဲ
ဝတ်ဆင်ပြင်ဆင်ခြယ်သလေသည်...!!!

အဖေဖြစ်သူက သမီးကို သတိထားမိပြီး *သမီး*ခုရက်ထဲ
ငါ့ သမီးလေး ဘယ်လိုဖြစ်တာလဲ...? အရမ်းပြင်ဆင်နေပါ
လား...?
ဟုတ်တယ် ဖေ ဖေ...သမီးသူငယ်ချင်းတွေက သမီးကိုမလှ
ဘူးလို့ ကဲ့ရဲ့နေကြတယ် သမီးအပြောမခံနိုင်ဘူးဖေဖေ....!!

ရွာတောင်ပိုင်းက မိသဲ သတင်းသမီးကြားပြီးပြီလား...?
ဟုတ် ဖေဖေ...သူ...မြို့ကအလုပ်သွားလုပ်ပြီး ပြန်လာတော့
ကိုယ်ဝန်ဖျက်ချလို့ သေဆုံးသွားပါတယ်....
ရွာမြောက်ပိုင်းက ဖက်တီးမ သတင်းကြားပြီးပြီလား သမီး...?
သမီးမသိဘူးဖေဖေ....
ဖက်တီးမလေးက အရမ်းလှချင်တော့ အဆီကျဆေးတွေသောက်တာများသွားပြီး ခုဆေးရုံတင်ထားရတယ် သမီး.....!!!

မိန်းခလေးတယောက်က လှခြင်း မလှခြင်းက သဘာဝကပေး
ထားတဲ့ မွေးရာပါကံတရားပါသမီး....
လောကမှာ လှတဲ့လူတွေရှိသလို မလှတဲ့လူတွေလည်းရှိပါတယ်
ရုပ်အရမ်းလှတဲ့ တို့ရွာက မချော ....သူ့အိမ်ထောင်ရေး ဘယ်လို
နေလဲ...?မြို့သား သူဌေး သားကိုယူပြီး ခလေးတယောက်
လည်းရရော သူ့အလှတွေကလျော့နည်းသွားတော့ သူ့ယောင်္ကျားက နောက်အိမ်ထောင်ပြုသွားတယ်လေ....!!!

အရေပြားအလှထက် စိတ်အလှကိုတည်ဆောက်ပါသမီး...
အရေပြားအလှဆိုတာ ခဏတာပါ....
မိမိတန်ဖိုးကို စိတ်အလှနဲ့တည်ဆောက်ပါ...
ရုပ်အလှနဲ့ တည်ဆောက်ခဲ့ရင် ရုပ်အလှပျက်စီးသွားရင်
တန်ဖိုးလည်းကျသွားမှာပါ....စိတ်အလှကိုတည်ဆောက်ပြီး
အေးချမ်းတည်ငြိမ်တဲ့ အမျိုးသမီးတွေသည် တသက်လုံး
တန်ဖိုး မလျော့ပါဘူး သမီး.....
မိန်းခလေးတယောက်သည် သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း
နေထိုင်ပြီး မိမိခင်ပွန်း ချစ်သူကို သစ္စာရှိရှိ ပေါင်းသင်းဆက်ဆံ
ပြီး နွေးနွေးထွေးထွေးပြုမူနေထိုင်ခဲ့မယ် မိန်းမပီသအောင်နေထိုင်ခဲ့ မယ်ဆိုရင် လင်ယောင်္ကျား
ကလည်း တန်ဖိုးထားလေးစားချစ်ခင်လာမှာဖြစ်ပါတယ်...

မိမိကိုယ်တိုင်က ခေါတ်လွန်ပြီး မျက်နှာများမယ် ရုပ်အလှကိုဘဲ
ပြင်ဆင်ခြယ်သနေပြီး အိမ်ထောင်မှူကိစ္စတွေမှာအားနည်းလာ
မယ်....
လင်ယောင်္ကျားအပေါ် ဂရုစိုက်တန်ဖိုးထားမှူနည်းလာပြီး ပတ်ဝန်းကျင်က မေးငေါ့လာကြမှာဖြစ်တယ်.....
ရုပ်အလှကိုဘဲတန်ဖိုးထားတဲ့ မိန်းခလေးတွေသည် အရေပြား
အလှကိုဘဲ တန်ဖိုးထားတဲ့ ယောကျာင်္းနဲ့တွေ့တယ်....
စိတ်အလှကိုဘဲ တန်ဖိုးထားပြီးသပ်ရပ်သန့်ရှင်းတဲ့ မိန်းခလေး
တွေက စိတ်ဓာတ်ကောင်းတဲ့ ယောင်္ကျားနဲ့ တွေ့ဆုံရတယ်
သမီး....!!!

‪#‎အဖေ‬ ဆုံးမတာတွေက သမီးဘ၀အတွက် အဖိုးတန်လွန်းလှပါ
တယ်....ဖေဖေ..ဒီနေ့ကစပြီး...
စိတ်အလှကို တည်ဆောက်ပြီး သန့်ရှင်းသပ်ရပ်စွာနဲ့တည်တည်
ငြိမ်ငြိမ် ဖြင့်မိန်းမပီသအောင် ကြိုးစားနေထိုင်ပါတော့မယ် ဖေဖေ...!!!

ပုံပြင်လေးကတော့ ပြီးပါပြီခင်ဗျာ....
သယ်ရင်းတို့ရော ဘယ်လိုလှချင်လဲ....???



Credit : မူရင်းရေးသားသူ


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top