iMyanmarHouse.com - Best Property Website for Myanmar
×

အေရးေပၚသေႏၶတား ေဆးကုိ တစ္လလွ်င္ သံုးႀကိမ္ ထက္ပိုမေသာက္သံုးသင့္ေၾကာင္းႏွင့္ သတိျပဳရမည့္အခ်က္ အခ်ဳိ႕လည္းရိွေၾကာင္း အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာ ဇာနည္ဇင္က ေျပာသည္။

‘‘တကယ့္အေရးေပၚခ်ိန္မွ သာ အေရးေပၚတားေဆးကို သံုး သင့္တယ္။ တစ္လကုိ သံုးခါ ထက္ ပိုမေသာက္ရဘူး။ အိတ္ခ်္ အိုင္ဗီအတြက္ ေသာက္ရတဲ့ေဆး တို႔၊ တီဘီေရာဂါေဆးတုိ႔နဲ႔လည္း အေရးေပၚတားေဆးကို တဲြမ ေသာက္ရဘူး’’ဟု ၎ကဆုိသည္။ေသြးေၾကာထံုးေရာဂါရိွသူ မ်ား၊ ေသြးေရာဂါဆုိင္ရာျပႆနာ ရိွသူမ်ား ေသာက္သံုးရန္ မသင့္ ေၾကာင္း ေဒါက္တာ ဇာနည္ဇင္ က ေျပာသည္။ ထုိ႔အျပင္ ႏွလံုး ေရာဂါရိွသူ၊ ရင္သားကင္ဆာရိွ သူမ်ားႏွင့္ ရာသီဆင္းရက္မမွန္ သူမ်ား သတိျပဳသံုးစြဲရန္ လိုအပ္ ေၾကာင္း အေထြေထြေရာဂါကု ဆရာ၀န္အခ်ိဳ႕က ဆုိသည္။

အိႏိၵယႏုိင္ငံ နယူးေဒလီၿမိဳ႕ တြင္ ေနထုိင္သူ ေဒါက္တာတင့္ ေဆြက အေရးေပၚတားေဆးကုိ အသက္ (၁၆) ႏွစ္ေအာက္ အ မ်ိဳးသမီးမ်ားအတြက္ က်န္းမာေရး ေနာက္ဆက္တြဲဆုိးက်ိဳးမ်ား မည္ ကဲ့သို႔ျဖစ္ႏုိင္သည္ကုိ သုေတသန  ျပဳလုပ္ထားျခင္းမွာ မျပည့္စံုေသး ေသာေၾကာင့္ လံုး၀မသံုးသင့္ ေၾကာင္း၊ ယင္းေဆးေၾကာင့္ ေဟာ္မုန္းေျပာင္းလဲမႈမ်ားျဖစ္ၿပီး ရာသီ လာရက္ေစာျခင္း၊ မလာျခင္း၊ ရာ သီေသြးအဆင္းမ်ားျခင္းမ်ားျဖစ္ ႏုိင္ေၾကာင္းႏွင့္ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းက တစ္ဆင့္ ကူး စက္ေရာဂါမ်ားလည္း ရႏုိင္ေျခရိွ ေၾကာင္း ၎၏ က်န္းမာေရးႏွင့္ ေဆးပညာစာမ်က္ႏွာတြင္ ေဖာ္ျပ ထားသည္။

‘‘အေရးေပၚတားေဆးကုိ လူ ငယ္ေတြ ခဏခဏမသံုးၾကပါနဲ႔။ ေနာက္ၿပီး ကုိယ္၀န္တားေဆး ေတြကုိ ႏွစ္အၾကာႀကီးစဲြသံုးတာ မ်ိဳး မလုပ္သင့္ဘူး။ စားေဆးကို ေလးငါးႏွစ္မကစားရင္ ရင္သား ကင္ဆာ၊ သားအိမ္ကင္ဆာေတြ ျဖစ္ႏုိင္ေျခပိုမ်ားတယ္။ စားေဆး ပဲျဖစ္ျဖစ္၊ ထုိးေဆးပဲျဖစ္ျဖစ္ သံုး ႏွစ္ပဲသံုးသင့္တယ္။ ေရရွည္မွာ ေဘးထြက္ဆုိးက်ိဳးေတြရွိတယ္။ ဥပမာစားေဆးကို သံုးႏွစ္စားၿပီး ရင္ ေနာက္ပုိင္း တျခားသေႏၶတား နည္းကို ေျပာင္းသံုးရမယ္။ နား လည္တတ္ကြၽမ္းတဲ့ ဆရာ၀န္နဲ႔ တုိင္ပင္ၿပီး သံုးပါ။ အခုဆိုရင္ ကုိယ္၀န္တားေဆးေတြကို ယူ အက္စ္ကေန ၀င္လာတာေတြရိွ ေတာ့ အရည္အေသြးေကာင္းတဲ့ ေဆးကုိ ေရြးခ်ယ္သံုးသင့္တယ္’’ ဟု ေဒါက္တာ ဇာနည္ဇင္က ဆို သည္။

