iMyanmarHouse.com - Best Property Website for Myanmar
×

အိုမင်းရင့်ရော်မှု အရှိန်နှေးကွေးစေ၊ သွေးပေါင်ပုံမှန်ဖြစ်စေပြီး ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက် ရရှိပိုင်ဆိုင်စေမယ့် လက်ဖက်ခြောက်ထက် ကောင်းတာ ဘာရှိဦးမလဲ။ အကောင်းဆုံးဖြေရှင်းနည်းက Yellow tea ပဲ ဖြစ်ပါတယ်။

Yellow tea က Green tea နဲ့ အမြဲပတ်သက်ဆက်နွယ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အပင်ဟာ တစ်ခုတည်းဖြစ်ခြင်းကြောင့် ပါပဲ။

ဒီလက်ဖက်ခြောက်နှစ်ခုကြား ကွဲပြားမှုက ခူးတဲ့အချိန်ပါ။ Yellow tea ပြင်ဆင်တော့မယ်ဆိုရင် စောပြီး ခူးရပါတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် နောက်ထပ်အပင်ကြီးထွားတဲ့အခါ ဆုံးရှုံးသွားတဲ့ antioxidants တွေ ပိုမိုပါဝင်ပါတယ်။
Green tea လိုပဲ Yellow tea မှာ ကဖိန်းဓာတ်ပမာဏများစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ညအိပ်ရာမဝင်ခါနီး ရှောင်ရှားဖို့ လိုပါတယ်။

Yellow tea က ကျန်းမာရေးအတွက် ကောင်းမွန်နေစဉ်မှာပဲ ကိုယ်အလေးချိန်လျှော့ချခြင်းအတွက် အကောင်းဆုံးလူသိများတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကို ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများနဲ့ တွဲဖက်သုံးဆောင်ပေးခြင်းက ကိုယ်အလေးချိန် တစ်လ ၁၀ ပေါင်နဲ့အထက် လျော့ကျစေပါတယ်။

ဒီလက်ဖက်ရည်ကြမ်း နေ့စဉ်သောက်သုံးခြင်းက ကျန်းမာရေး၊ နာဗ်ကြောတည်ငြိမ်စေခြင်း၊ အာရုံစိုက်မှုတိုးမြင့်ခြင်းနဲ့ အရွယ်တင်နုပျိုခြင်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျချင်ရင် Yellow tea လက်ဖက်ရည်ကြမ်းနေ့တိုင်းသောက်ပေးပါ။ ကျန်အကျိုးသက်ရောက်မှုတွေအတွက် တစ်နေ့တစ်ခွက် သောက်ရုံနဲ့ လုံလောက်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top