iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
#Unicode
တကယ်လို့များ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစာအိမ်ဝေဒနာခံစားနေရ တယ်ဆိုရင် မဖြစ်မနေ ရှောင်ကျဉ်သင့်တဲ့ အစားအသောက် (၉)မျိုးရှိပါတယ်။
(၁)     အစပ်တွေဟာ အက်ဆစ်ဓါတ်ထုတ်လွှတ်မှု ပမာဏလျော့နည်းလာနေတဲ့ အစာအိမ်တွေအတွက် မသင့်တော်ပါဘူး။ ဒါတွေကအစာအိမ်ကို တရားလွန်နှိုးဆွ ပေးတဲ့အတွက် ဒီလိုအနံ့စူးတဲ့အစပ်တွေကို ရှောင်ကျဉ် သင့်ပါတယ်။ အစာအိမ်ကို ပြည်တည်စေတာမျိုးတော့ မဖြစ်နိုင်ပေမယ့် ပြည်တည်ထားပြီးသားဆိုရင်တော့ ဒါကိုပိုဆိုးစေပါတယ်။
(၂)     အစာခြေဖျက်နိုင်စွမ်းနည်းတဲ့ သူတွေဟာ နွားနို့နဲ့မတည့်ပါဘူး။ နွားနို့ တစ်ဖန်ခွက်သောက်ပြီးချိန်မှာ အစာအိမ်မှာ နာကျင်တာတွေ ၊ လေးလံနေတာတွေ ခံစားရတယ်ဆိုရင် မင်းဟာ စောစာကပြောတဲ့မျိုးအစားထဲက သူတစ်ယောက်ပါ။
(၃)     အက်ဆီဒင့်အက်ဆစ် ပါဝင်မှုပမာဏများတဲ့ အသီးတွေဖြစ်တဲ့ စပျစ်သီး၊ လိမော်သီး၊ နာနတ်သီးနဲ့ သံပုရာသီးတွေဟာ ဗိုက်နာစေပါတယ်။
(၄)     ပဋိဇီဝဆေးတော်တော်များများဟာ အစာအိမ်ကို ကပြောင်းကပြန်ဖြစ်စေခြင်း၊ ပျို့အန်စေခြင်းနဲ့ အစာအိမ်နာကျင်ခြင်းတွေဖြစ်ပွားစေပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ ၊ ပိုးသတ်ဆေးတွေနဲ့ ဗီတာမင်အားဖြည့်ဆေးတွေ ဖြစ်ပါတယ်။
(၅)     မချက်ရသေးတဲ့ အစာစိမ်းတွေကို ဝေဒနာ ဖြစ်နေချိန်နဲ့ ပျောက်ကင်းစ ရက်အနည်းငယ်အထိ ရှောင်ကျဉ်ပါ။ အထူးသဖြင့် ဖရဲသီး၊ သဘောၤသီး နဲ့ နာနတ်သီးတွေကို အစာများတာဟာ ဝမ်းချုပ်စေပါတယ်။
(၆)     အဆီများတဲ့အစားစာတွေ ဖြစ်တဲ့ အာလူးကြော်လို ဟာမျိုးကိုရှောင်ကျဉ်ပါ။ တိရစာန်တွေကရတဲ့အဆီတွေဟာ ထိခိုက်လွယ်တဲ့ အစာအိမ်တွေနဲ့ မသင့်တော် ပါဘူး။
(၇)     သကြားလုံးတွေနဲ့ အချိုများတဲ့အစာတွေကလဲ အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒီအစာတွေက အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး သွေးတွင်းသကြားဓါတ် ပါဝင်မှုကို တက်လိုက်ကျလိုက်ဖြစ်စေပါတယ်။
(၈)     ကဖင်းဓါတ်က အစာအိမ်ကြွက်သားတွေ ပြန်လည်ဖြေလျော့ခြင်းကို တားဆီး ပါတယ်။ ဒါကြောင့် ကိုလာ ၊ ကော်ဖီ ၊ လက်ဖက်ရည် စတာတွေကိုလဲ ရှောင်ကျဉ် ရပါမယ်။
(၉)     ဂက်စ်ပမာဏအနည်းငယ်က လေးလံနေတဲ့အစာအိမ်ကို အနည်းငယ် အထောက် အကူဖြစ်စေပေမယ့် အမြုပ်တစီစီနဲ့ ဂက်စ်ပါဝင်မှုများတဲ့ အချိုရည်တွေက အစာအိမ်ကို ရောင်ရမ်းစေပါတယ်။ အစာအိမ်နာကျင်မှု တစ်ခုခုခံစားနေရချိန်မှာ အားဖြည့်အချိုရည်တွေကိုလဲ မသောက်သင့်ပါဘူး။
ဒီအစားအစာတွေကို ရှောင်ကျဉ်ရုံသာမဘဲ နေ့စဉ်စားသောက်နေတဲ့ အစားအစာ တွေကိုလဲ သေချာစီစစ်ပြီးမှ စားသုံးသင့်ပါတယ်။ တစ်ချိန်က အစာအိမ်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဒနာခံစားခဲ့ရဖူးတယ်ဆိုရင် နောက်တစ်ကြိမ် ပြန်မဖြစ်အောင် အက်ဆီဒင့်အက်ဆစ် ပါဝင်မှု များတဲ့ အစားအစာတွေဆိုရင် သတိထားပြီးစားသုံးသင့်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top