iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကို ခ်စ္မိတဲ့အတြကက္ စြန္႔လႊတ္ရတာေတြ ရွိေပမဲ့ မစြန္႔လႊတ္သင့္တဲ့အရာေတြလည္း ရွိပါတယ္။ ဘယ္ေလာက္ပဲ ခ်စ္မိပါေစ သင့္ရဲ႕တန္ဖိုးမေပ်ာက္ေေစဖို႔ ဒီအရာေတြကို ဘယ္ေတာ့မွ မစြန္႔လႊတ္မိပါေစနဲ႔။

၁။ သင့္ရဲ႕ရည္မွန္းခ်က္

သင့္ဘဝတုိးတက္ဖို႔ ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ကို ဘာအေၾကာင္းေၾကာင့္နဲ႔မွ မစြန္႔လႊတ္သင့္ပါဘူး။ ရည္မွန္းခ်က္ရွိမွသာ ဘဝဆုိတာ အဓိပၸာယ္ရွိမွာပါ။

၂။ သင့္ရဲ႕အဆင့္အတန္း

အဆင့္အတန္းျမင့္ျမင့္မားမားႀကီး ရွိဖို႔မလိုအပ္ပါဘူး။ သင့္ဘဝကို ဘယ္လိုတည္ေဆာက္ခ်င္လဲ၊ သင့္ကို လူေတြဘယ္လိုဆက္ဆံတာခံခ်င္လဲဆုိတာ သင့္ကိုယ္သင္ အသိဆံုးပါ။ သူ႔ကို ခ်စ္မိတာနဲ႔ပဲ သင့္အဆင့္ကို ႏွိမ့္ခ်ဖို႔မလိုသလို သူ ႏွိမ့္ခ်တာကိုလည္း မခံသင့္ပါဘူး။

၃။ သင့္ရဲ႕ဝါသနာေတြ

ဝါသနာဆိုတာ သင့္ကို ေပ်ာ္ရႊင္ေစတဲ့ရာေတြပါ။ လူတစ္ေယာက္ကို ခ်စ္မိ႐ံုနဲ႔ ကိုယ္ေပ်ာ္ရႊင္ေက်နပ္ရမယ့္ အရာေတြကို စြန္႔ပစ္ရမယ္ဆုိရင္ေတာ့ ဘယ္လိုမွ မတန္ပါဘူး။

၄။ သင့္ရဲ႕ဟာသဉာဏ္

သင္ဟာသေျပာလုိက္တိုင္း သင့္ခ်စ္သူက သင့္ကို ငေပါတစ္ေယာက္လုိ မေက်မနပ္ၾကည့္မယ္ဆုိရင္ေတာ့ အဲဒီလူကို လက္လႊတ္လိုက္ပါ။ သင္ရယ္ေမာတာလည္း မႀကိဳက္၊ သူ ရယ္ေမာေစေအာင္ သင္ျပဳမူတာလည္း မႀကိဳက္တဲ့သူနဲ႔ သင္ဘယ္လိုမွ လက္တြဲလုိ႔ မရႏုိင္ပါဘူး။

၅။ သင့္ရဲ႕သူငယ္ခ်င္းေတြ

ခ်စ္သူနဲ႔ အဆင္ေျပေစဖုိ႔ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြကို မစြန္႔လႊတ္သင့္ပါဘူး။ ခ်စ္သူရွိလာတဲ့အတြက္ သူငယ္ခ်င္းေတြနဲ႔ သြားလာခ်ိန္နည္းသြားတာ မွန္္ေပမဲ့ လူတစ္ေယာက္အတြက္နဲ႔ ကိုယ့္အေပၚ တစ္သက္လံုးေကာင္းလာခဲ့သူေတြကိုု စြန္႔လႊတ္ရမယ္ဆိုတာ အဓိပၸာယ္မရွိပါဘူး။

၆။ သင့္အႀကိဳက္

သင္က သက္သတ္လြတ္စားသူလား၊ အပူအစပ္ေတြကိုမွ ႀကိဳက္သူလား။ ဘာပဲျဖစ္ျဖစ္ သင္ႀကိဳက္တဲ့ဟာေတြကို သင္ဆက္ႀကိဳက္ခြင့္ရွိပါတယ္။ လူတစ္ေယာက္ ေပ်ာ္ရႊင္ေက်နပ္ေစဖို႔ သင့္အႀကိဳက္ေတြကို ေျပာင္းလဲစရာ မလိုပါဘူး။

