iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစား မရွိျခင္းရဲ႕ အက်ိဳးေက်းဇူးေတြပဲ ျမင္ေနရေတာ့ ခ်စ္သူရည္းစားရွိျခင္းအားျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူးမ်ားကို ေဖာ္ျပလိုက္ရပါတယ္။

(၁) အထီးက်န္မွုမရွိေတာ့ျခင္း

အျမဲတမ္း မဟုတ္ရင္ေတာင္ တစ္ပတ္တစ္ရက္ ေတြ႔သည့္တိုင္ ကိုယ့္နဲ႔အတူ ရွိမယ့္ မိသားစုဝင္မဟုတ္တဲ့ အျခားလူတစ္ေယာက္ ရွိေနတယ္ဆုိတဲ့ စိတ္ကေလးရွိေနပါတယ္။ ဖုန္းေျပာျခင္းအားျဖင့္လည္း နီးစပ္တာေၾကာင့္ အထီးမက်န္ေတာ့ ပါဘူး။

(၂) တိုင္ပင္ေဖာ္ရျခင္း

ရည္းစားရတာဟာ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ ရတာလည္း ျဖစ္ပါတယ္။ အကယ္၍ ႏွစ္ေယာက္စလံုးဟာ တစ္ေယာက္ေပၚ တစ္ေယာက္ အားေပး အၾကံေပးတတ္သူမ်ား ျဖစ္တယ္ဆုိရင္ေတာ့ အေကာင္းဆံုးေပါ့။ ဒါဆုိရင္ ဘာပဲလုပ္လုပ္ ဆံုးျဖတ္တဲ့အခါ ေခါင္းတစ္လံုးတည္း သံုးတာထက္ ေခါင္းႏွစ္လံုး ျဖစ္ပါတယ္။ မိသားစုဝင္အျမင္ရတဲ့အျပင္ ကိုယ့္ခ်စ္သူ အျမင္ပါရတာေၾကာင့္ ပိုျပီးေတာ့ ျပည့္စံုပါလိမ့္မယ္။ လူငယ္ခ်င္းခ်င္းလည္း ျဖစ္တာေၾကာင့္ အခ်ိဳ႕ကိစၥ မိဘနဲ႔ တိုင္ပင္လို႔ နားမလည္ရင္ ခ်စ္သူက နားလည္ႏိုင္ပါလိမ့္မယ္။

(၃) အတၱစိတ္ နည္းေစျခင္း

ခ်စ္သူ ရည္းစား ရွိလာျပီဆုိရင္ အမ်ိဳးသားမ်ားအေနနဲ႔ သူတို႔ေကာင္မေလးေတြကို ဘာလုပ္ေပးရမယ္ ဘယ္လို ခ်ိဳခိ်ဳသာသာ ေျပာရမယ္ဆုိတာ ေလ့လာၾကပါတယ္။ တကယ္လည္း ၾကိဳးစားယူၾကပါတယ္။ ဒါေၾကာင့္မို႔ မိမိအတြက္ခ်ည္းပဲ ၾကည့္တတ္လုပ္တတ္ရာကေန ခ်စ္သူကို ဦးစားေပးတတ္၊ အျခား သူစိမ္းေတြကို အေကာင္းျဖင့္ ျမင္တတ္လာပါတယ္။ မိန္းကေလးေတြကလည္း သူတို႔ ခ်စ္သူ ေကာင္ေလးေတြ ကို ေပ်ာ္ေအာင္ထားခ်င္ရာကေန အတၱစိတ္နည္းလာပါလိမ့္မယ္။

(၄) အားငယ္ခ်ိန္ အားေပးေဖာ္ရွိျခင္း

မိသားစုဝင္ရဲ႕ အားေပးမွုထက္ သူစိမ္းတရံေတြရဲ႕ အားေပးမွုက သင့္ကို ပုိျပီးေတာ့ စိတ္ဓာတ္ျမင့္တင္ေစႏုိင္တာ အမွန္ပါ။ ဘာေၾကာင့္လဲဆုိ မိသားစု အခ်င္းခ်င္းျဖစ္ေနေတာ့ ငါမွားလဲ သူတုိ႔က ငါေတာ္တယ္ေျပာေနမွာပဲ ဆုိတဲ့ စိတ္ေလး ရွိလို႔ပါ။ သူစိမ္းလို႔လည္း ဆုိလို႔ရတဲ့ ကိုယ္နဲ႔ေသြးသားမေတာ္စပ္တဲ့ သူတစ္ေယာက္က ကိုယ့္ကို အားေပးရင္ ပုိလို႔ စိတ္ဓာတ္ျမင့္တင္လြယ္ ပါတယ္။ မိသားစုနဲ႔အဆင္မေျပလည္း အားေပးေဖာ္ သူစိမ္း လူရင္းႏွီး တစ္ေယာက္ ရွိသြားျခင္း တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

