iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမွ ကိုယ္ခ်စ္တဲ့သူနဲ႔ မေဝးကြာခ်င္ပါဘူး။ ဒါေပမဲ့ တစ္ဖက္သတ္ျဖစ္ေနမယ္ဆုိရင္ ခ်စ္တဲ့သူကပဲ ခံစားရမွာျဖစ္ၿပီး စိတ္ကို ျမန္ျမန္ျဖတ္ႏုိင္ရင္ ခံစားရခ်ိန္နည္းၿပီး ႀကိတ္မွိတ္ခံေနရင္ ကိုယ္ခံစားရတဲ့အခ်ိန္ ပိုၾကာတာကလြဲလုိ႔ ဘာမွမထူးပါဘူး။ သင္ သူ႔ကို ဘယ္လိုမွ လက္မလႊတ္ႏိုင္ဘူးဆုိရင္ ဒီအခ်က္ေတြကို ဖတ္ၾကည့္လိုက္ပါ။

၁။ သူသာ သင္နဲ႔ အတူရွိခ်င္စိတ္သာရွိရင္ သင့္ေဘးနားကို ေရာက္လာပါလိမ့္မယ္

သင္ သူ႔ကို ဆြဲထားစရာ မလုိပါဘူး။ တကယ္လို႔ သူသာ သင္နဲ႔အတူရွိေနခ်င္ရင္ ဘယ္လိုပဲျဖစ္ျဖစ္ သင့္နားမွာ ေနလိမ့္မယ္။  သင့္ကို အေၾကာင္းျပခ်က္ေတြနဲ႔ အဓိပၸာယ္မဲ့ အျပဳအမူေတြကိုသာ လုပ္ေနတဲ့သူ၊ သင့္ကို ေပ်ာ္ရႊင္မႈမေပးႏိုင္သူကုိ ဘာလို႔ တြယ္ဖက္ခ်င္တာလဲ။ ဘယ္ေလာက္ပဲ သင္သေဘာက်ပါေစ၊ ဆြဲမထားပါနဲ႔၊ သူလုပ္ခ်င္ရာလုပ္ပါေစ။ တကယ္ေမတၱာစစ္ရင္ လံုးဝထြက္သြားမွာမဟုတ္ပါဘူး။

၂။ ဘာလုိ႔ ကိုယ့္ကိုကိုယ္ ညွင္းဆဲေနတာလဲ

သူ႔မွာ သေဘာက်စရာအခ်က္ေတြရွိလို႔ မစြန္႔လႊတ္ႏုိင္တာ နားလည္ပါတယ္။ ဒါေပမဲ့ သင္က ကိုယ့္စိတ္ကိုယ္ ညႇင္းဆဲေနမိၿပီ၊ သူက ကိုယ့္ကို တကယ္မႏွစ္သက္တဲ့အတြက္ အေျခအေနေတြက ပိုဆုိးဖုိ႔ပဲရွိပါတယ္။ အခ်ိန္ ပိုဆြဲေလေလ၊ သင့္အတြက္ ရင္းႏွီးေပးဆပ္မႈေတြ မ်ားေလေလပါပဲ၊ ျဖတ္ဖို႔လည္း ပိုခက္လာႏုိင္သလို ကုစားဖို႔ အခ်ိန္လည္း ပိုၾကာလိမ့္မယ္။

၃။ သင္က သူျမတ္ႏုိးႏုိင္တဲ့သူမဟုတ္ေပမဲ့ တစ္စံုတစ္ေယာက္ရဲ႕ျမတ္ႏုိးမႈကို ခံယူရမယ့္သူပါ

သူက သင့္ကို မျမတ္ႏိုးႏုိင္ေပမဲ့ သင့္ကို တကယ္ခ်စ္ခင္ျမတ္ႏိုးမယ့္သူတစ္ေယာက္ကေတာ့ ရွိေနမွာပါပဲ။ အဲဒီသူဟာ သင့္ကို လက္ထပ္ခြင့္ရမယ္ဆုိ ေပ်ာ္ရႊင္မယ့္သူ၊ သင္မ်က္ႏွာညိဳမယ့္အရာ ဘာမွမလုပ္မယ့္သူျဖစ္မွာပါ။ သင္ခ်စ္တဲ့သူက သင့္ကို ျပႆနာတစ္ရပ္လုိ သေဘာထားေနခ်ိန္မွာ သင့္ကို တန္ဖိုးထားခ်စ္ခင္မယ့္သူတစ္ေယာက္က ေစာင့္ေနမွာပါ။

