iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ စီမံခန္႔ခြဲမႈ ေကာင္းဖို႔လိုပါတယ္။ စီမံခန္႔ခြဲတဲ့ေနရာမွာလည္း တစ္ေန႔တာ ဘ၀ ေနထိုင္မႈ အမူအက်င့္ေတြကို စီမံခန္႔ခြဲဖို႔ကလည္း ထူးခၽြန္ေနဖို႔လိုပါတယ္။ ပေရာ္ဖက္ရွင္နယ္ အဆင့္အထိ စီမံခန္႔ခြဲမႈေကာင္းတဲ့သူေတြ ညမအိပ္မွာ ျပဳလုပ္တတ္ေလ့ရွိတဲ့ အမူအက်င့္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဧည့္ခန္းကို သန္႔ရွင္းေရးလုပ္ျခင္း

သင္ ညဘက္အိပ္ယာမ၀င္ခင္ ရွိေနတဲ့အရာေတြဟာ သင္မနက္ အိပ္ယာ ႏိုးထလာရမယ့္ အရာေတြပါပဲ။ ဒါေၾကာင့္ သင္မနက္မွာ ၾကည္ၾကည္လင္လင္ႏိုးထ လာဖို႔အတြက္ ဧည့္ခန္းကို သန္႔ရွင္းေရး လုပ္သင့္ပါတယ္။

၂။ စားပြဲေတြကို သန္႔ရွင္းေရးလုပ္ျခင္း

အလုပ္စားပြဲ ၊ ထမင္းစားပြဲ ၊ မီးဖိုေခ်ာင္စားပြဲ အစရွိတဲ့ စားပြဲမ်က္ႏွာျပင္ေတြအားလံုးကို သန္႔ရွင္းေရးလုပ္ထားမွသာ သင္မနက္ႏိုးထလာတဲ့အခါ အေရးေပၚလိုအပ္လို႔ စားပြဲတစ္ခုခုကို အသံုးျပဳရတဲ့အခါမွာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္မလာေတာ့မွာပါ။

၃။ ေနာက္တစ္ေန႔မနက္အတြက္ ႀကိဳတင္ထုပ္ပိုးထားျခင္း

မနက္ပိုင္းဆိုတာဟာ သက္ေတာင့္သက္သာ ျဖတ္သန္းရတဲ့အခ်ိန္ကာလပါ။ မနက္ပိုင္းမွာ အလုပ္ေတြစုပံုၿပီး ရႈပ္လိုက္တဲ့အခါမွာ သာမန္အခ်ိန္ထက္ ၂ ဆ ပိုမို ပင္ပန္းစြာေျဖရွင္းရေလ့ရွိပါတယ္။ ဒါေၾကာင့္ ညမအိပ္ခင္ ၅ မိနစ္ေလာက္ အခ်ိန္ေပးၿပီး မနက္အတြက္ ႀကိဳတင္ျပင္ဆင္ထားမွသာ သင္ ျဖတ္သန္းရမယ့္ ေနာက္တစ္ေန႔ဟာ အရာရာ အဆင္ေျပေနမွာပါ။

၄။ မနက္ျဖန္အတြက္ အ၀တ္အစားေတြ ႀကိဳတင္ျပင္ဆင္ထားျခင္း

ညမအိပ္ခင္ကတည္းက မနက္ျဖန္ အလုပ္သြားလုပ္ရတဲ့အခါ ဘာ၀တ္သြားမယ္ဆိုတာကို ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။ သြားခါနီးမွသာ စိတ္ပါတဲ့ ဆြဲ၀တ္သြားမယ္ဆိုတာမ်ိဳးဟာ ထင္ထားတာထက္ပိုၿပီး အခ်ိန္ကုန္ လူပင္ပန္းေစပါတယ္။

၅။ မနက္ျဖန္အတြက္ "လုပ္စရာရွိသည္မ်ား" ကို စာရင္းျပဳစုထားျခင္း

ည မအိပ္ခင္မွာ မနက္ျဖန္အတြက္ ေဆာင္ရြက္ဖို႔ ရွိေနတဲ့ အလုပ္ကိစၥေတြနဲ႔ ပတ္သက္ၿပီး စာရင္းလုပ္ထားလိုက္ျခင္း အားျဖင့္ မနက္ျဖန္အတြက္ စိတ္ဖိစီးမႈေတြ ေလ်ာ့က်သြားပါတယ္။ အဲဒီလို စိတ္ဖိစီးမႈ ေလ်ာ့က်သြားမွသာ ည အိပ္စက္မႈဟာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ႏိုင္မွာ ျဖစ္ပါတယ္။

