iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္းမြန္တဲ့ အခ်စ္နဲ႔ မထုိက္တန္တဲ့ သူေတြရွိသလို ထိုက္တန္သူေတြလည္း အမ်ားႀကီးရွိပါတယ္။ သင္ခ်စ္ၿပီးရင္ သို႔မဟုတ္ တြဲၿပီးရင္ ဘယ္ေတာ့မွ ေနာင္တမရမယ့္ အမ်ိဳးသား (၇) မ်ိဳးရွိပါတယ္။

အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးဖို႔ စဥ္းစားသင့္တဲ့ ေယာက်ာ္းမ်ိဳးေတြလို႔လည္း ဆိုႏုိင္ပါတယ္။

၁။ အိမ္ျပန္လုိက္ပို႔တဲ့သူ

ဘယ္ေလာက္ ေနာက္က်ေနတာပဲ ျဖစ္ျဖစ္၊ ဘယ္ေလာက္ ေဝးတာပဲ ျဖစ္ျဖစ္ သင့္ကိုအၿမဲ အိမ္ေရွ႕ေရာက္တဲ့အထိ လိုက္ပို႔တတ္တဲ့ ေယာက္်ားမ်ိဳးပါ။

၂။ နားေထာင္ေပးတဲ့ ေယာက္်ား

သင့္စကားမွန္သမွ် နားေထာင္တာကို ဆိုလိုတာမဟုတ္ပါဘူး။ သီအိုရီအရ အမ်ိဳးသမီးေတြက စကားမ်ားၿပီး အမ်ိဳးသားေတြက မ်ားမ်ားနားမေထာင္ႏုိင္ၾကပါဘူး။ သင့္စကားေတြ အၿမဲ ဂ႐ုစိုက္နားေထာင္တတ္တဲ့သူမ်ိဳးက သင့္ကို စိတ္ပ်က္ေစမွာ မဟုတ္ပါဘူး။

၃။ အိမ္ျပန္ေရာက္ရင္ ဖုန္းေခၚသူ

ညဘက္ေလွ်ာက္လည္ၿပီးလို႔ အိမ္ျပန္ေရာက္တဲ့အခါ သူ႔ဘက္က အၿမဲ ဖုန္းစေခၚတတ္သူမ်ိဳးဟာ အမ်ိဳးသမီးတိုင္း လိုခ်င္တဲ့သူမ်ိဳးျဖစ္ပါတယ္။

၄။ စည္းကမ္းရွိတဲ့ ေယာက္်ား

ရင့္က်က္တဲ့ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြ ေျပာစရာမလိုပဲ စည္းကမ္းရွိရွိေနတတ္ၾကပါတယ္။ အခ်စ္ေရးက သူတို႔လြတ္လပ္မႈကို ထိပါးတယ္လို႔ မထင္ၾကပါဘူး။ အျပင္ထြက္တာမ်ိဳးကို သင္လိုက္ေျပာေနစရာ မလိုေအာင္ သူတို႔ ဂ႐ုစိုက္ပါတယ္။

၅။ ကတိလြယ္လြယ္မေပးတဲ့ ေယာက္်ား

အၿမဲတမ္း ကတိေတြ တစ္ခုၿပီးတစ္ခု ေပးမေနပဲ အလုပ္နဲ႔ သက္ေသျပတတ္သူမ်ိဳးဟာ သင့္ကုိ စိတ္ခ်မ္းသာမႈေတြ ေပးႏုိင္သူ ျဖစ္ပါတယ္။

၆။ ၾကင္နာတတ္တဲ့သူ

သင့္အေပၚတင္မဟုတ္ပဲ အျခားသူေတြအေပၚလည္း ၾကင္နာတတ္သူဟာ သာမန္အားျဖင့္ သဘာမေနာေကာင္းသူ၊ စိတ္ထားေကာင္းသူလို႔ ဆိုႏုိင္ပါတယ္။ တိရိစၱာန္ေတြအေပၚေတာင္ ၾကင္နာတတ္သူမ်ိဳးဆို ပိုေကာင္းပါတယ္။

