iMyanmarHouse.com - Best Property Website for Myanmar
×

သ႐ုပ္ေဆာင္ေဒြးေသ ဆံုးသည့္အခ်ိန္က မူးယစ္ေဆးဝါးေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္ ဟု သတင္းမ်ား ထြက္ေပၚခဲ့သည့္ကိစၥအေပၚ ဒါ႐ိုက္တာေမာင္မ်ိဳး မင္း (ရင္တြင္းျဖစ္)က အဆုိပါအေၾကာင္းအရာသည္ မဟုတ္မွန္ ေၾကာင္း ေဒြးကြယ္လြန္သည့္ ကိုး ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔၌ ေျပာၾကားသည္။

‘‘ကိုသားႀကီး ကြယ္လြန္တာ နဲ႔ပတ္သက္လို႔ ဘဝင္မက်တာ ေလးတစ္ခု ေျပာခ်င္တယ္။ အခု ဆိုရင္ ကိုသားႀကီးဆံုးသြားတာ ကိုးႏွစ္ရွိၿပီ။ ကိုသားႀကီးလုိ႔ ေျပာ လိုက္တာနဲ႔ ကိုသားႀကီးဟာ မူး ယစ္ေဆးဝါးေၾကာင့္ ေသသြား တယ္လုိ႔ ေျပာၾကတာကို ကြၽန္္ ေတာ့္စိတ္ထဲမွာ ေတာ္ေတာ္နာ က်င္ရတယ္။ ေတာ္ေတာ္လည္း ခံစားရတယ္။ ဘာျဖစ္လုိ႔လဲဆုိ ေတာ့ အဲဒီရဲ႕ Death Certificate ကို သြားယူတဲ့လူက ကြၽန္ေတာ္ ပါ’’ဟု ၎က ေျပာသည္။

သ႐ုပ္ေဆာင္   ေဒြး (ခ) ကိုသားႀကီးသည္   ၿပီးခဲ့သည့္ ၂၀၀၇ ဇူလုိင္ ၁၁ ရက္က ၎၏ ေနအိမ္တြင္ ေသဆံုးခဲ့ၿပီး ႐ုတ္တရက္ေသဆံုးျခင္းျဖစ္ေသာ ေၾကာင့္ မူးယစ္ေဆးဝါးသံုးစြဲရင္း ေသဆံုးျခင္းျဖစ္ႏုိင္သည္ဆုိသည့္ ေကာလာဟလမ်ား ထိုစဥ္က ထြက္ေပၚခဲ့သည္။

‘‘ကုိသားႀကီးမွာ ေရာဂါတစ္ ခုရွိတယ္။ အဲဒါက ဘာလဲဆုိ ေတာ့ အိပ္ေနရင္း အသက္႐ွဴမရ ဘဲ ႏွလံုးရပ္ရပ္သြားတဲ့ေရာဂါ။ သူက အဲဒီေန႔မတိုင္ခင္ကလည္း ဘာမူးယစ္ေဆးဝါးမွ မသံုးစြဲထား ဘူး။ ကြၽန္ေတာ္နဲ႔လည္း စိတ္ ေကာက္ေနတဲ့အခ်ိန္။ အဲဒီမွာ သူ နဲ႔အတူရိွေနတဲ့ ကေလးေတြကို ေမးၾကည့္ေတာ့ အိပ္ခါနီးမွာ အိပ္ ေဆးေသာက္အိပ္တယ္။ အဲဒီလို အိပ္တဲ့အတြက္ေၾကာင့္ သူႏွလံုး ရပ္ၿပီး အဲဒီလိုျဖစ္သြားတဲ့အခ်ိန္ အိပ္ေဆးအရွိန္နဲ႔ ေအာက္ဆီဂ်င္ အျပည့္အဝမရေတာ့ ကြယ္လြန္ သြားတာပါ။ အဲဒီ Death Certifi-cate ကို ကြၽန္ေတာ္ကိုယ္တုိင္သြား ယူခဲ့တာ။ ကိုသားႀကီးကို ႏွလံုး ေရာဂါေၾကာင့္ ကြယ္လြန္တယ္လို႔ မသိဘဲ လူေတြအားလံုးက မူးယစ္ ေဆးဝါးေၾကာင့္ ကြယ္လြန္သြား တယ္ဆုိတဲ့ဟာမ်ိဳး    အဲဒီအသံ ၾကားတုိင္း တာဝန္ရွိသလိုခံစားရ တယ္’’ဟု ဒါ႐ိုက္တာေမာင္မ်ိဳး မင္းက ေျပာၾကားသည္။