(၅) အျပန္အလွန္ ရိုင္းပင္းေဖာ္ရျခင္း

အျပန္အလွန္ တုိင္ပင္တာ အျပင္ အျပန္အလွန္ ရိုင္းပင္း ကူညီေဖာ္ရတာမ်ိဳးလည္း ရွိပါတယ္။ အခ်ို႕စံုတြဲေတြဆုိရင္ တစ္ေယာက္ေငြအဆင္မေျပရင္ တစ္ေယာက္က ထုတ္ေခ်းေပးတာမ်ိဳး၊ ပညာေရး ကိစၥ အလုပ္ကိစၥ ကူညီေပးတာမ်ိဳးတို႔ ျပဳလုပ္ၾကျပီး အျပန္အလွန္ ရိုင္းပင္းကူညီေဖာ္ရၾက ပါတယ္။ ယင္းလုပ္ေဆာင္ခ်က္ အခ်ိဳ႕ကို မိတ္ေဆြ သူငယ္ခ်င္း အရင္း အခ်ိဳ႕ကလည္း ျပဳလုပ္ေပးၾကေပမယ့္ ခ်စ္သူက ရိုင္းပင္းကူညီေဖာ္ရတာဟာ ပုိျပီးေတာ့ ေကာင္းတယ္လို႔ ခ်စ္သူ ရွိသူမ်ားက ေျပာပါတယ္။

(၆) တည္ျငိမ္ရင့္က်က္လာျခင္း

တည္ျငိမ္ရင့္က်က္လာျခင္း ကေတာ့ အထက္ပါ အခ်က္အလက္မ်ားေၾကာင့္ တျဖည္းျဖည္း ရင့္က်က္လာျခင္း ျဖစ္ပါတယ္။

(၇) အလုပ္ပိုၾကိဳးစားေစျခင္း

ခ်စ္သူရည္းစားေတြျဖစ္ျပီးရင္ ေနာက္တစ္ဆင့္က အိမ္ေထာင္ျပဳၾကဖို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ အိမ္ေထာင္မွုဘဝ တည္ေထာင္ဖုိ႔ဆုိတာ ရည္မွန္းခ်က္တစ္ခု ျဖစ္လာျပီး ရင္းအတြက္ ပိုလို႔ အလုပ္ၾကိဳးစားလာၾက ပါလိမ့္မယ္။

(၈) ဘဝတြင္ ေနထိုင္ရန္ အဓိပၺါယ္တစ္ခုတိုးျခင္း

လူငယ္၊ လူရြယ္၊ လူလတ္ အစရွိသျဖင့္ျဖင့္ ဘဝအဆင့္ဆင့္ျဖတ္သန္းတဲ့အခါ ပညာရွာရန္၊ စီးပြားရွာအရြယ္၊ မိသားစုဘဝတည္ေထာင္အရြယ္ အစရွိသျဖင့္ အၾကမ္းဖ်ဥ္းသတ္မွတ္ထားၾကရာ အိမ္ေထာင္ျပဳရန္ တစ္ခု ရွိျပီလို႔ ေခါင္းထဲဝင္သြားရင္ ဘဝမွာ ေနထိုင္ရန္ အဓိပၺါယ္တစ္ခုတိုးလာျခင္းပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ျပဳရန္ ရည္မွန္းခ်က္ေၾကာင့္လည္း အသက္ရွင္ေနထုိင္ လုပ္ကိုင္ရတာ ပိုလို႔ ေလးနက္ အဓိပၺါယ္ ရွိလာပါလိမ့္မယ္။