၄။ သင္သာ ျပတ္သားရင္ သင့္တန္ဖုိးကို သူသိလာလိမ့္မယ္

သူက သင့္ကို ပထမဦးစားေပးအရာလုိ႔ သေဘာမထားဘဲ ေရြးခ်ယ္မႈေတြထဲက တစ္ခုလုိ႔ သေဘာထားေနတာကို သင္က ခြင့္ျပဳေနရင္ အျမဲတမ္း သူ အဲဒီလုိပဲ လုပ္ပါလိမ့္မယ္။ သူ႔အတြက္ ဒီအတုိင္းေနရတာ အဆင္ေျပေနသေရြ႕ သင္ဘယ္လိုေနမလဲဆုိတာကို သူစိတ္ပူမွာမဟုတ္ဘူး။ သင္ဟာ သူထင္ထားတာထက္ ပိုတန္ဖုိးရွိသူဆုိတာ ျပဖုိ႔လိုပါတယ္။ အဆက္အသြယ္အားလံုးကို ျဖတ္လုိက္ပါ။ ၿပီးရင္ ကိုယ့္ဘဝကိုယ္ ေကာင္းေကာင္းတည္ေဆာက္ပါ။ ဒါဟာ အေကာင္းဆံုး ကလဲ့စားေခ်နည္းပဲ ျဖစ္တယ္။

၅။ သင့္စိတ္ေတြ လံုးဝမၿပိဳလဲခင္ စိတ္ျဖတ္သင့္ပါတယ္

အခုထိ မေျပာင္းလဲဘူးဆုိရင္ ေနာက္လည္း ေျပာင္းလဲဖုိ႔ မေသခ်ာပါဘူး။ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ သူ႔ကို တြယ္ဖက္ထားၿပီး ဒီအတုိင္းပဲ ဆက္သြားေနမယ္ဆုိရင္ သင္ ပိုၿပီး ဝမ္းနည္းေၾကကြဲရတာသာ ရွိပါမယ္။ ျမန္ျမန္ အဆက္ျဖတ္ေလ သင့္အတြက္ ခံစားရတ သက္သာေလပါပဲ။

၆။ သူ ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္္ဘူး

သင္ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ၊ ဘယ္ေလာက္ပဲ နားလည္ေပးပါေစ၊ အခ်ိန္ေတြ ဘယ္ေလာက္ပဲ ေပးပါေစ၊ သူက အေလးထားခ်င္မွ ထားမွာပါ။ သူအေလးထားတယ္ဆုိရင္ သင့္ကို ဆံုး႐ႈံးရႏုိင္တဲ့ လုပ္ရပ္ေတြကို မလုပ္ပါဘူး။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ဘယ်သူမှ ကိုယ်ချစ်တဲ့သူနဲ့ မဝေးကွာချင်ပါဘူး။ ဒါပေမဲ့ တစ်ဖက်သတ်ဖြစ်နေမယ်ဆိုရင် ချစ်တဲ့သူကပဲ ခံစားရမှာဖြစ်ပြီး စိတ်ကို မြန်မြန်ဖြတ်နိုင်ရင် ခံစားရချိန်နည်းပြီး ကြိတ်မှိတ်ခံနေရင် ကိုယ်ခံစားရတဲ့အချိန် ပိုကြာတာကလွဲလို့ ဘာမှမထူးပါဘူး။ သင် သူ့ကို ဘယ်လိုမှ လက်မလွှတ်နိုင်ဘူးဆိုရင် ဒီအချက်တွေကို ဖတ်ကြည့်လိုက်ပါ။

၁။ သူသာ သင်နဲ့ အတူရှိချင်စိတ်သာရှိရင် သင့်ဘေးနားကို ရောက်လာပါလိမ့်မယ်

သင် သူ့ကို ဆွဲထားစရာ မလိုပါဘူး။ တကယ်လို့ သူသာ သင်နဲ့အတူရှိနေချင်ရင် ဘယ်လိုပဲဖြစ်ဖြစ် သင့်နားမှာ နေလိမ့်မယ်။  သင့်ကို အကြောင်းပြချက်တွေနဲ့ အဓိပ္ပာယ်မဲ့ အပြုအမူတွေကိုသာ လုပ်နေတဲ့သူ၊ သင့်ကို ပျော်ရွှင်မှုမပေးနိုင်သူကို ဘာလို့ တွယ်ဖက်ချင်တာလဲ။ ဘယ်လောက်ပဲ သင်သဘောကျပါစေ၊ ဆွဲမထားပါနဲ့၊ သူလုပ်ချင်ရာလုပ်ပါစေ။ တကယ်မေတ္တာစစ်ရင် လုံးဝထွက်သွားမှာမဟုတ်ပါဘူး။

