iMyanmarHouse.com - Best Property Website for Myanmar
×

ကျန်းမာရေးကို ဘေးဖြစ်စေတဲ့ အပြုအမူတွေကို လူတွေဟာ သတိမထားမိဘဲ ပြုလုပ်နေလေ့ရှိပါတယ်။ မပြောပလောက်တဲ့ အမူအကျင့်လေးတွေက ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ် ကို ဖြစ်စေတတ်တာမို့ အချိန်မီရှောင်နိုင်အောင် လူတိုင်းပြုလုပ်လေ့ ရှိတဲ့ အမူအကျင့်အမှားလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မျက်နှာကို လက်နဲ့ ပွတ်သပ်ခြင်း

လူအများစုဟာ တစ်နာရီကို အနည်းဆုံးလေးကြိမ် မျက်နှာကို ထိတွေ့ ပွတ်သပ်လေ့ရှိပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား အများအပြားဟာ သင့်ရဲ့လက်တွေမှာ ခိုအောင်းနေပြီး သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ မျက်နှာကို ထိကိုင်ခြင်း ဒါမှမဟုတ် ပွတ်သပ်ခြင်းကြောင့် အညစ်အကြေးနဲ့ ပိုးမွှားတွေဟာ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကနေ ၀င်သွားပြီး ချွေးပေါက်ကို ပိတ်ဆို့ ကာ ၀က်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ ကုလားထိုင်မှာအကြာကြီးထိုင်ခြင်း

တစ်နေရာမှာ အချိန်အကြာကြီး ထိုင်တာက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အ၀လွန်ခြင်း၊ ဆီးချို သွေးတိုး၊ လေသင်တုန်းနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေကိုပါ ဖြစ်စေနိုက်ပါတယ်။ အချိန်အကြာ ထိုင်ခြင်းက လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့လူတွေကိုတောင် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကို ခဏခဏထပေးတာမျိုးနဲ့ လမ်းများများလျှောက် ပေးတာမျိုးဖြစ်ပါတယ်။

၃။ ဆိုရှယ်မီဒီယာမှာ အချိန်မတရား ကုန်ဆုံးခြင်း

Facebook တို့ Twiiter တို့ လို social media တွေမှာ အချိန်ဖြုန်းခြင်းက သင့်ရဲ့ကျန်းမာရေးကိုသာမက အချစ်ရေး၊အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာစွဲစွဲမြဲမြဲသုံးသူတွေဟာ အချစ်ရေး ဖောက်ပြန်မှု ပိုရှိနိုင်ပြီး ဆိုရှယ်မီဒီယာကြောင့် လက်တွဲဖော်နှစ်ဦးကြားမှာ မနာလိုဝန်တိုမှုလေးတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။

၎။ အလုပ်စားပွဲမှာ အစားအသောက်စားခြင်း

အလုပ်လုပ်နေတုန်း အစားစားတတ်သူတွေဟာ တစ်နေ့ ကို လိုအပ်တဲ့ကယ်လိုရီထက် ပိုစားမိတတ်ပါတယ်။ အစာစားနေတုန်း တခြားအလုပ်တွေမလုပ်တာက သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမှာပါ။

၅။ မျက်လုံးကိုပွတ်သပ်ခြင်း

မျက်လုံးကိုပွတ်သပ်ခြင်းက keratoconus ခေါ် မျက်ကြည်လွှာအားနည်းတဲ့ရောဂါကို ဆက်စပ်ဖြစ်စေနိုင်ပါတယ်။ မျက်လုံးပွတ်တာကြောင့် မျက်ကြည်လွှာကို ပါးလွှာစေပြီး မျက်ကြည်လွှာ အားနည်းတဲ့ရောဂါဖြစ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အမြင်အာရုံပါ ဆုံးရှုံးရနိုင်ပြီး ပြန်လည် ကုသလို့ မရနိုင်ပါဘူး။ မျက်ကပ်မှန်တပ်တဲ့ သူတွေဆိုရင်၊ မျက်လုံးကိုသွားပွတ်မိတာကြောင့် မျက်ကပ်မှန်ကို မျက်ခွံအောက် ကပ်သွားစေတတ်ပါတယ်။

၆။ ရှုပ်ပွနေတဲ့ အလုပ်စားပွဲအလုပ်စားပွဲက သင့်ကျန်းမာရေးကို အဓိကဒုက္ခပေးတဲ့ အရာပါ။ တစ်နေ့ ကို အနည်းဆုံး ရှစ်နာရီ လောက် အလုပ်စားပွဲမှာ အချိန်ကုန်ဆုံးနေရပြီး ရှုပ်ပွနေတဲ့ အလုပ်စားပွဲက သင့်စိတ်ကို ညစ်ညူးစေကာ အလုပ် မတွင်ကျယ်စေပါဘူး။ ဒီ့အပြင် ရောဂါပိုးမွှားတွေလည်း ခိုအောင်းနေနိုင်ပါတယ်။

၇။ ဆီးအောင့်ထားခြင်း

သဘာဝတရားရဲ့ တာဝန်ဝတ္တရားကို ဘယ်တော့မှ လျစ်လျူမရှုသင့်ပါဘူး။ ရံဖန်ရံခါ ဆီးမသွားနိုင်အောင် အောင့်ထားတာက ပြဿနာမဟုတ်ပေမယ့် ခဏခဏ ထိန်းချုပ်ထားမယ်ဆိုရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်မှု၊ ဆီးအိမ် ပိုးဝင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင် ပါတယ်။ ဆီးအောင့်ထားတာကြောင့် ဆီးအိမ်ရဲ့ ကြွက်သားတွေဟာ အားလျော့လာပြီး ဆီးသွန်(ဆီးမထိန်းနိုင်တဲ့) ရောဂါကိုပါ နောက်ဆုံးမှာဖြစ်စေနိုင်ပါတယ်။

Credit : Lwin Pyin
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top