iMyanmarHouse.com - Best Property Website for Myanmar
×

 ေနာက္က်မွ ႏိုးတတ္တဲ့ပ်ိဳေမတို႔ မနက္တိုင္းလည္း  အေျပးအလႊားေတြ လုပ္ေနရတတ္တဲ့ထဲမွာ ဘာဝတ္ရမွန္း မသိလို႔ ၾကာေနတာနဲ႔ ႐ံုးေနာက္က်ရတာ က ျဖစ္ၿမဲလို ျဖစ္ေနတတ္ပါတယ္။ ဒါေပ မယ့္ အဲဒီေနာက္မွာ ရွာေဖြေတြ႕ရွိလာတဲ့ နည္းလမ္းေလးေတြက ဒီအျဖစ္ကို ကာ ကြယ္ေပးႏိုင္သလို ဖက္ရွင္ေခါင္းစဥ္ ေအာက္ကေနလည္း ေသြဖယ္မသြား ေအာင္ ကူညီေပးပါတယ္။ အဲဒါေတြက ေတာ့...။

အဝတ္အစားဗီ႐ိုကို ရွင္းထားပါ

အက်ႌဆို အက်ႌ သပ္သပ္၊ ဝမ္းဆက္ ေတြလိုဟာမ်ိဳးဆို တြဲရက္၊ အိတ္၊ ဖိနပ္ အစရွိတာေတြကို သီးသန္႔စီခြဲထုတ္ၿပီး သိမ္းဆည္းထားမယ္ဆိုရင္ ကိုယ့္မွာရွိ တာေတြကို ေသခ်ာ ျမင္ႏိုင္ပါတယ္။

Fit ျဖစ္တာေလး ရွာမယ္

စတိုင္က်ၿပီး ၾကည့္ေကာင္းေစဖို႔ အေရးႀကီးဆံုးကေတာ့ ကိုယ့္အဝတ္အ စားက ကိုယ္နဲ႔ ဖစ္ ျဖစ္ရဲ႕လားဆိုတာေပၚ မူတည္ပါတယ္။ ဒါက ႐ိုးစင္းလြန္းတဲ့ မွတ္ခ်က္ပဲလို႔ ဆိုခ်င္ဆိုႏိုင္ေပမယ့္ အမ်ားစုက အိမ္ကထြက္သြားတဲ့အခါမွာ သိပ္ပြေနတာ ဒါမွမဟုတ္ က်ပ္ေတာင္ ့ေတာင့္ အဝတ္ေတြနဲ႔ ျဖစ္ေနတတ္ပါ တယ္။ တကယ္လို႔ ဖက္ရွင္ပိုင္းမွာ ေခတ္မီလြန္းၿပီး ျမန္မာဆန္ဆန္ေတြ လည္း သိပ္မဝတ္တတ္သူမို႔ဆိုရင္ေတာ့ ဆြယ္တာအပြႀကီး ဒါမွမဟုတ္ ဂ်က္ ကတ္ အရွည္တစ္ထည္ထည္နဲ႔လည္း လမ္းထြက္ခ်င္ ထြက္ႏိုင္ပါတယ္။ အဲဒီအခါမ်ိဳးမွာ ခႏၶာကိုယ္ေပၚမွာ အာ႐ံု ဖမ္းထိန္းထားမယ့္ ဆြဲႀကိဳးရွည္ရွည္ ျဖစ္ျဖစ္ေတာ့ ပါပါေစ။

ကာလာေတြ လိုက္ဖက္ပါေစ
အျဖဴ၊ အနက္ေတြလို အတြဲလြယ္ ဆံုးဟာေတြပဲေတာ့ မလုပ္ပါနဲ႔။ ကိုယ့္ အသားအေရနဲ႔ လိုက္ဖက္ၿပီး အေပၚနဲ႔ ေအာက္လည္း တြဲလို႔ အဆင္ေျပဆံုး ကာလာ သံုးေလးမ်ိဳးကို သိထားၿပီး ျဖစ္ ပါေစ။ တစ္ေနကုန္ ဒီဝတ္စံုနဲ႔ပဲ သြားရ မယ္ဆိုရင္ေတာ့ ကိုယ့္ကို တက္ျြကမႈ ေတြ အေပးႏိုင္ဆံုး အေရာင္ေတြကို တြဲ စပ္ပါ။