၂။ ဘာလို့ ကိုယ့်ကိုကိုယ် ညှင်းဆဲနေတာလဲ

သူ့မှာ သဘောကျစရာအချက်တွေရှိလို့ မစွန့်လွှတ်နိုင်တာ နားလည်ပါတယ်။ ဒါပေမဲ့ သင်က ကိုယ့်စိတ်ကိုယ် ညှင်းဆဲနေမိပြီ၊ သူက ကိုယ့်ကို တကယ်မနှစ်သက်တဲ့အတွက် အခြေအနေတွေက ပိုဆိုးဖို့ပဲရှိပါတယ်။ အချိန် ပိုဆွဲလေလေ၊ သင့်အတွက် ရင်းနှီးပေးဆပ်မှုတွေ များလေလေပါပဲ၊ ဖြတ်ဖို့လည်း ပိုခက်လာနိုင်သလို ကုစားဖို့ အချိန်လည်း ပိုကြာလိမ့်မယ်။

၃။ သင်က သူမြတ်နိုးနိုင်တဲ့သူမဟုတ်ပေမဲ့ တစ်စုံတစ်ယောက်ရဲ့မြတ်နိုးမှုကို ခံယူရမယ့်သူပါ

သူက သင့်ကို မမြတ်နိုးနိုင်ပေမဲ့ သင့်ကို တကယ်ချစ်ခင်မြတ်နိုးမယ့်သူတစ်ယောက်ကတော့ ရှိနေမှာပါပဲ။ အဲဒီသူဟာ သင့်ကို လက်ထပ်ခွင့်ရမယ်ဆို ပျော်ရွှင်မယ့်သူ၊ သင်မျက်နှာညိုမယ့်အရာ ဘာမှမလုပ်မယ့်သူဖြစ်မှာပါ။ သင်ချစ်တဲ့သူက သင့်ကို ပြဿနာတစ်ရပ်လို သဘောထားနေချိန်မှာ သင့်ကို တန်ဖိုးထားချစ်ခင်မယ့်သူတစ်ယောက်က စောင့်နေမှာပါ။

၄။ သင်သာ ပြတ်သားရင် သင့်တန်ဖိုးကို သူသိလာလိမ့်မယ်

သူက သင့်ကို ပထမဦးစားပေးအရာလို့ သဘောမထားဘဲ ရွေးချယ်မှုတွေထဲက တစ်ခုလို့ သဘောထားနေတာကို သင်က ခွင့်ပြုနေရင် အမြဲတမ်း သူ အဲဒီလိုပဲ လုပ်ပါလိမ့်မယ်။ သူ့အတွက် ဒီအတိုင်းနေရတာ အဆင်ပြေနေသရွေ့ သင်ဘယ်လိုနေမလဲဆိုတာကို သူစိတ်ပူမှာမဟုတ်ဘူး။ သင်ဟာ သူထင်ထားတာထက် ပိုတန်ဖိုးရှိသူဆိုတာ ပြဖို့လိုပါတယ်။ အဆက်အသွယ်အားလုံးကို ဖြတ်လိုက်ပါ။ ပြီးရင် ကိုယ့်ဘဝကိုယ် ကောင်းကောင်းတည်ဆောက်ပါ။ ဒါဟာ အကောင်းဆုံး ကလဲ့စားချေနည်းပဲ ဖြစ်တယ်။

၅။ သင့်စိတ်တွေ လုံးဝမပြိုလဲခင် စိတ်ဖြတ်သင့်ပါတယ်

အခုထိ မပြောင်းလဲဘူးဆိုရင် နောက်လည်း ပြောင်းလဲဖို့ မသေချာပါဘူး။ မျှော်လင့်ချက်တွေနဲ့ သူ့ကို တွယ်ဖက်ထားပြီး ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် သင် ပိုပြီး ဝမ်းနည်းကြေကွဲရတာသာ ရှိပါမယ်။ မြန်မြန် အဆက်ဖြတ်လေ သင့်အတွက် ခံစားရတ သက်သာလေပါပဲ။

၆။ သူ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး

သင်ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ဘယ်လောက်ပဲ နားလည်ပေးပါစေ၊ အချိန်တွေ ဘယ်လောက်ပဲ ပေးပါစေ၊ သူက အလေးထားချင်မှ ထားမှာပါ။ သူအလေးထားတယ်ဆိုရင် သင့်ကို ဆုံးရှုံးရနိုင်တဲ့ လုပ်ရပ်တွေကို မလုပ်ပါဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top