iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္တုိင္ အိမ္ေထာင္ျပဳလုိက္မွသာ သိႏုိင္မယ့္အရာအခ်ဳိ႕ရွိပါတယ္။ ေအာက္ေဖာ္ျပပါ အခ်က္ေတြကေတာ့ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး မွားယြင္းတဲ့အယူအဆေတြရွိခဲ့သူေတြ သိလုိက္ရတဲ့ သင္ခန္းစာေတြ ျဖစ္ပါတယ္။ သင္လည္း သူတုိ႔ရဲ႕အေတြ႕အၾကံဳကေန အိမ္ေထာင္ေရးအေၾကာင္း ေလ့လာႏိုင္ပါတယ္။

၁။ သာယာတဲ့ အိမ္ေထာင္ေရးျဖစ္ဖို႔ အခ်စ္တစ္ခုတည္းနဲ႔ မလံုေလာက္ဘူး

ကိုယ့္အိမ္ေထာင္ဘက္ကို ခ်စ္႐ံုသာမက သေဘာက်ႏွစ္ၿခိဳက္ရမယ္၊ ေလးစားမႈရွိေနရမယ္။ အခ်စ္ဆံုးသူငယ္ခ်င္းလို ျဖစ္ေနရပါမယ္။ ဘဝတစ္သက္တာ ရဲေဘာ္ရဲဘက္ျဖစ္ဖုိ႔လိုပါတယ္။

၂။ သင္ေဒါသထြက္ရတဲ့ စိတ္ပ်က္စရာအက်င့္ေတြဟာ လက္ထပ္ၿပီးတာနဲ႔ ေပ်ာက္သြားမွာ မဟုတ္ဘူး

လက္ထပ္ၿပီးတဲ့အခ်ိန္မွာ သူ႔မွာရွိတဲ့ သင္စိတ္ပ်က္ရတဲ့အက်င့္ေတြက အဆေပါင္းမ်ားစြာ ဆုိးရြားလာမယ္။ ခ်စ္သူဘဝမွာ သင္စိတ္ပ်က္သြားမွာစိုးတဲ့ စိတ္နဲ႔ ထိန္းခ်ဳပ္မႈေတြ ရွိေနေသးတဲ့အတြက္ သင္ျမင္ရတဲ့ ဆုိးရြားမႈေတြက နည္းေတာင္ နည္းေနပါေသးတယ္။

၃။ အျမဲတမ္း အတူရွိေနဖို႔ မလိုအပ္ဘူး

အိမ္ေထာင္သည္ေတြျဖစ္တဲ့အခါ စီးပြားေရး အတူလုပ္တာတို႔၊ ဘယ္သြားသြား အနားက ကပ္ပါေနတယ္ဆုိတာ ၾကာရင္ တစ္ဦးကိုတစ္ဦး ၿငီးေငြ႕စရာျဖစ္သလို အျပစ္ေတြလည္း ပိုျမင္လာႏုိင္ပါတယ္။ လူတုိင္းမွာ ကိုယ့္ဝါသနာကိုယ္လုပ္ဖုိ႔ အခ်ိန္ရွိသင့္ပါတယ္။

၄။ သင့္အိမ္ေထာင္ဘက္က တစ္ခုခုကို စိတ္ညစ္ေနတယ္လို႔ သံသယျဖစ္ရင္ အေၾကာင္းရင္းကို သိရေအာင္ လုပ္ပါ

ဘာမွမဟုတ္ဘူးလို႔ လ်စ္လ်ဴမ႐ႈပါနဲ႔။ ဘာမဟုတ္တာေလးတစ္ခုအေပၚ သူက စိတ္ညစ္တတ္တယ္ဆုိရင္ေတာင္ သူဘာအတြက္ စိတ္ညစ္တယ္ဆုိတာ သင္သိထားဖုိ႔ နားလည္ထားဖို႔ လိုအပ္ပါတယ္။