၇။ သင့္အခ်ိန္္

ခ်စ္သူအတြက္ အခ်ိန္ေပးရတာမွန္ပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ကိုယ္ပိုင္ခ်ိန္အားလံုးကို ေတာင္းဆုိလာၿပီဆုိရင္ေတာ့ သင္ ဒီဇာတ္လမ္းကို ဆက္သင့္သလား စဥ္းစားသင့္ပါဘူး။ သင့္အတြက္ ကိုယ္ပိုင္အခ်ိန္ ဘယ္ေလာက္လိုသလဲဆုိတာ သင္အသိဆံုးပါ။

၈။ သင့္ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္

သင့္ရဲ႕အခ်စ္ေရးခုိင္ျမဲဖို႔ သင့္မွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ရွိပါတယ္။ သင့္ရဲ႕ ေဖ့စ္ဘြတ္ခ္က အျမဲေခ်ာင္းေျမာင္းခံေနရၿပီး သင့္ဖုန္းကို ေတြ႕တုိင္း ဖြင့္ၾကည့္ အေသးစိတ္စစ္ေဆးခံေနရၿပီဆုိရင္ေတာ့ ဒါဟာ မျဖစ္သင့္တဲ့အရာပါ။ ကိုယ္ပိုင္လြတ္လပ္ခြင့္မရွိတဲ့အခါ သင့္ရဲ႕စိတ္က်ဥ္းက်ပ္လာမွာျဖစ္သလို သင့္အခ်စ္ေရးမွာ မလိုုလားအပ္တဲ့ ျပႆနာေတြလည္း ျဖစ္ေပၚလာႏုိင္ပါတယ္။

၉။ သင့္ရဲ႕ခံယူခ်က္

သူနဲ႔ကိုယ္နဲ႔ ခံယူခ်က္မတူတာ ဘာမွမျဖစ္ပါဘူး။ ဒါေပမဲ့ သူ႔အႀကိဳက္လုိက္ၿပီး သင့္ရဲ႕ခံယူခ်က္ကို ေျပာင္းလဲရေတာ့မယ္ဆုိရင္ေတာ့ ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ သင့္ရဲ႕ ကိုယ္ပိုင္ခံယူခ်က္၊ သင့္ရဲ႕ ကိုယ္ပိုင္ပံုစံေၾကာင့္ သူက သင့္ကို ခ်စ္တာပဲ ျဖစ္သင့္ပါတယ္။ သူေျပာသမွ် သူခိုင္းသမွ် နာခံမယ့္သူပဲ လုိခ်င္တယ္ဆုိရင္ေတာ့ ေခြးတစ္ေကာင္သာ ဝယ္ေပးလိုက္ပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

လူတစ်ယောက်ကို ချစ်မိတဲ့အတွကက် စွန့်လွှတ်ရတာတွေ ရှိပေမဲ့ မစွန့်လွှတ်သင့်တဲ့အရာတွေလည်း ရှိပါတယ်။ ဘယ်လောက်ပဲ ချစ်မိပါစေ သင့်ရဲ့တန်ဖိုးမပျောက်ေစေဖို့ ဒီအရာတွေကို ဘယ်တော့မှ မစွန့်လွှတ်မိပါစေနဲ့။

၁။ သင့်ရဲ့ရည်မှန်းချက်

သင့်ဘဝတိုးတက်ဖို့ ချမှတ်ထားတဲ့ ရည်မှန်းချက်ကို ဘာအကြောင်းကြောင့်နဲ့မှ မစွန့်လွှတ်သင့်ပါဘူး။ ရည်မှန်းချက်ရှိမှသာ ဘဝဆိုတာ အဓိပ္ပာယ်ရှိမှာပါ။

၂။ သင့်ရဲ့အဆင့်အတန်း

အဆင့်အတန်းမြင့်မြင့်မားမားကြီး ရှိဖို့မလိုအပ်ပါဘူး။ သင့်ဘဝကို ဘယ်လိုတည်ဆောက်ချင်လဲ၊ သင့်ကို လူတွေဘယ်လိုဆက်ဆံတာခံချင်လဲဆိုတာ သင့်ကိုယ်သင် အသိဆုံးပါ။ သူ့ကို ချစ်မိတာနဲ့ပဲ သင့်အဆင့်ကို နှိမ့်ချဖို့မလိုသလို သူ နှိမ့်ချတာကိုလည်း မခံသင့်ပါဘူး။

