iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့ထက်တစ်နေ့ လျှမ်းလျှမ်းတောက်အောင်မြင်လာတဲ့ အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွစ်ဟာ အနုပညာကြေးအမြင့်ဆုံးရသူဖြစ်လာတယ်လို့ Forbes မဂ္ဂဇင်းက ကြေညာလိုက်ပါတယ်။ Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်တဲ့ အနုပညာကြေးအမြင့်ဆုံးဆယ်လီ အယောက် ၁၀၀ စာရင်းမှာ တေလာဆွစ်က ထိပ်ဆုံးကနေ ရပ်တည်နေတာပါ။

ယမန်နှစ်က သူမရဲ့ဝင်ငွေဟာ ဒေါ်လာ သန်း ၁၇၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ 1989 နိုင်ငံလှည့်လည်ဖျော်ဖြေပွဲကလည်း ဒေါ်လာ သန်း ၂၀၀ ဝင်ခဲ့ပါတယ်။

Forbes ရဲ့ စာရင်းအရ One Direction အဖွဲ့က ဒေါ်လာ သန်း ၁၁၀ နဲ့ တေလာဆွစ်နောက်က ရပ်တည်နေပြီး တေလာဆွစ်ရဲ့ရည်းစားဟောင်း ကယ်ဗင်ဟားရစ်က ဒေါ်လာ ၆၃ သန်းနဲ့ အဆင့် ၂၁ နေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိရည်းစား ဗြိတိန်သရုပ်ဆောင် တွမ်ဟစ်ဒယ်လ်စတန်ကတော့ စာရင်းထဲတောင် ပါမလာပါဘူး။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top