iMyanmarHouse.com - Best Property Website for Myanmar
×

မိတ်ကပ်လောကမှာ နဲ့ အနုပညာလောက မှာ မကြီးစန်းလို့ဆိုလိုက်တာနဲ့မသိတဲ့သူ မရှိလောက်အောင် အောင်မြင်ကျော်ကြားမှုအပြည့်နဲ့ နောက်တက် မိတ်ကပ် Artist တွေ လေးစားအားကျသူကတော့ ခင်စန်းဝင်းပဲဖြစ်ပါတယ်။ မိတ်ကပ်လောကမှာ နာမည်ရမင်းသမီးတော်တော်များများကို လှပစွာ လိမ်းခြယ်ပေးခဲ့သလို သူမရဲ့ တပည့်တော်တော်များများကလဲ နာမည်ကြီးမင်းသမီးများရဲ့ အနားမှာ မရှိမဖြစ်အရေးပါတဲ့ မိတ်ကပ် Artist အနေနဲ့ရပ်တည်နေပြန်ပါတယ်။ လက်ရှိမှာ သူမဟာ သူမဘ၀ အမှတ်တရအနေနဲ့ မကြီးစန်းနှင့်သူဧ။် ချစ်သူများဆိုတဲ့ ဗီဒီယိုကားလေးကို ကျေးဇူးရှင်ဆရာဦးမြတ်ခိုင်ရဲ့ ကမ်းလှမ်းမှုကြောင့် လက်ခံရိုက်ကူးဖြစ်နေပြီး နောက်ထပ် တစ်ကားအနေနဲ့ရိုက်ကူးဦးမဲ့ ဗီဒီယိုကားအကြောင်းအပြင် လက်ရှိမှာရိုက်ကူးဖြစ်နေတဲ့ သူမရဲ့ အတွေ့အကြုံ အချို့ကို မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

မကြီးစန်းနှင့်သူဧ။် ချစ်သူများတဲ့။ ဒါရိုက်တာက ဆရာဦးမြတ်ခိုင်၊ မင်းသားက ထက်အောင်ရှိုင်းပေါ့။ ပြီးတော့ မကြီးစန်းရယ် နောက်ဧည့်သည်သရုပ်ဆောင်တွေအများကြီးပါပါတယ်။

-မကြီးစန်း အနေနဲ့ ဒီဇာတ်ကားမှာပါဝင်ဖြစ်ပုံလေးကို အရင်ပြောပြပေးပါဦး

ပါဝင်ဖြစ်တာက ဆရာဦးမြတ်ခိုင်စီစဉ်တဲ့ အတွက်ပေါ့။ ပါဝင်ဖြစ်သွားတယ်။ ဆရာဦးမြတ်ခိုင်က မကြီးစန်းငယ်ငယ်လေးကတည်းက အောင်မြင်ဖို့၊ တိုးတက်ဖို့ကို ကူညီပံ့ပိုးပေးခဲ့သူဖြစ်တဲ့အတွက်ကိုယ့်ရဲ့ ကျေးဇူးရှင်ဆရာသမားတစ်ယောက်ပေါ့။ အဲ့ဒီအတွက်ကို မကြီးစန်းကူညီပေးပြီးတော့ရိုက်တာပါ။

-ဇာတ်လမ်းရဲ့ပုံစံကိုရော ဘယ်လိုလက်ခံဖြစ်ခဲ့လဲ။

ဇာတ်လမ်းရဲ့ပုံစံကတော့ သာမန်ပေါ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်တို့၊ သံယောဇဉ်တို့ကို အခြေခံထားတဲ့ ဇာတ်လမ်းပုံစံလေးပါပဲ။

-ဇာတ်ကသရုပ်ဆောင်ခိုင်းတဲ့ ကာရိုက်တာပုံစံကိုရော မကြီးစန်းအနေနဲ့ ဘယ်လိုအံဝင်ခွင်ကျဖြစ်အောင်သရုပ်ဆောင်ဖြစ်လဲ။

ဒီထဲမှာ မကြီးစန်းက မင်းသားနဲ့တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီးသံယောဇဉ်နဲ့တွဲလာကြတယ်။ တွဲပြီးတော့မှ အချိန်ကာလတစ်ခုရောက်တဲ့အခါ သူအောင်မြင်သွားတယ်။ အဲ့ဒီမှာသူကမကြီးစန်းကိုထားခဲ့တယ်ပေါ့။ အဲ့ဒီလိုကာရိုက်တာပုံစံမျိုးပါ။

-ဒီကားကို ရိုက်ဖြစ်သွားတာကရော ဘယ်သူတွေရဲ့တိုက်တွန်းလှုံ့ဆော်မှုကြောင့်လဲ။

မကြီးစန်းကိုယ်တိုင်က ဒီဟာကို လူသိရှင်ကြားရိုက်ချင်တဲ့ ဆန္ဒမျိုးမရှိဘူး။ အခုရိုက်ဖြစ်သွားတာက ဆရာဦးမြတ်ခိုင်က မကြီးစန်းတို့ဟိုတလောက ဆည်းဆာရိပ်ဘိုးဘွားရိပ်သာက ရန်ပုံငွေပွဲမှာ မကြီးစန်းနဲ့ချစ်သူများဆိုတဲ့ပြဇာတ်ကို ကတဲ့အချိန်မှာ ဆရာဦးမြတ်ခိုင်က အိုင်ဒီယာရသွားပြီး အဲ့ဒါလေးကို ရိုက်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတဲ့အတွက်ရိုက်ဖြစ်သွားတယ်။ စီစဉ်သူတွေကရှိတယ်။ ထုတ်ရိုက်မဲ့သူလဲရှိတာမျိုး တိုက်ဆိုင်လာတဲ့အခါမှာ ရိုက်ဖြစ်သွားတယ်ပေါ့။ ဒါပါပဲ။