Credit : 7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

အရေးပေါ်သန္ဓေတား ဆေးကို တစ်လလျှင် သုံးကြိမ် ထက်ပိုမသောက်သုံးသင့်ကြောင်းနှင့် သတိပြုရမည့်အချက် အချို့လည်းရှိကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဇာနည်ဇင်က ပြောသည်။

‘‘တကယ့်အရေးပေါ်ချိန်မှ သာ အရေးပေါ်တားဆေးကို သုံး သင့်တယ်။ တစ်လကို သုံးခါ ထက် ပိုမသောက်ရဘူး။ အိတ်ချ် အိုင်ဗီအတွက် သောက်ရတဲ့ဆေး တို့၊ တီဘီရောဂါဆေးတို့နဲ့လည်း အရေးပေါ်တားဆေးကို တွဲမ သောက်ရဘူး’’ဟု ၎င်းကဆိုသည်။သွေးကြောထုံးရောဂါရှိသူ များ၊ သွေးရောဂါဆိုင်ရာပြဿနာ ရှိသူများ သောက်သုံးရန် မသင့် ကြောင်း ဒေါက်တာ ဇာနည်ဇင် က ပြောသည်။ ထို့အပြင် နှလုံး ရောဂါရှိသူ၊ ရင်သားကင်ဆာရှိ သူများနှင့် ရာသီဆင်းရက်မမှန် သူများ သတိပြုသုံးစွဲရန် လိုအပ် ကြောင်း အထွေထွေရောဂါကု ဆရာဝန်အချို့က ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် နေထိုင်သူ ဒေါက်တာတင့် ဆွေက အရေးပေါ်တားဆေးကို အသက် (၁၆) နှစ်အောက် အ မျိုးသမီးများအတွက် ကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးများ မည် ကဲ့သို့ဖြစ်နိုင်သည်ကို သုတေသန  ပြုလုပ်ထားခြင်းမှာ မပြည့်စုံသေး သောကြောင့် လုံးဝမသုံးသင့် ကြောင်း၊ ယင်းဆေးကြောင့် ဟော်မုန်းပြောင်းလဲမှုများဖြစ်ပြီး ရာသီ လာရက်စောခြင်း၊ မလာခြင်း၊ ရာ သီသွေးအဆင်းများခြင်းများဖြစ် နိုင်ကြောင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက တစ်ဆင့် ကူး စက်ရောဂါများလည်း ရနိုင်ခြေရှိ ကြောင်း ၎င်း၏ ကျန်းမာရေးနှင့် ဆေးပညာစာမျက်နှာတွင် ဖော်ပြ ထားသည်။

‘‘အရေးပေါ်တားဆေးကို လူ ငယ်တွေ ခဏခဏမသုံးကြပါနဲ့။ နောက်ပြီး ကိုယ်ဝန်တားဆေး တွေကို နှစ်အကြာကြီးစွဲသုံးတာ မျိုး မလုပ်သင့်ဘူး။ စားဆေးကို လေးငါးနှစ်မကစားရင် ရင်သား ကင်ဆာ၊ သားအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေပိုများတယ်။ စားဆေး ပဲဖြစ်ဖြစ်၊ ထိုးဆေးပဲဖြစ်ဖြစ် သုံး နှစ်ပဲသုံးသင့်တယ်။ ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ဥပမာစားဆေးကို သုံးနှစ်စားပြီး ရင် နောက်ပိုင်း တခြားသန္ဓေတား နည်းကို ပြောင်းသုံးရမယ်။ နား လည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးပါ။ အခုဆိုရင် ကိုယ်ဝန်တားဆေးတွေကို ယူ အက်စ်ကနေ ဝင်လာတာတွေရှိ တော့ အရည်အသွေးကောင်းတဲ့ ဆေးကို ရွေးချယ်သုံးသင့်တယ်’’ ဟု ဒေါက်တာ ဇာနည်ဇင်က ဆို သည်။

Credit : 7Day Daily



 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top