၇။ သင့္ကို ရယ္ေမာေစသူ

သူဟာ အၿမဲ ဟာသေတြ ေျပာေနတတ္စရာ မလိုပါဘူး။ ဒါေပမယ့္ သင့္ကို လိုအပ္တဲ့အခါ ရယ္ေမာေစတတ္သူဟာ သင္ေနာင္တမရမယ့္ သူမ်ိဳးပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ကောင်းမွန်တဲ့ အချစ်နဲ့ မထိုက်တန်တဲ့ သူတွေရှိသလို ထိုက်တန်သူတွေလည်း အများကြီးရှိပါတယ်။ သင်ချစ်ပြီးရင် သို့မဟုတ် တွဲပြီးရင် ဘယ်တော့မှ နောင်တမရမယ့် အမျိုးသား (၇) မျိုးရှိပါတယ်။

အိမ်ထောင်ဖက်အဖြစ် ရွေးဖို့ စဉ်းစားသင့်တဲ့ ယောကျာ်းမျိုးတွေလို့လည်း ဆိုနိုင်ပါတယ်။

၁။ အိမ်ပြန်လိုက်ပို့တဲ့သူ

ဘယ်လောက် နောက်ကျနေတာပဲ ဖြစ်ဖြစ်၊ ဘယ်လောက် ဝေးတာပဲ ဖြစ်ဖြစ် သင့်ကိုအမြဲ အိမ်ရှေ့ရောက်တဲ့အထိ လိုက်ပို့တတ်တဲ့ ယောက်ျားမျိုးပါ။

၂။ နားထောင်ပေးတဲ့ ယောက်ျား

သင့်စကားမှန်သမျှ နားထောင်တာကို ဆိုလိုတာမဟုတ်ပါဘူး။ သီအိုရီအရ အမျိုးသမီးတွေက စကားများပြီး အမျိုးသားတွေက များများနားမထောင်နိုင်ကြပါဘူး။ သင့်စကားတွေ အမြဲ ဂရုစိုက်နားထောင်တတ်တဲ့သူမျိုးက သင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

၃။ အိမ်ပြန်ရောက်ရင် ဖုန်းခေါ်သူ

ညဘက်လျှောက်လည်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ သူ့ဘက်က အမြဲ ဖုန်းစခေါ်တတ်သူမျိုးဟာ အမျိုးသမီးတိုင်း လိုချင်တဲ့သူမျိုးဖြစ်ပါတယ်။

၄။ စည်းကမ်းရှိတဲ့ ယောက်ျား

ရင့်ကျက်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေ ပြောစရာမလိုပဲ စည်းကမ်းရှိရှိနေတတ်ကြပါတယ်။ အချစ်ရေးက သူတို့လွတ်လပ်မှုကို ထိပါးတယ်လို့ မထင်ကြပါဘူး။ အပြင်ထွက်တာမျိုးကို သင်လိုက်ပြောနေစရာ မလိုအောင် သူတို့ ဂရုစိုက်ပါတယ်။

၅။ ကတိလွယ်လွယ်မပေးတဲ့ ယောက်ျား

အမြဲတမ်း ကတိတွေ တစ်ခုပြီးတစ်ခု ပေးမနေပဲ အလုပ်နဲ့ သက်သေပြတတ်သူမျိုးဟာ သင့်ကို စိတ်ချမ်းသာမှုတွေ ပေးနိုင်သူ ဖြစ်ပါတယ်။

၆။ ကြင်နာတတ်တဲ့သူ

သင့်အပေါ်တင်မဟုတ်ပဲ အခြားသူတွေအပေါ်လည်း ကြင်နာတတ်သူဟာ သာမန်အားဖြင့် သဘာမနောကောင်းသူ၊ စိတ်ထားကောင်းသူလို့ ဆိုနိုင်ပါတယ်။ တိရိစ္တာန်တွေအပေါ်တောင် ကြင်နာတတ်သူမျိုးဆို ပိုကောင်းပါတယ်။

၇။ သင့်ကို ရယ်မောစေသူ

သူဟာ အမြဲ ဟာသတွေ ပြောနေတတ်စရာ မလိုပါဘူး။ ဒါပေမယ့် သင့်ကို လိုအပ်တဲ့အခါ ရယ်မောစေတတ်သူဟာ သင်နောင်တမရမယ့် သူမျိုးပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top