-ပထမဆုံးရိုက်ကူးတဲ့ ဗီဒီယိုကားလေးဖြစ်တဲ့အတွက် မကြီးစန်းအနေနဲ့ ဘယ်လိုစိတ်လှုပ်ရှားမှုမျိုးရောဖြစ်မိလဲ။

စိတ်လှုပ်ရှားမှုကတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မကြီးစန်းတို့ကဒီလောကထဲမှာ ကျင်လည်လာတာ နှစ် ၂၀ လောက်ရှိနေပြီဖြစ်တဲ့အတွက် ရုပ်ရှင်သဘောတရားတွေကိုနားလည်ပြီးသားဆိုတဲ့အခါကျတော့ ရှုတင်ဆိုတာ မကြီးစန်းတို့အတွက်က မဆန်းတော့ဘူး။ ဒါပေမဲ့ ကိုယ်ကိုတိုင်တော့ သရုပ်ဆောင်တာကို မလုပ်ခဲ့ဖူးတဲ့အတွက် အခုကိုယ်ကိုတိုင် သရုပ်ဆောင်ရတဲ့အခါကျတော့ အဲ့ဒီတစ်ခုကတော့ နည်းနည်းလေးအခက်အခဲဖြစ်မယ်ထင်တယ်။ အခက်အခဲဖြစ်မယ်ဆိုတာကလဲ ဘယ်လိုခေါ်မလဲ။ ရုပ်ရှင်သဘောတရားကို နားလည်တယ်ဆိုသော်ငြားလည်း ကိုယ်ကိုတိုင်သရုပ်ဆောင်ရတဲ့အခါကျတော့ နည်းနည်းလေးတစ်မျိုးဖြစ်မယ်လို့တော့ထင်ပါတယ်။

-ပရိသတ်တွေက ဒီကားလေးကိုကန့်တော့ပွဲပေးတဲ့ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပြန့်နေကတည်းက အရမ်းစိတ်ဝင်စားပြီး အရမ်းလဲကြည့်ချင်နေကြတယ်။ ဒီအပေါ်မှာ မကြီးစန်းရဲ့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

မကြီးစန်းတို့အနုပညာသမားတွေက ပရိသတ်မရှိရင် ရပ်တည်လို့မရပါဘူး။ အဓိက ပရိသတ်ရှိပေမဲ့လဲ အဲ့ဒီပရိသတ်က ကိုယ့်ကိုချစ်ခင်မှ မေတ္တာထားမှ အဲ့ဒီလိုလူတွေများများရှိမှ ပေါ့နော်။ အဲ့ဒီအတွက်မကြီးစန်းကိုလဲ ချစ်ခင်စွာအားပေးဖို့မျှော်လင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကားလေးကမကြီးစန်းဘ၀ရဲ့ မှတ်တိုင်တစ်ခုအမှတ်တရတစ်ခုအနေနဲ့ရိုက်တာဖြစ်တဲ့အတွက် ပရိသတ်သာ အားမပေးရင် မကြီးစန်းတို့ရဲ့ဖန်တီးမှုတွေကြိုးစားမှုတွေ မအောင်မြင်ဘူးပေါ့။ အဲ့ဒီအတွက်ကို အားပေးစေချင်တယ်။ မေတ္တာထားစေချင်ပါတယ်။

-ရှေ့ဆက်ပြီး မကြီးစန်းကို အနုပညာအလုပ်တွေထပ်မံ ကမ်းလှမ်းလာမယ်ဆိုရင်ရော လက်ခံရိုက်ကူးဖြစ်ဦးမလား။

မကြီးစန်း နောက်ထပ် ဗီဒီယိုတစ်ကားထပ်ရိုက်ဖို့ရှိဦးမယ်။ အဲ့ဒါကတော့ စိန်ဌေး ဗီဒီယိုထုတ်လုပ်ရေးကနေ ရိုက်မဲ့ကားပေါ့။ အဲ့ဒီကားက ဒါရိုက်တာ ( အရုဏ်ဦး ) ကိုဇော်နဲ့ရိုက်မယ်။ ဇာတ်ကတော့ ဆရာမ ပုညခင်ရဲ့ ၀တ္ထုပေါ့။ အဲ့ဒီတစ်ကားထပ်ရိုက်မယ်။ ဒါပေမဲ့အဲ့ဒီနှစ်ကားပြီးရင်တော့ ထပ်မရိုက်တော့ပါဘူး။

-ဆရာမ ပုညခင်ရဲ့ ဘယ်ဝတ္ထုကို ရိုက်မယ်ဆိုတာလေးလဲသိချင်ပါတယ်။

ဝတ္ထုတော့ မကြီးစန်းမဖတ်ရသေးဘူး။ ဒါပေမဲ့အရမ်း ပေါက်တယ်လို့တော့ပြောပါတယ်။

Credit : Trend Myanmar 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top