ေသဆံုးသည့္အခ်ိန္က တည္းက အထက္ပါကဲ့သို႔ ရွင္း လင္းပါက ေဒြးကိုကာကြယ္ေပး သည့့္သေဘာျဖင့္ ေျဖရွင္းသည္ ဟု ထင္မည္စိုးေသာေၾကာင့္ မေျဖရွင္းခဲ့ဘဲ လက္ရွိအခ်ိန္တြင္မူ ကြယ္လြန္သည္မွာ ၾကာျမင့္ခဲ့ၿပီ ျဖစ္ျခင္းေၾကာင့္ ပရိသတ္မ်ား အမွန္အတိုင္းသိေစရန္   ေျပာၾကား ျခင္းျဖစ္သည္ဟု   ၎က  ဆုိသည္။

‘‘ကြၽန္ေတာ္တုိ႔ သက္ရွိထင္ ရွားရွိေနတဲ့လူေတြက မရွင္းျပႏုိင္ ရင္ တာဝန္မေက်ဘူးလို႔ ခံစားရ တယ္။ အဲဒါေၾကာင့္ ကိုသားႀကီး ႏွလံုးေရာဂါနဲ႔ ကြယ္လြန္တယ္ဆုိ တဲ့ Death Certificate ကို ကြၽန္ ေတာ္ကိုယ္တိုင္သြားယူခဲ့တာ။ အဲဒီ Death Certificate လည္းရွိ ေနတယ္။ အဲဒါေတြကိုလည္း ၾကည့္လို႔ရပါတယ္။ အဲဒါအတြက္ ကိုသားႀကီး မူးယစ္ေဆးဝါး ေၾကာင့္ ေသဆံုးတယ္ဆုိတဲ့ေကာ လာဟလကို ကြၽန္ေတာ္ကိုယ္တုိင္ မမွန္ကန္ဘူးလို႔ တာဝန္ယူၿပီး ေျဖ ရွင္းပါတယ္’’ဟု ေဒြးေသဆံုးသည့္ ကိစၥအေပၚ ဒါ႐ိုက္တာေမာင္မ်ိဳး မင္းက ေျပာသည္။

သ႐ုပ္ေဆာင္ေဒြး ကြယ္လြန္ သည္မွာ ကိုးႏွစ္ျပည့္ၿပီျဖစ္ေသာ္ လည္း ပရိသတ္မ်ားရင္ထဲတြင္ လက္ရွိအခ်ိန္အထိ   ေနရာယူ ေနဆဲပင္ျဖစ္သည္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

သရုပ်ဆောင်ဒွေးသေ ဆုံးသည့်အချိန်က မူးယစ်ဆေးဝါးကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည့်ကိစ္စအပေါ် ဒါရိုက်တာမောင်မျိုး မင်း (ရင်တွင်းဖြစ်)က အဆိုပါအကြောင်းအရာသည် မဟုတ်မှန် ကြောင်း ဒွေးကွယ်လွန်သည့် ကိုး နှစ်မြောက်နှစ်ပတ်လည်နေ့၌ ပြောကြားသည်။

‘‘ကိုသားကြီး ကွယ်လွန်တာ နဲ့ပတ်သက်လို့ ဘဝင်မကျတာ လေးတစ်ခု ပြောချင်တယ်။ အခု ဆိုရင် ကိုသားကြီးဆုံးသွားတာ ကိုးနှစ်ရှိပြီ။ ကိုသားကြီးလို့ ပြော လိုက်တာနဲ့ ကိုသားကြီးဟာ မူး ယစ်ဆေးဝါးကြောင့် သေသွား တယ်လို့ ပြောကြတာကို ကျွန် တော့်စိတ်ထဲမှာ တော်တော်နာ ကျင်ရတယ်။ တော်တော်လည်း ခံစားရတယ်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီရဲ့ Death Certificate ကို သွားယူတဲ့လူက ကျွန်တော် ပါ’’ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်   ဒွေး (ခ) ကိုသားကြီးသည်   ပြီးခဲ့သည့် ၂၀၀၇ ဇူလိုင် ၁၁ ရက်က ၎င်း၏ နေအိမ်တွင် သေဆုံးခဲ့ပြီး ရုတ်တရက်သေဆုံးခြင်းဖြစ်သော ကြောင့် မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးခြင်းဖြစ်နိုင်သည်ဆိုသည့် ကောလာဟလများ ထိုစဉ်က ထွက်ပေါ်ခဲ့သည်။