၅။ လက္ထပ္စာခ်ဳပ္က ဘာမွ သိပ္ေျပာင္းလဲမေပးႏုိင္ဘူး

လက္ထပ္စာခ်ဳပ္ရွိေနလုိ႔ သူ႔ကို သင္ပိုင္တယ္လို႔ ယူဆေနပါလိမ့္မယ္။ လူတစ္ေယာက္ရဲ႕စိတ္ကို စာရြက္တစ္ရြက္က ေျပာင္းလဲေပးႏုိင္စြမ္း၊ ထိန္းခ်ဳပ္ႏုိင္စြမ္း မရွိပါဘူး။

၆။ စိတ္ပ်က္စရာအိမ္ေထာင္ေရးမွာ အတင္းႀကိတ္မွိတ္ေနစရာမလိုဘူး။

ငါ့ဘဝေတာ့ဆံုးၿပီဆုုိၿပီး ဘဝကို ေရစံုေမွ်ာစရာ အေၾကာင္းမရွိပါဘူး။ ခိုင္ျမဲတဲ့ အိမ္ေထာင္ေရးျဖစ္ခ်င္တာ အိမ္ေထာင္သည္တုိင္းရဲ႕ဆႏၵျဖစ္ေပမဲ့ အဲဒီအိမ္ေထာင္ေရးက သင္လိုခ်င္တဲ့ သင္ျဖစ္ခ်င္တဲ့ သင္နဲ႔ထုိက္တန္တဲ့ အိမ္ေထာင္ေရးမဟုတ္ဘူးဆုိရင္ သင့္မွာ ေရြးခ်ယ္စရာေတြ အမ်ားႀကီးရွိပါတယ္။

၇။ ႏွစ္ဖက္ဆြမ်ဳိးေတြက သင့္ရဲ႕အိမ္ေထာင္ေရးကို စမ္းသပ္လိမ့္မယ္

မိသားစု ျပႆနာေတြဆုိတာ လူတုိင္းမွာ ရွိၾကပါတယ္။ အိမ္ေထာင္သည္ေတြရဲ႕ အဓိကျပႆနာေတြကလည္း ေဆြမ်ဳိးမိဘေတြေၾကာင့္ ျဖစ္ရတာမ်ားပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈနဲ႔ မေဖးမႏိုင္ရင္၊ ေဆြမ်ဳိးမိဘအေပၚ လုိအပ္တာထက္ ဂ႐ုစိုက္ရင္ အိမ္ေထာင္ေရးမွာ အက္ေၾကာင္းထင္လာႏုိင္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ကိုယ်တိုင် အိမ်ထောင်ပြုလိုက်မှသာ သိနိုင်မယ့်အရာအချို့ရှိပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အယူအဆတွေရှိခဲ့သူတွေ သိလိုက်ရတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။ သင်လည်း သူတို့ရဲ့အတွေ့အကြုံကနေ အိမ်ထောင်ရေးအကြောင်း လေ့လာနိုင်ပါတယ်။

၁။ သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူး

ကိုယ့်အိမ်ထောင်ဘက်ကို ချစ်ရုံသာမက သဘောကျနှစ်ခြိုက်ရမယ်၊ လေးစားမှုရှိနေရမယ်။ အချစ်ဆုံးသူငယ်ချင်းလို ဖြစ်နေရပါမယ်။ ဘဝတစ်သက်တာ ရဲဘော်ရဲဘက်ဖြစ်ဖို့လိုပါတယ်။