ဆြဲေဆာင္မႈ ရွိရဲ႕လား
ကိုယ့္ေဘာ္ဒီက ဘာဝတ္ဝတ္ ဆြဲ ေဆာင္မႈရွိတာမ်ိဳးလား။ ဒါမွမဟုတ္ သင္ ေရြးခ်ယ္ေနက် ဖက္ရွင္က သင့္ပံုစံကို ပိုၾကည့္ေကာင္းသြားေစတာမ်ိဳးလား။ဒါေတြမဟုတ္တတ္ဘူးဆိုရင္ေတာ့ သင့္ဗီ႐ိုထဲက ဂ်င္းန္ေတြတင္မကဘဲ ရွိ သမွ် ဖက္ရွင္ပစၥည္းေတြအားလံုးကို ေသ ခ်ာ သိၿပီးသားျဖစ္ဖို႔ အေရးႀကီးလာပါၿပီ။ ခႏၶာကိုယ္ေပၚမွာ တင္လိုက္သမွ် အဆင္ တန္ဆာ အားလံုးက သင့္ကို ပိုမို ေတာက္ျြကားလာေစဖို႔ ေရြးခ်ယ္မႈ မွန္ ကန္ဖို႔ လိုတာေပါ့။ ဒါေပမယ့္ အဓိက အေလးထားရမွာက ခါးေနရာေလး သိမ္ ေနေအာင္ ေပၚလြင္ေနေစဖို႔ပါပဲ။

Harmony ျဖစ္ပါေစ
ကာလာ၊ Pattern ၊ အခ်ိဳးအဆနဲ႔ ပိတ္စက အစ ဟာမိုနီျဖစ္ေနရဲ႕လား။ ဒါမွမဟုတ္ Accessory ေတြ မ်ားလြန္း ေနတာလား၊ အေပၚေအာက္ ဆန္႔က်င္ ဘက္ ကာလာေတြ စုျပံဳထားမိလား ဆိုတာေတြက အေရးပါပါတယ္။ တကယ္လို႔ တစ္ခုခုက လြဲေခ်ာ္ေနၿပီဆို တဲ့အခါ ငါ ေနရာမွားၿပီး ဝတ္လာမိၿပီဆို တဲ့ အေတြးက သင့္ကို ဖိစီးေနတာကို ခံစားမိၿပီး ယံုၾကည္မႈေတြ ေပ်ာက္ကုန္ ႏိုင္တာေပါ့။

အဝတ္အစားက ေျပာတဲ့စကားကို ၾကားတတ္ပါေစ
ဒါက အေရးပါဆံုးအခ်က္ပါပဲ။ သင္ ဘာမွ ဖြင့္မေျပာရေသးခင္မွာ သင့္ဖက္ ရွင္ကို ျမင္ၿပီး တစ္ဖက္လူက ဆံုးျဖတ္ တာကို အရင္ဆံုးခံစားရမွာပါပဲ။ တစ္ ဖက္က ျပန္ေတြးၾကည့္မယ္ဆိုရင္ေတာ့ သင္ ဝတ္လာတဲ့ အဝတ္အစားက ေျပာ တဲ့စကားကို ပထမဆံုး ၾကားၾကရတာပဲ မဟုတ္လား။ ဒီေတာ့ ဘယ္ေနရာကို ဘာ အတြက္ သြားရမွာလဲဆိုတာကို ဘာမွ မဝတ္ရေသးခင္မွာ အရင္ စဥ္းစားလိုက္ ပါ

Credit:  NOW! Weekly Magazine

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

 နောက်ကျမှ နိုးတတ်တဲ့ပျိုမေတို့ မနက်တိုင်းလည်း  အပြေးအလွှားတွေ လုပ်နေရတတ်တဲ့ထဲမှာ ဘာဝတ်ရမှန်း မသိလို့ ကြာနေတာနဲ့ ရုံးနောက်ကျရတာ က ဖြစ်မြဲလို ဖြစ်နေတတ်ပါတယ်။ ဒါပေ မယ့် အဲဒီနောက်မှာ ရှာဖွေတွေ့ရှိလာတဲ့ နည်းလမ်းလေးတွေက ဒီအဖြစ်ကို ကာ ကွယ်ပေးနိုင်သလို ဖက်ရှင်ခေါင်းစဉ် အောက်ကနေလည်း သွေဖယ်မသွား အောင် ကူညီပေးပါတယ်။ အဲဒါတွေက တော့...။

အဝတ်အစားဗီရိုကို ရှင်းထားပါ
အကျႌဆို အကျႌ သပ်သပ်၊ ဝမ်းဆက် တွေလိုဟာမျိုးဆို တွဲရက်၊ အိတ်၊ ဖိနပ် အစရှိတာတွေကို သီးသန့်စီခွဲထုတ်ပြီး သိမ်းဆည်းထားမယ်ဆိုရင် ကိုယ့်မှာရှိ တာတွေကို သေချာ မြင်နိုင်ပါတယ်။