ဘယ္အရာမဆုိ အေကာင္းနဲ႔အဆုိး ဒြန္တြဲစျမဲ ျဖစ္ပါတယ္။ ခ်စ္သူရည္းစားရွိလို႔ ေကာင္းတာရွိသလို မရွိလု႔ိ ေကာင္းတာလည္း ရွိပါတယ္။ ရွိလုိ႔ မေကာင္းတာေတြလည္း ရွိပါလိမ့္မယ္။
အဓိကကေတာ့ မိမိမွာ ရွိသည္ ျဖစ္ေစ မရွိသည္ ျဖစ္ေစ ဘဝမွာ ဘယ္အရာကိုမဆုိ အေကာင္းျမင္စိတ္ျဖင့္ ၾကည့္ႏိုင္ရွုႏိုင္၊ ရင္ဆိုင္ႏုိင္ရင္ အားလံုးရဲ႕ အားသာခ်က္ ေကာင္းကြက္မ်ားကုိသာ ျမင္ေတြ႔ခံစားရမွာ ျဖစ္ပါတယ္။

Credit:You_and_Me

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ချစ်သူရည်းစား မရှိခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ မြင်နေရတော့ ချစ်သူရည်းစားရှိခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများကို ဖော်ပြလိုက်ရပါတယ်။

(၁) အထီးကျန်မှုမရှိတော့ခြင်း

အမြဲတမ်း မဟုတ်ရင်တောင် တစ်ပတ်တစ်ရက် တွေ့သည့်တိုင် ကိုယ့်နဲ့အတူ ရှိမယ့် မိသားစုဝင်မဟုတ်တဲ့ အခြားလူတစ်ယောက် ရှိနေတယ်ဆိုတဲ့ စိတ်ကလေးရှိနေပါတယ်။ ဖုန်းပြောခြင်းအားဖြင့်လည်း နီးစပ်တာကြောင့် အထီးမကျန်တော့ ပါဘူး။

(၂) တိုင်ပင်ဖော်ရခြင်း

ရည်းစားရတာဟာ တိုင်ပင်ဖော်တိုင်ပင်ဖက် ရတာလည်း ဖြစ်ပါတယ်။ အကယ်၍ နှစ်ယောက်စလုံးဟာ တစ်ယောက်ပေါ် တစ်ယောက် အားပေး အကြံပေးတတ်သူများ ဖြစ်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါဆိုရင် ဘာပဲလုပ်လုပ် ဆုံးဖြတ်တဲ့အခါ ခေါင်းတစ်လုံးတည်း သုံးတာထက် ခေါင်းနှစ်လုံး ဖြစ်ပါတယ်။ မိသားစုဝင်အမြင်ရတဲ့အပြင် ကိုယ့်ချစ်သူ အမြင်ပါရတာကြောင့် ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်။ လူငယ်ချင်းချင်းလည်း ဖြစ်တာကြောင့် အချို့ကိစ္စ မိဘနဲ့ တိုင်ပင်လို့ နားမလည်ရင် ချစ်သူက နားလည်နိုင်ပါလိမ့်မယ်။

(၃) အတ္တစိတ် နည်းစေခြင်း

ချစ်သူ ရည်းစား ရှိလာပြီဆိုရင် အမျိုးသားများအနေနဲ့ သူတို့ကောင်မလေးတွေကို ဘာလုပ်ပေးရမယ် ဘယ်လို ချိုချိုသာသာ ပြောရမယ်ဆိုတာ လေ့လာကြပါတယ်။ တကယ်လည်း ကြိုးစားယူကြပါတယ်။ ဒါကြောင့်မို့ မိမိအတွက်ချည်းပဲ ကြည့်တတ်လုပ်တတ်ရာကနေ ချစ်သူကို ဦးစားပေးတတ်၊ အခြား သူစိမ်းတွေကို အကောင်းဖြင့် မြင်တတ်လာပါတယ်။ မိန်းကလေးတွေကလည်း သူတို့ ချစ်သူ ကောင်လေးတွေ ကို ပျော်အောင်ထားချင်ရာကနေ အတ္တစိတ်နည်းလာပါလိမ့်မယ်။

(၄) အားငယ်ချိန် အားပေးဖော်ရှိခြင်း

မိသားစုဝင်ရဲ့ အားပေးမှုထက် သူစိမ်းတရံတွေရဲ့ အားပေးမှုက သင့်ကို ပိုပြီးတော့ စိတ်ဓာတ်မြင့်တင်စေနိုင်တာ အမှန်ပါ။ ဘာကြောင့်လဲဆို မိသားစု အချင်းချင်းဖြစ်နေတော့ ငါမှားလဲ သူတို့က ငါတော်တယ်ပြောနေမှာပဲ ဆိုတဲ့ စိတ်လေး ရှိလို့ပါ။ သူစိမ်းလို့လည်း ဆိုလို့ရတဲ့ ကိုယ်နဲ့သွေးသားမတော်စပ်တဲ့ သူတစ်ယောက်က ကိုယ့်ကို အားပေးရင် ပိုလို့ စိတ်ဓာတ်မြင့်တင်လွယ် ပါတယ်။ မိသားစုနဲ့အဆင်မပြေလည်း အားပေးဖော် သူစိမ်း လူရင်းနှီး တစ်ယောက် ရှိသွားခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။