၆။ နည္းပညာ ပစၥည္းေတြကို အေ၀းပို႔ထားျခင္း

ဒါကေတာ့ အေရးအႀကီးဆံုးအခ်က္ပါ။ အိပ္ခါနီးထိ ဖုန္းသံုးေနတာမ်ိဳးက က်န္းမာေရးအတြက္ ထိခိုက္ႏိုင္သလို အနားမွာ ရွိေနတဲ့ ဖုန္းရဲ ႔ အလင္းေရာင္ဟာ အိပ္စက္ေနမႈကို အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကြန္ပ်ဴတာ ၊ ဖုန္း အစရွိတဲ့ နည္းပညာ ပစၥည္းေတြကို အေ၀းမွားထားၿပီး အိပ္စက္တာဟာ အေကာင္းဆံုးပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ စီမံခန့်ခွဲမှု ကောင်းဖို့လိုပါတယ်။ စီမံခန့်ခွဲတဲ့နေရာမှာလည်း တစ်နေ့တာ ဘ၀ နေထိုင်မှု အမူအကျင့်တွေကို စီမံခန့်ခွဲဖို့ကလည်း ထူးချွန်နေဖို့လိုပါတယ်။ ပရော်ဖက်ရှင်နယ် အဆင့်အထိ စီမံခန့်ခွဲမှုကောင်းတဲ့သူတွေ ညမအိပ်မှာ ပြုလုပ်တတ်လေ့ရှိတဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ခြင်း

သင် ညဘက်အိပ်ယာမဝင်ခင် ရှိနေတဲ့အရာတွေဟာ သင်မနက် အိပ်ယာ နိုးထလာရမယ့် အရာတွေပါပဲ။ ဒါကြောင့် သင်မနက်မှာ ကြည်ကြည်လင်လင်နိုးထ လာဖို့အတွက် ဧည့်ခန်းကို သန့်ရှင်းရေး လုပ်သင့်ပါတယ်။

၂။ စားပွဲတွေကို သန့်ရှင်းရေးလုပ်ခြင်း

အလုပ်စားပွဲ ၊ ထမင်းစားပွဲ ၊ မီးဖိုချောင်စားပွဲ အစရှိတဲ့ စားပွဲမျက်နှာပြင်တွေအားလုံးကို သန့်ရှင်းရေးလုပ်ထားမှသာ သင်မနက်နိုးထလာတဲ့အခါ အရေးပေါ်လိုအပ်လို့ စားပွဲတစ်ခုခုကို အသုံးပြုရတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာတော့မှာပါ။

၃။ နောက်တစ်နေ့မနက်အတွက် ကြိုတင်ထုပ်ပိုးထားခြင်း

မနက်ပိုင်းဆိုတာဟာ သက်တောင့်သက်သာ ဖြတ်သန်းရတဲ့အချိန်ကာလပါ။ မနက်ပိုင်းမှာ အလုပ်တွေစုပုံပြီး ရှုပ်လိုက်တဲ့အခါမှာ သာမန်အချိန်ထက် ၂ ဆ ပိုမို ပင်ပန်းစွာဖြေရှင်းရလေ့ရှိပါတယ်။ ဒါကြောင့် ညမအိပ်ခင် ၅ မိနစ်လောက် အချိန်ပေးပြီး မနက်အတွက် ကြိုတင်ပြင်ဆင်ထားမှသာ သင် ဖြတ်သန်းရမယ့် နောက်တစ်နေ့ဟာ အရာရာ အဆင်ပြေနေမှာပါ။

၄။ မနက်ဖြန်အတွက် အဝတ်အစားတွေ ကြိုတင်ပြင်ဆင်ထားခြင်း

ညမအိပ်ခင်ကတည်းက မနက်ဖြန် အလုပ်သွားလုပ်ရတဲ့အခါ ဘာဝတ်သွားမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ သွားခါနီးမှသာ စိတ်ပါတဲ့ ဆွဲဝတ်သွားမယ်ဆိုတာမျိုးဟာ ထင်ထားတာထက်ပိုပြီး အချိန်ကုန် လူပင်ပန်းစေပါတယ်။

၅။ မနက်ဖြန်အတွက် "လုပ်စရာရှိသည်များ" ကို စာရင်းပြုစုထားခြင်း

ည မအိပ်ခင်မှာ မနက်ဖြန်အတွက် ဆောင်ရွက်ဖို့ ရှိနေတဲ့ အလုပ်ကိစ္စတွေနဲ့ ပတ်သက်ပြီး စာရင်းလုပ်ထားလိုက်ခြင်း အားဖြင့် မနက်ဖြန်အတွက် စိတ်ဖိစီးမှုတွေ လျော့ကျသွားပါတယ်။ အဲဒီလို စိတ်ဖိစီးမှု လျော့ကျသွားမှသာ ည အိပ်စက်မှုဟာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

၆။ နည်းပညာ ပစ္စည်းတွေကို အဝေးပို့ထားခြင်း

ဒါကတော့ အရေးအကြီးဆုံးအချက်ပါ။ အိပ်ခါနီးထိ ဖုန်းသုံးနေတာမျိုးက ကျန်းမာရေးအတွက် ထိခိုက်နိုင်သလို အနားမှာ ရှိနေတဲ့ ဖုန်းရဲ့ အလင်းရောင်ဟာ အိပ်စက်နေမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၊ ဖုန်း အစရှိတဲ့ နည်းပညာ ပစ္စည်းတွေကို အဝေးမှားထားပြီး အိပ်စက်တာဟာ အကောင်းဆုံးပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top