Fit ဖြစ်တာလေး ရှာမယ်
စတိုင်ကျပြီး ကြည့်ကောင်းစေဖို့ အရေးကြီးဆုံးကတော့ ကိုယ့်အဝတ်အ စားက ကိုယ်နဲ့ ဖစ် ဖြစ်ရဲ့လားဆိုတာပေါ် မူတည်ပါတယ်။ ဒါက ရိုးစင်းလွန်းတဲ့ မှတ်ချက်ပဲလို့ ဆိုချင်ဆိုနိုင်ပေမယ့် အများစုက အိမ်ကထွက်သွားတဲ့အခါမှာ သိပ်ပွနေတာ ဒါမှမဟုတ် ကျပ်တောင့်တောင့် အဝတ်တွေနဲ့ ဖြစ်နေတတ်ပါ တယ်။ တကယ်လို့ ဖက်ရှင်ပိုင်းမှာ ခေတ်မီလွန်းပြီး မြန်မာဆန်ဆန်တွေ လည်း သိပ်မဝတ်တတ်သူမို့ဆိုရင်တော့ ဆွယ်တာအပွကြီး ဒါမှမဟုတ် ဂျက် ကတ် အရှည်တစ်ထည်ထည်နဲ့လည်း လမ်းထွက်ချင် ထွက်နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ခန္ဓာကိုယ်ပေါ်မှာ အာရုံ ဖမ်းထိန်းထားမယ့် ဆွဲကြိုးရှည်ရှည် ဖြစ်ဖြစ်တော့ ပါပါစေ။

ကာလာတွေ လိုက်ဖက်ပါစေ
အဖြူ၊ အနက်တွေလို အတွဲလွယ် ဆုံးဟာတွေပဲတော့ မလုပ်ပါနဲ့။ ကိုယ့် အသားအရေနဲ့ လိုက်ဖက်ပြီး အပေါ်နဲ့ အောက်လည်း တွဲလို့ အဆင်ပြေဆုံး ကာလာ သုံးလေးမျိုးကို သိထားပြီး ဖြစ် ပါစေ။ တစ်နေကုန် ဒီဝတ်စုံနဲ့ပဲ သွားရ မယ်ဆိုရင်တော့ ကိုယ့်ကို တက်ြွကမှု တွေ အပေးနိုင်ဆုံး အရောင်တွေကို တွဲ စပ်ပါ။

ဆွဲဆောင်မှု ရှိရဲ့လား
ကိုယ့်ဘော်ဒီက ဘာဝတ်ဝတ် ဆွဲ ဆောင်မှုရှိတာမျိုးလား။ ဒါမှမဟုတ် သင် ရွေးချယ်နေကျ ဖက်ရှင်က သင့်ပုံစံကို ပိုကြည့်ကောင်းသွားစေတာမျိုးလား။ဒါတွေမဟုတ်တတ်ဘူးဆိုရင်တော့ သင့်ဗီရိုထဲက ဂျင်းန်တွေတင်မကဘဲ ရှိ သမျှ ဖက်ရှင်ပစ္စည်းတွေအားလုံးကို သေ ချာ သိပြီးသားဖြစ်ဖို့ အရေးကြီးလာပါပြီ။ ခန္ဓာကိုယ်ပေါ်မှာ တင်လိုက်သမျှ အဆင် တန်ဆာ အားလုံးက သင့်ကို ပိုမို တောက်ြွကားလာစေဖို့ ရွေးချယ်မှု မှန် ကန်ဖို့ လိုတာပေါ့။ ဒါပေမယ့် အဓိက အလေးထားရမှာက ခါးနေရာလေး သိမ် နေအောင် ပေါ်လွင်နေစေဖို့ပါပဲ။

Harmony ဖြစ်ပါစေ
ကာလာ၊ Pattern ၊ အချိုးအဆနဲ့ ပိတ်စက အစ ဟာမိုနီဖြစ်နေရဲ့လား။ ဒါမှမဟုတ် Accessory တွေ များလွန်း နေတာလား၊ အပေါ်အောက် ဆန့်ကျင် ဘက် ကာလာတွေ စုပြုံထားမိလား ဆိုတာတွေက အရေးပါပါတယ်။ တကယ်လို့ တစ်ခုခုက လွဲချော်နေပြီဆို တဲ့အခါ ငါ နေရာမှားပြီး ဝတ်လာမိပြီဆို တဲ့ အတွေးက သင့်ကို ဖိစီးနေတာကို ခံစားမိပြီး ယုံကြည်မှုတွေ ပျောက်ကုန် နိုင်တာပေါ့။

အဝတ်အစားက ပြောတဲ့စကားကို ကြားတတ်ပါစေ
ဒါက အရေးပါဆုံးအချက်ပါပဲ။ သင် ဘာမှ ဖွင့်မပြောရသေးခင်မှာ သင့်ဖက် ရှင်ကို မြင်ပြီး တစ်ဖက်လူက ဆုံးဖြတ် တာကို အရင်ဆုံးခံစားရမှာပါပဲ။ တစ် ဖက်က ပြန်တွေးကြည့်မယ်ဆိုရင်တော့ သင် ဝတ်လာတဲ့ အဝတ်အစားက ပြော တဲ့စကားကို ပထမဆုံး ကြားကြရတာပဲ မဟုတ်လား။ ဒီတော့ ဘယ်နေရာကို ဘာ အတွက် သွားရမှာလဲဆိုတာကို ဘာမှ မဝတ်ရသေးခင်မှာ အရင် စဉ်းစားလိုက် ပါ

Credit:  NOW! Weekly Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top