iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် သဘောကျတတ်ဖို့ လိုပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်က ကျေနပ်နှစ်သက်စရာလို့ မမြင်နိုင်တဲ့အခါ ပျော်ရွှင်မှုနဲ့ ဝေးကွာနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သက်စေဖို့ ဒီအချက်တွေက ကူညီနိုင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် သဘောကျမိတဲ့ အချက်တွေကို တွေးပါ

ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတဲ့ အတွေ့အကြုံနဲ့ အားရမိတဲ့ အောင်မြင်မှု အမှတ်တရတွေကို တွေးကြည့်ပါ။ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း ကိုယ့်ဘဝရဲ့ ဂုဏ်ယူစရာတွေကို စဉ်းစားကြည့်ပါ။ အစပိုင်းမှာတော့ ဒီလိုလုပ်ရတာဟာ ကိုယ့်အတွက် ကသိကအောက်နဲ့ ရှက်ကိုးရှက်ကန်းဖြစ်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ သင့်ကိုယ်သင့် ကျေနပ်လာတတ်ပါလိမ့်မယ်။

ကိုယ့်အားနည်းချက်တွေကို လက်ခံပါ

လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။ သင့်မှာလည်း အားနည်းချက် ချွို့ယွင်းချက် မကင်းနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေကို စိတ်ညစ်နေမယ့်အစား လက်ခံလိုက်ပါ။ သင့်ရဲ့အားနည်းချက် ချွို့ယွင်းချက်တွေက သင်ထင်ထားတာထက် ထက်ဝက်မျှပင် ဆိုးရွားနေတာ မဟုတ်ဘူးလို့ ခံစားလာရပြီး ဖြေသိမ့်နိုင်လာပါလိမ့်မယ်။

ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာကို လုပ်ပါ

သူများကို ပျော်ရွှင်စေဖို့ထက် ဘယ်အရာက ကိုယ့်ကို အမှန်တစ်ကယ် ပျော်ရွှင်စေသလဲဆိုတာ သိအောင်ကြိုးစားပါ။ ကိုယ့်ဘဝမှာ ကိုယ်တိုင် သတ်မှတ်ချက်တွေနဲ့အတူ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လုပ်ပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေပါတယ်။

အတိတ်ကို မေ့လိုက်ပါ

လူတိုင်းဟာ အတိတ်မှာ အမှားတွေ ရှိခဲ့ကြမှာပါ။ လူတိုင်းမှာ အတိတ်က ဖြစ်ရပ်ဆိုးတွေလည်း ရှိနိုင်ပါတယ်။ အတိတ်က အမှားတွေနဲ့ ဖြစ်ရပ်ဆိုးတွေကို ပြန်တွေးတောနေတာက သင့်ရဲ့ပျော်ရွှင်မှုကို ဖျက်စီးပစ်သလိုပဲ။ အတိတ်ကဖြစ်ခဲ့သမျှအပေါ် သင်ခန်းစာယူပြီးရင် သင့်ရဲ့အတိတ်ကို မေ့ပစ်လိုက်ပါ။ လက်ရှိဘဝမှာ သင် ကျေနပ်ပျော်ရွှင်လာပါလိမ့်မယ်။

အခြားသူတွေ သဘောကျအောင် ကြိုးစားနေတာ ရပ်လိုက်ပါ

အခြားသူတွေက သင့်အပေါ် အမြဲတမ်းပဲ ပြောစရာတွေ ရှိနေပါလိမ့်မယ်။ သင့်ရဲ့အလုပ်၊ သင့်ရဲ့ချစ်သူ စတဲ့ သင်နဲ့ပတ်သက်တာတွေအပေါ် ဝေဖန်နေမှာပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ အရာတွေအပေါ် အခြားသူတွေ သဘောကျအောင် ကြိုးစားနေခြင်းက ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုနဲ့ ဝေးကွာစေပါတယ်။

အခြားသူတွေ သဘောကျနှစ်သက်ဖို့ထက် ကိုယ့်အတွက် အဆင်ပြေဆုံးလို့ ကိုယ်တိုင်သတ်မှတ်တဲ့ အရာတွေကို ဘဝမှာပိုင်ဆိုင်နေဖို့ကသာ သင့်အတွက် အရေးကြီးပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top