၂။ သင်ဒေါသထွက်ရတဲ့ စိတ်ပျက်စရာအကျင့်တွေဟာ လက်ထပ်ပြီးတာနဲ့ ပျောက်သွားမှာ မဟုတ်ဘူး

လက်ထပ်ပြီးတဲ့အချိန်မှာ သူ့မှာရှိတဲ့ သင်စိတ်ပျက်ရတဲ့အကျင့်တွေက အဆပေါင်းများစွာ ဆိုးရွားလာမယ်။ ချစ်သူဘဝမှာ သင်စိတ်ပျက်သွားမှာစိုးတဲ့ စိတ်နဲ့ ထိန်းချုပ်မှုတွေ ရှိနေသေးတဲ့အတွက် သင်မြင်ရတဲ့ ဆိုးရွားမှုတွေက နည်းတောင် နည်းနေပါသေးတယ်။

၃။ အမြဲတမ်း အတူရှိနေဖို့ မလိုအပ်ဘူး

အိမ်ထောင်သည်တွေဖြစ်တဲ့အခါ စီးပွားရေး အတူလုပ်တာတို့၊ ဘယ်သွားသွား အနားက ကပ်ပါနေတယ်ဆိုတာ ကြာရင် တစ်ဦးကိုတစ်ဦး ငြီးငွေ့စရာဖြစ်သလို အပြစ်တွေလည်း ပိုမြင်လာနိုင်ပါတယ်။ လူတိုင်းမှာ ကိုယ့်ဝါသနာကိုယ်လုပ်ဖို့ အချိန်ရှိသင့်ပါတယ်။

၄။ သင့်အိမ်ထောင်ဘက်က တစ်ခုခုကို စိတ်ညစ်နေတယ်လို့ သံသယဖြစ်ရင် အကြောင်းရင်းကို သိရအောင် လုပ်ပါ

ဘာမှမဟုတ်ဘူးလို့ လျစ်လျူမရှုပါနဲ့။ ဘာမဟုတ်တာလေးတစ်ခုအပေါ် သူက စိတ်ညစ်တတ်တယ်ဆိုရင်တောင် သူဘာအတွက် စိတ်ညစ်တယ်ဆိုတာ သင်သိထားဖို့ နားလည်ထားဖို့ လိုအပ်ပါတယ်။

၅။ လက်ထပ်စာချုပ်က ဘာမှ သိပ်ပြောင်းလဲမပေးနိုင်ဘူး

လက်ထပ်စာချုပ်ရှိနေလို့ သူ့ကို သင်ပိုင်တယ်လို့ ယူဆနေပါလိမ့်မယ်။ လူတစ်ယောက်ရဲ့စိတ်ကို စာရွက်တစ်ရွက်က ပြောင်းလဲပေးနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။

၆။ စိတ်ပျက်စရာအိမ်ထောင်ရေးမှာ အတင်းကြိတ်မှိတ်နေစရာမလိုဘူး။

ငါ့ဘဝတော့ဆုံးပြီဆိုုပြီး ဘဝကို ရေစုံမျှောစရာ အကြောင်းမရှိပါဘူး။ ခိုင်မြဲတဲ့ အိမ်ထောင်ရေးဖြစ်ချင်တာ အိမ်ထောင်သည်တိုင်းရဲ့ဆန္ဒဖြစ်ပေမဲ့ အဲဒီအိမ်ထောင်ရေးက သင်လိုချင်တဲ့ သင်ဖြစ်ချင်တဲ့ သင်နဲ့ထိုက်တန်တဲ့ အိမ်ထောင်ရေးမဟုတ်ဘူးဆိုရင် သင့်မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

၇။ နှစ်ဖက်ဆွမျိုးတွေက သင့်ရဲ့အိမ်ထောင်ရေးကို စမ်းသပ်လိမ့်မယ်

မိသားစု ပြဿနာတွေဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ အိမ်ထောင်သည်တွေရဲ့ အဓိကပြဿနာတွေကလည်း ဆွေမျိုးမိဘတွေကြောင့် ဖြစ်ရတာများပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ မဖေးမနိုင်ရင်၊ ဆွေမျိုးမိဘအပေါ် လိုအပ်တာထက် ဂရုစိုက်ရင် အိမ်ထောင်ရေးမှာ အက်ကြောင်းထင်လာနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top