(၅) အပြန်အလှန် ရိုင်းပင်းဖော်ရခြင်း

အပြန်အလှန် တိုင်ပင်တာ အပြင် အပြန်အလှန် ရိုင်းပင်း ကူညီဖော်ရတာမျိုးလည်း ရှိပါတယ်။ အချို့စုံတွဲတွေဆိုရင် တစ်ယောက်ငွေအဆင်မပြေရင် တစ်ယောက်က ထုတ်ချေးပေးတာမျိုး၊ ပညာရေး ကိစ္စ အလုပ်ကိစ္စ ကူညီပေးတာမျိုးတို့ ပြုလုပ်ကြပြီး အပြန်အလှန် ရိုင်းပင်းကူညီဖော်ရကြ ပါတယ်။ ယင်းလုပ်ဆောင်ချက် အချို့ကို မိတ်ဆွေ သူငယ်ချင်း အရင်း အချို့ကလည်း ပြုလုပ်ပေးကြပေမယ့် ချစ်သူက ရိုင်းပင်းကူညီဖော်ရတာဟာ ပိုပြီးတော့ ကောင်းတယ်လို့ ချစ်သူ ရှိသူများက ပြောပါတယ်။

(၆) တည်ငြိမ်ရင့်ကျက်လာခြင်း

တည်ငြိမ်ရင့်ကျက်လာခြင်း ကတော့ အထက်ပါ အချက်အလက်များကြောင့် တဖြည်းဖြည်း ရင့်ကျက်လာခြင်း ဖြစ်ပါတယ်။

(၇) အလုပ်ပိုကြိုးစားစေခြင်း

ချစ်သူရည်းစားတွေဖြစ်ပြီးရင် နောက်တစ်ဆင့်က အိမ်ထောင်ပြုကြဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်ထောင်မှုဘဝ တည်ထောင်ဖို့ဆိုတာ ရည်မှန်းချက်တစ်ခု ဖြစ်လာပြီး ရင်းအတွက် ပိုလို့ အလုပ်ကြိုးစားလာကြ ပါလိမ့်မယ်။

(၈) ဘဝတွင် နေထိုင်ရန် အဓိပ္ဗါယ်တစ်ခုတိုးခြင်း

လူငယ်၊ လူရွယ်၊ လူလတ် အစရှိသဖြင့်ဖြင့် ဘဝအဆင့်ဆင့်ဖြတ်သန်းတဲ့အခါ ပညာရှာရန်၊ စီးပွားရှာအရွယ်၊ မိသားစုဘဝတည်ထောင်အရွယ် အစရှိသဖြင့် အကြမ်းဖျဉ်းသတ်မှတ်ထားကြရာ အိမ်ထောင်ပြုရန် တစ်ခု ရှိပြီလို့ ခေါင်းထဲဝင်သွားရင် ဘဝမှာ နေထိုင်ရန် အဓိပ္ဗါယ်တစ်ခုတိုးလာခြင်းပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုရန် ရည်မှန်းချက်ကြောင့်လည်း အသက်ရှင်နေထိုင် လုပ်ကိုင်ရတာ ပိုလို့ လေးနက် အဓိပ္ဗါယ် ရှိလာပါလိမ့်မယ်။

ဘယ်အရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲစမြဲ ဖြစ်ပါတယ်။ ချစ်သူရည်းစားရှိလို့ ကောင်းတာရှိသလို မရှိလု့ိ ကောင်းတာလည်း ရှိပါတယ်။ ရှိလို့ မကောင်းတာတွေလည်း ရှိပါလိမ့်မယ်။
အဓိကကတော့ မိမိမှာ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဘဝမှာ ဘယ်အရာကိုမဆို အကောင်းမြင်စိတ်ဖြင့် ကြည့်နိုင်ရှုနိုင်၊ ရင်ဆိုင်နိုင်ရင် အားလုံးရဲ့ အားသာချက် ကောင်းကွက်များကိုသာ မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

Credit:You_and_Me

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top