iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော် ဆယ်လီနာဂိုမက်ဇ် ကိုကာကိုလာ သောက်နေသည့် ဓာတ်ပုံသည် အင်စတာဂရမ်ဝက်ဘ်ဆိုက်တွင် Like အများဆုံးရသော ဓာတ်ပုံ ဖြစ်လာသည်။

၎င်း၏ သီချင်းစာသားပါဝင် သော ယင်းဓာတ်ပုံကို အင်စတာ ဂရမ်တွင် လွန်ခဲ့သည့် သီတင်း နှစ်ပတ်က တင်ခဲ့ခြင်းဖြစ်ပြီး Like ပြုလုပ်သူ ၂ ဒသမ ၁ သန်း ကျော်သွားပြီဖြစ်သည်။


ယခင်က အင်စတာဂရမ် တွင် Like အများဆုံးစံချိန်တင်ခဲ့ သော ဓာတ်ပုံသည် ဂျပ်စတင်ဘီဘာက ဆယ်လီနာဂိုမက်ဇ်အား အနမ်းပေးနေသော ဓာတ်ပုံဖြစ် သည်။

ဆယ်လီနာသည် ဓာတ်ပုံဝေ မျှသော ဝက်ဘ်ဆိုက်ဖြစ်သည့်အင်စတာဂရမ်တွင် မိတ်ဆွေအများဆုံးရှိသူ ဖြစ်သည်။

ယခု Like အများဆုံးစံချိန် တင်ရရှိထားသော ဓာတ်ပုံတွင် ဆယ်လီနာသည် အနီရောင်အင်္ကျီ ဝတ်ဆင်ထားပြီး Revival တေး အယ်လ်ဘမ်မှ Me & the Rhythm သီချင်းပါစာသားဖြစ် သည့် 'You're the Spark'ဆိုသော စာသားကို ကိုကာကိုလာပုလင်း ပေါ်၌ မြင်တွေ့ရသည်။


ယခင် Like အများဆုံးရခဲ့ သော ဂျပ်စတင်ဘီဘာနှင့် ဆယ် လီနာတို့ အနမ်းပေးနေပုံသည် Like ၃ ဒသမ ၇ သန်းဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီက ကန်ဒဲလ် ဂျန်နာ၏    ဓာတ်ပုံတစ်ပုံသည် Like ၃ ဒသမ ၆ သန်းအထိ အများဆုံးရရှိခဲ့သည်။

ဆယ်လီနာသည် အင်စတာ ဂရမ်တွင် မိတ်ဆွေ ၈၉ ဒသမ ၂ သန်းအထိရှိပြီး ၎င်းက ပရိသတ် များအား ‘‘ဟေ့လူတွေ၊ ကျွန်မ အင်စတာဂရမ်မှာ    မိတ်ဆွေ အများဆုံးနံပါတ် ၁ ဖြစ်လာလို့ ကျေးဇူးတင်ပါတယ်’’ဟု ရေးသား ထားသည်။

၎င်း၏ချစ်သူဟောင်း ဂျပ် စတင်ဘီဘာက အင်စတာဂရမ် တွင် မိတ်ဆွေ ၇၄ ဒသမ ၈ သန်း၊တေလာဆွစ်ဖ်က မိတ်ဆွေ ၈၅ဒသမ ၂ သန်းနှင့် လူမှုကွန်ရက် ဘုရင်မ ကင်ကာဒစ်ရှန်က မိတ်ဆွေ ၇၆ ဒသမ ၇ သန်း စီရှိ သည်။


Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top