iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္းပန္ပါတယ္ ဆိုတဲ့ စကား ဟာ အၿမဲတမ္းအတြက္ ေကာင္းမြန္သင့္ေတာ္တဲ့ စကားလံုး မ်ိဳး မဟုတ္ပါဘူး။ လိုအပ္မွသာ ေျပာသင့္တဲ့စကားမ်ိဳးပဲ ျဖစ္ပါတယ္။ ေတာင္းပန္ပါတယ္ဆိုတဲ့ စကားကို ေျပာဆိုေနျခင္းက ရပ္ဖို႔လိုအပ္ေနတာကေတာ့ အမ်ိဳးသမီး ေတြပဲ ျဖစ္ပါတယ္။

၂၀၁၀ ခုႏွစ္က ျပဳလုပ္ခဲ့ၿပီး Psychological Science ဆိုတဲ့ ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈ တစ္ခုအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသား ေတြထက္ ပိုၿပီး ေတာင္းပန္ၾကေလ့ ရွိတယ္ဆိုတာကို သိရွိခဲ့ရပါတယ္။ အေျခခံအားျဖင့္ ေျပာရမယ္ဆိုရင္ သုေတသီေတြရွာေဖြေတြ႔ရွိခဲ့တဲ့ ရလဒ္က “အမ်ိဳးသမီးေတြဟာ တိုက္ခိုက္ေစာ္ကားလာမႈေတြကို တုံ႔ျပန္ႏိုင္စြမ္း နည္းပါးၾကလို႔” ပဲ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြအေနနဲပလည္း ကိုယ့္ေၾကာင့္ မလိုလားအပ္တဲ့ တံု႔ျပန္မႈ ေတြ ဆက္တိုက္ တစ္ပါးသူအေပၚမွာ ျဖစ္သြားေစတဲ့ အေနအထားမ်ိဳးကလြဲၿပီး ဘယ္လို ျပႆနာမ်ိဳးကို မဆို ေတာင္းပန္ပါတယ္ ဆိုတဲ့ စကားလံုးမပါပဲ ေျဖရွင္းသင့္တယ္လို႔လည္း သုေတသီေတြက အႀကံေပးထားပါတယ္။ ဥပမာအေနနဲ႔ လူတစ္ေယာက္နဲ႔ စကားေျပာဆို ျငင္းခံုၾကတဲ့အခါမွာ တစ္ဖက္သားကို နာက်င္သြားေစမယ့္ စကားလံုးေတြနဲ႔ ေျပာဆိုလိုက္ၿပီးမွ မွားမွန္းသိၿပီးေတာင္းပန္ လိုက္ေပမယ့္လည္း အေျခအေနေတြက ဘာမွ ထူးမသြားႏိုင္ပါဘူး။ အဲဒီအေျခအေနမွာ တစ္ကယ္လုပ္ရမွာက မဆင္မျခင္ ေျပာဆိုတတ္တဲ့ အက်င့္ကို ေျပာင္းလဲဖို႔ပဲ ျဖစ္ပါတယ္။


Credit : Trend Myanmar


 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
တောင်းပန်ပါတယ် ဆိုတဲ့ စကား ဟာ အမြဲတမ်းအတွက် ကောင်းမွန်သင့်တော်တဲ့ စကားလုံး မျိုး မဟုတ်ပါဘူး။ လိုအပ်မှသာ ပြောသင့်တဲ့စကားမျိုးပဲ ဖြစ်ပါတယ်။ တောင်းပန်ပါတယ်ဆိုတဲ့ စကားကို ပြောဆိုနေခြင်းက ရပ်ဖို့လိုအပ်နေတာကတော့ အမျိုးသမီး တွေပဲ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့ပြီး Psychological Science ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုအရ အမျိုးသမီးတွေဟာ အမျိုးသား တွေထက် ပိုပြီး တောင်းပန်ကြလေ့ ရှိတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် သုတေသီတွေရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ်က “အမျိုးသမီးတွေဟာ တိုက်ခိုက်စော်ကားလာမှုတွေကို တုံ့ပြန်နိုင်စွမ်း နည်းပါးကြလို့” ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲပလည်း ကိုယ့်ကြောင့် မလိုလားအပ်တဲ့ တုံ့ပြန်မှု တွေ ဆက်တိုက် တစ်ပါးသူအပေါ်မှာ ဖြစ်သွားစေတဲ့ အနေအထားမျိုးကလွဲပြီး ဘယ်လို ပြဿနာမျိုးကို မဆို တောင်းပန်ပါတယ် ဆိုတဲ့ စကားလုံးမပါပဲ ဖြေရှင်းသင့်တယ်လို့လည်း သုတေသီတွေက အကြံပေးထားပါတယ်။ ဥပမာအနေနဲ့ လူတစ်ယောက်နဲ့ စကားပြောဆို ငြင်းခုံကြတဲ့အခါမှာ တစ်ဖက်သားကို နာကျင်သွားစေမယ့် စကားလုံးတွေနဲ့ ပြောဆိုလိုက်ပြီးမှ မှားမှန်းသိပြီးတောင်းပန် လိုက်ပေမယ့်လည်း အခြေအနေတွေက ဘာမှ ထူးမသွားနိုင်ပါဘူး။ အဲဒီအခြေအနေမှာ တစ်ကယ်လုပ်ရမှာက မဆင်မခြင် ပြောဆိုတတ်တဲ့ အကျင့်ကို ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။


Credit : Trend Myanmar





 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top