iMyanmarHouse.com - Best Property Website for Myanmar
×

အခုထိေတာ့ Indiana Jones က Han Solo ရဲ႕လမ္းေၾကာင္းအတိုင္းသြားမွာ မဟုတ္ေသးပါဘူး။ Harrison Ford ရဲ႕အတိုက္အခိုက္ကၽြမ္းက်င္တဲ့ ေရွးေဟာင္းသုေတသနပညာရွင္ ဇာတ္ေကာင္ဟာ Indiana Jones 5 ဇာတ္ကားမွာ အဆံုးထိအသက္ရွင္မွာျဖစ္ေၾကာင္း
ဒါရိုက္တာ Steven Speilberg က THE Hollywood Reporter နဲ႔့အင္တာဗ်ဴးအသစ္မွာေျပာၾကားသြားပါတယ္။

လုပ္ေနတာၾကာၿပီျဖစ္တဲ့ ေနာက္ဆက္တြဲဇာတ္လမ္းအေၾကာင္းေမးရာမွာ “ေျပာျပႏိုင္တာတစ္ခုကေတာ့ ဇာတ္လမ္းအဆံုးမွာ Harrison ကိုမသတ္ပါဘူး” လို႔ Speilberg ကေျပာပါတယ္။ Speilberg ေျပာျပတာက အရမ္းအံ့ဩစရာေတာ့မဟုတ္ေပမယ့္ မၾကာေသးခင္ကပဲ
ရုပ္ရွင္ၾကည့္ပရိသတ္ေတြက Ford ရဲ႕ ထင္ရွာတဲအျခားဇာတ္ေကာင္တစ္ေယာက္ အဆံုးသတ္သြားတာကိုေတြ႔ခဲ့ရပါတယ္။

(Han Solo အငယ္စားကို သရုပ္ေဆာင္သစ္တစ္ေယာက္က သရုပ္ေဆာင္မွာပါ။) Speilberg ေျပာျပတာကိုယံုရမယ္ဆိုရင္ေတာ့ Indy 5
မွာအဲ့ဒီလိုေတြပါမွာမဟုတ္ပါဘူး။ “ဒီတစ္ကားကေတာ့ ပရိသတ္ေတြအတြက္လို႔ထင္ပါတယ္” လို႔ေျပာပါတယ္။ Ford ကေတာ့ ဖက္ဒိုရာဦးထုပ္ႏွင့္ သားေရဂ်ာကင္ျပန္ဝတ္ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။

“Steven နဲ႔ေနာက္ထပ္အတူ အလုပ္လုပ္ခြင့္ႏွင့္ ကၽြန္ေတာ္တင္မကပဲ လူေတြအမ်ားႀကီးပါကို စိတ္ေက်နပ္မွုေပးတဲ့ဇာတ္ေကာင္ကို
ျပန္သရုပ္ေဆာင္ရမယ္ဆိုေတာ့ စိတ္လွုပ္ရွားမိပါတယ္။ ဒီဇာတ္ေကာင္ကို သရုပ္ေဆာင္ရတာေပ်ာ္ဖို႔ေကာင္းပါတယ္။ Steven နဲ႔ အတူအလုပ္လုပ္ရတာလည္း ေပ်ာ္ဖို႔ေကာင္းပါတယ္။ ကၽြန္ေတာ္ေမွ်ာ္လင့္ေနမိပါတယ္” လို႔ ဇာတ္ကားအေၾကာင္းေၾကညာၿပီးမၾကာခင္မွာပဲ Ford က Jimmy Kimmel ကိုေျပာခဲ့ပါတယ္။

၅ ကားေျမာက္ Indiana Jones ဇာတ္ကားကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္မွာ ရံုတင္ျပသမွာျဖစ္ပါတယ္။

Credit: ThitHtooLwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အခုထိတော့ Indiana Jones က Han Solo ရဲ့လမ်းကြောင်းအတိုင်းသွားမှာ မဟုတ်သေးပါဘူး။ Harrison Ford ရဲ့အတိုက်အခိုက်ကျွမ်းကျင်တဲ့ ရှေးဟောင်းသုတေသနပညာရှင် ဇာတ်ကောင်ဟာ Indiana Jones 5 ဇာတ်ကားမှာ အဆုံးထိအသက်ရှင်မှာဖြစ်ကြောင်း
ဒါရိုက်တာ Steven Speilberg က THE Hollywood Reporter နဲ့အင်တာဗျူးအသစ်မှာပြောကြားသွားပါတယ်။

လုပ်နေတာကြာပြီဖြစ်တဲ့ နောက်ဆက်တွဲဇာတ်လမ်းအကြောင်းမေးရာမှာ “ပြောပြနိုင်တာတစ်ခုကတော့ ဇာတ်လမ်းအဆုံးမှာ Harrison ကိုမသတ်ပါဘူး” လို့ Speilberg ကပြောပါတယ်။ Speilberg ပြောပြတာက အရမ်းအံ့ဩစရာတော့မဟုတ်ပေမယ့် မကြာသေးခင်ကပဲ
ရုပ်ရှင်ကြည့်ပရိသတ်တွေက Ford ရဲ့ ထင်ရှာတဲအခြားဇာတ်ကောင်တစ်ယောက် အဆုံးသတ်သွားတာကိုတွေ့ခဲ့ရပါတယ်။

(Han Solo အငယ်စားကို သရုပ်ဆောင်သစ်တစ်ယောက်က သရုပ်ဆောင်မှာပါ။) Speilberg ပြောပြတာကိုယုံရမယ်ဆိုရင်တော့ Indy 5
မှာအဲ့ဒီလိုတွေပါမှာမဟုတ်ပါဘူး။ “ဒီတစ်ကားကတော့ ပရိသတ်တွေအတွက်လို့ထင်ပါတယ်” လို့ပြောပါတယ်။ Ford ကတော့ ဖက်ဒိုရာဦးထုပ်နှင့် သားရေဂျာကင်ပြန်ဝတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။

“Steven နဲ့နောက်ထပ်အတူ အလုပ်လုပ်ခွင့်နှင့် ကျွန်တော်တင်မကပဲ လူတွေအများကြီးပါကို စိတ်ကျေနပ်မှုပေးတဲ့ဇာတ်ကောင်ကို
ပြန်သရုပ်ဆောင်ရမယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ရတာပျော်ဖို့ကောင်းပါတယ်။ Steven နဲ့ အတူအလုပ်လုပ်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော်မျှော်လင့်နေမိပါတယ်” လို့ ဇာတ်ကားအကြောင်းကြေညာပြီးမကြာခင်မှာပဲ Ford က Jimmy Kimmel ကိုပြောခဲ့ပါတယ်။

၅ ကားမြောက် Indiana Jones ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Credit: ThitHtooLwin


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top