၃။ သင့်ရဲ့ဝါသနာတွေ

ဝါသနာဆိုတာ သင့်ကို ပျော်ရွှင်စေတဲ့ရာတွေပါ။ လူတစ်ယောက်ကို ချစ်မိရုံနဲ့ ကိုယ်ပျော်ရွှင်ကျေနပ်ရမယ့် အရာတွေကို စွန့်ပစ်ရမယ်ဆိုရင်တော့ ဘယ်လိုမှ မတန်ပါဘူး။

၄။ သင့်ရဲ့ဟာသဉာဏ်

သင်ဟာသပြောလိုက်တိုင်း သင့်ချစ်သူက သင့်ကို ငပေါတစ်ယောက်လို မကျေမနပ်ကြည့်မယ်ဆိုရင်တော့ အဲဒီလူကို လက်လွှတ်လိုက်ပါ။ သင်ရယ်မောတာလည်း မကြိုက်၊ သူ ရယ်မောစေအောင် သင်ပြုမူတာလည်း မကြိုက်တဲ့သူနဲ့ သင်ဘယ်လိုမှ လက်တွဲလို့ မရနိုင်ပါဘူး။

၅။ သင့်ရဲ့သူငယ်ချင်းတွေ

ချစ်သူနဲ့ အဆင်ပြေစေဖို့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို မစွန့်လွှတ်သင့်ပါဘူး။ ချစ်သူရှိလာတဲ့အတွက် သူငယ်ချင်းတွေနဲ့ သွားလာချိန်နည်းသွားတာ မှန်ပေမဲ့ လူတစ်ယောက်အတွက်နဲ့ ကိုယ့်အပေါ် တစ်သက်လုံးကောင်းလာခဲ့သူတွေကို စွန့်လွှတ်ရမယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။

၆။ သင့်အကြိုက်

သင်က သက်သတ်လွတ်စားသူလား၊ အပူအစပ်တွေကိုမှ ကြိုက်သူလား။ ဘာပဲဖြစ်ဖြစ် သင်ကြိုက်တဲ့ဟာတွေကို သင်ဆက်ကြိုက်ခွင့်ရှိပါတယ်။ လူတစ်ယောက် ပျော်ရွှင်ကျေနပ်စေဖို့ သင့်အကြိုက်တွေကို ပြောင်းလဲစရာ မလိုပါဘူး။

၇။ သင့်အချိန်

ချစ်သူအတွက် အချိန်ပေးရတာမှန်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ကိုယ်ပိုင်ချိန်အားလုံးကို တောင်းဆိုလာပြီဆိုရင်တော့ သင် ဒီဇာတ်လမ်းကို ဆက်သင့်သလား စဉ်းစားသင့်ပါဘူး။ သင့်အတွက် ကိုယ်ပိုင်အချိန် ဘယ်လောက်လိုသလဲဆိုတာ သင်အသိဆုံးပါ။

၈။ သင့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်

သင့်ရဲ့အချစ်ရေးခိုင်မြဲဖို့ သင့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ဖေ့စ်ဘွတ်ခ်က အမြဲချောင်းမြောင်းခံနေရပြီး သင့်ဖုန်းကို တွေ့တိုင်း ဖွင့်ကြည့် အသေးစိတ်စစ်ဆေးခံနေရပြီဆိုရင်တော့ ဒါဟာ မဖြစ်သင့်တဲ့အရာပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတဲ့အခါ သင့်ရဲ့စိတ်ကျဉ်းကျပ်လာမှာဖြစ်သလို သင့်အချစ်ရေးမှာ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

၉။ သင့်ရဲ့ခံယူချက်

သူနဲ့ကိုယ်နဲ့ ခံယူချက်မတူတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ သူ့အကြိုက်လိုက်ပြီး သင့်ရဲ့ခံယူချက်ကို ပြောင်းလဲရတော့မယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ သင့်ရဲ့ ကိုယ်ပိုင်ခံယူချက်၊ သင့်ရဲ့ ကိုယ်ပိုင်ပုံစံကြောင့် သူက သင့်ကို ချစ်တာပဲ ဖြစ်သင့်ပါတယ်။ သူပြောသမျှ သူခိုင်းသမျှ နာခံမယ့်သူပဲ လိုချင်တယ်ဆိုရင်တော့ ခွေးတစ်ကောင်သာ ဝယ်ပေးလိုက်ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top