iMyanmarHouse.com - Best Property Website for Myanmar
×

မျက်ကွင်းညိုလို့ စိတ်ညစ်နေတယ်ဆိုရင် ပျောက်ကင်းစေဖို့ အလွယ်ကူဆုံး လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။


သခွားသီးကို ပါးပါးလေး လှီးပါ။ ပြီးရင် မျက်ကွင်းညိုတဲ့နေရာမှာ ကပ်ပေးပါ။
မျက်ကွင်းညိုတဲ့နေရာကို အေးစက်နေတဲ့ ဇွန်းရဲ့ခုံးနေတဲ့အပိုင်းနဲ့ကပ်ပေးပါ။
အာလူးကို ပါးပါးလေး အ၀ိုင်းပုံစံလှီးပါ။ မျက်ကွင်းညိုတဲ့နေရာမှာ ကပ်ပေးပါ။
ညအိပ်ရာမ၀င်ခင် မက်မွန်သီးအဆီကို မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပေးပါ။ မနက်အိပ်ရာနိုးချိန်မှ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။
ပူစီနံရွက်ကို ထောင်းပြီး အရည်ကို မျက်စိအောက်ဘက် ညိုတဲ့နေရာမှာ လိမ်းပေးပါ။ (၁၀) မိနစ်ခန့်ကြာအောင်ထားပြီးလျှင် ရေနဲ့ဆေးကြောပေးပါ။
အသုံးပြုပြီးသား လက်ဖက်ခြောက်ထုပ်ကို မျက်ကွင်းညိုတဲ့နေရာမှာ (၁၅) မိနစ်ခန့်ကပ်ထားပေးပါ။


မျက်ကွင်းညိုလို့ စိတ်ညစ်နေတယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးမယ်ဆိုရင် ပျောက်ကင်းစေမှာ သေချာပါတယ်။

Credit:Momolay

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top