‘‘ကိုသားကြီးမှာ ရောဂါတစ် ခုရှိတယ်။ အဲဒါက ဘာလဲဆို တော့ အိပ်နေရင်း အသက်ရှူမရ ဘဲ နှလုံးရပ်ရပ်သွားတဲ့ရောဂါ။ သူက အဲဒီနေ့မတိုင်ခင်ကလည်း ဘာမူးယစ်ဆေးဝါးမှ မသုံးစွဲထား ဘူး။ ကျွန်တော်နဲ့လည်း စိတ် ကောက်နေတဲ့အချိန်။ အဲဒီမှာ သူ နဲ့အတူရှိနေတဲ့ ကလေးတွေကို မေးကြည့်တော့ အိပ်ခါနီးမှာ အိပ် ဆေးသောက်အိပ်တယ်။ အဲဒီလို အိပ်တဲ့အတွက်ကြောင့် သူနှလုံး ရပ်ပြီး အဲဒီလိုဖြစ်သွားတဲ့အချိန် အိပ်ဆေးအရှိန်နဲ့ အောက်ဆီဂျင် အပြည့်အဝမရတော့ ကွယ်လွန် သွားတာပါ။ အဲဒီ Death Certifi-cate ကို ကျွန်တော်ကိုယ်တိုင်သွား ယူခဲ့တာ။ ကိုသားကြီးကို နှလုံး ရောဂါကြောင့် ကွယ်လွန်တယ်လို့ မသိဘဲ လူတွေအားလုံးက မူးယစ် ဆေးဝါးကြောင့် ကွယ်လွန်သွား တယ်ဆိုတဲ့ဟာမျိုး    အဲဒီအသံ ကြားတိုင်း တာဝန်ရှိသလိုခံစားရ တယ်’’ဟု ဒါရိုက်တာမောင်မျိုး မင်းက ပြောကြားသည်။

သေဆုံးသည့်အချိန်က တည်းက အထက်ပါကဲ့သို့ ရှင်း လင်းပါက ဒွေးကိုကာကွယ်ပေး သည့့်သဘောဖြင့် ဖြေရှင်းသည် ဟု ထင်မည်စိုးသောကြောင့် မဖြေရှင်းခဲ့ဘဲ လက်ရှိအချိန်တွင်မူ ကွယ်လွန်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ခြင်းကြောင့် ပရိသတ်များ အမှန်အတိုင်းသိစေရန်   ပြောကြား ခြင်းဖြစ်သည်ဟု   ၎င်းက  ဆိုသည်။

‘‘ကျွန်တော်တို့ သက်ရှိထင် ရှားရှိနေတဲ့လူတွေက မရှင်းပြနိုင် ရင် တာဝန်မကျေဘူးလို့ ခံစားရ တယ်။ အဲဒါကြောင့် ကိုသားကြီး နှလုံးရောဂါနဲ့ ကွယ်လွန်တယ်ဆို တဲ့ Death Certificate ကို ကျွန် တော်ကိုယ်တိုင်သွားယူခဲ့တာ။ အဲဒီ Death Certificate လည်းရှိ နေတယ်။ အဲဒါတွေကိုလည်း ကြည့်လို့ရပါတယ်။ အဲဒါအတွက် ကိုသားကြီး မူးယစ်ဆေးဝါး ကြောင့် သေဆုံးတယ်ဆိုတဲ့ကော လာဟလကို ကျွန်တော်ကိုယ်တိုင် မမှန်ကန်ဘူးလို့ တာဝန်ယူပြီး ဖြေ ရှင်းပါတယ်’’ဟု ဒွေးသေဆုံးသည့် ကိစ္စအပေါ် ဒါရိုက်တာမောင်မျိုး မင်းက ပြောသည်။

သရုပ်ဆောင်ဒွေး ကွယ်လွန် သည်မှာ ကိုးနှစ်ပြည့်ပြီဖြစ်သော် လည်း ပရိသတ်များရင်ထဲတွင် လက်ရှိအချိန်အထိ   နေရာယူ နေဆဲပင်ဖြစ်သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top