iMyanmarHouse.com - Best Property Website for Myanmar
×

ရံုးကအျပန္ ၊ ေက်ာင္းကအျပန္မွာ သီခ်င္းခပ္လန္းလန္းေလးတစ္ပုဒ္ကို နားဆင္လိုက္တာနဲ႔ ကိုယ့္ရဲ႕ ခႏၵာကိုယ္တစ္ခုလံုး လန္းဆန္းသြားသလို ခံစားမႈမ်ိဳး လူတိုင္းျဖစ္ဖူးၾကပါလိမ့္မယ္။ သီခ်င္းနားဆင္ျခင္ဟာ တကယ္ကိုလည္း လူေတြကို နည္းေပါင္းစံုနဲ႔ အက်ိဳးျပဳေနတယ္ဆိုတာ သုေတသီေတြက ေလ့လာေတြ႕ရွိထားပါတယ္။

 ဂီတဟာ ျပင္ပေလာက,ကေနလူေတြရဲ႕ စိတ္နဲ႔ ဆက္သြယ္မႈကို အေကာင္းဆံုးျပဳလုပ္ေပးေနတဲ့ အရာဆိုတာကေတာ့ ဘယ္သူမွ မျငင္းႏုိင္ပါဘူး။ ဂီတနဲ႔ လူ႔ခႏၵာကိုယ္ဟာဆိုရင္ ဝိုင္ယာႀကိဳးနဲ႔ သြယ္တန္းထားသလိုမ်ိဳးကို ခိုင္ျမဲေနတယ္လို႕ သုေတသီေတြက ဆိုပါတယ္။

ဒီလို ခ်ိတ္ဆက္ႏုိင္မႈေတြေၾကာင့္ သီခ်င္းနားဆင္ျခင္းဟာ လူေတြရဲ႕ စိတ္ဒဏ္ရာကို အေကာင္းဆံုးကုစားေပးေနႏိုင္တာလည္း ျဖစ္ပါတယ္။ အဆိုေက်ာ္ Kendrick Lamar ကေတာ့ စိတ္ဒဏ္ရာေတြရလာရင္သီခ်င္းနားေထာင္လုိက္တာက ေဝဒနာတစ္ဝက္ေလာက္ကို ေလွ်ာ့ခ်ပစ္လိုက္ႏုိင္တယ္ ထင္ပါတယ္လို႔ ေျပာပါတယ္။

 သီခ်င္းေတြဟာ နာက်င္မႈေတြ ၊ ေဒါသေတြကို လည္း ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ MNT ကဆိုပါတယ္။ ခြဲစိတ္ခါနီး လူနာေပါင္း ၇၀၀၀ ေက်ာ္ကို လက္ေတြ႕စမ္းသပ္ခဲ့တဲ့ သုေတသနမွာဆုိရင္ သီခ်င္းနားဆင္လုိက္တာဟာ ခြဲစိတ္ခံေနတဲ့အခ်ိန္မွာ နာက်င္မႈေတြ ၊ ေၾကာက္စိတ္ေတြကို အေတာ္ေလးကို ေလွ်ာ့ခ်ေပးႏုိင္လုိက္တယ္လို႔ အေျဖထြက္လာခဲ့ပါတယ္။

ကိုယ္ဝန္ေဆာင္ေတြဟာ သီခ်င္းနားေထာင္ေပးတာနဲ႔  fibromyalgia လို႔ ေခၚတဲ့ ကိုယ္ဝန္ေဆာင္စဥ္ျဖစ္တတ္တဲ့ အဆစ္အျမစ္ကိုက္ခဲမႈေတြကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ ဒိန္းမတ္ႏုိင္ငံက ဆရာဝန္ေတြက ဆိုပါတယ္။ သီခ်င္းနားေထာင္ျခင္းဟာဆုိရင္ ဦးေႏွာက္အတြင္းမွာရွိတဲ့ opioid လို႔ ေခၚတဲ့ နာက်င္မႈေတြကို ေလွ်ာ့ခ်ေပးႏုိင္တဲ့ ျဒပ္ေပါင္းေတြကို ထုတ္လုပ္ေပးမႈကို အစပ်ိဳးေပးႏုိင္တာေၾကာင့္ နာက်င္မႈေတြကို ေလွ်ာ့ခ်ေပးႏုိင္တာပါ။

အကယ္လို႔သာ သင္ဟာ စိတ္ဖိစီးမႈေတြမ်ားလာမယ္ဆိုရင္ေတာ့ အႀကိဳက္ဆံုးသီခ်င္းေတြကို ေရြးၿပီး ထပ္တလဲလဲ နားေထာင္ေပးတာကလည္း ခႏၵာကိုယ္ျဖစ္စဥ္ကုိ စည္းခ်က္ျပန္မွန္ေစၿပီး စိတ္ကုိလည္း ျပန္ၾကည္လင္ေစႏုိင္တယ္လို႔ ကေနဒါႏုိင္ငံက ဂီတပေရာ္ဖက္ဆာ  Isabelle Peretz က စစ္တမ္းျပဳစုႏုိင္ခဲ့ပါတယ္။


ဂီတဟာ ႏွလံုးေရာဂါအတြက္ အေကာင္းဆံုးကုထံုးအျဖစ္ သုေတသီေတြက လက္ခံထားၾကပါတယ္။  ဂီတ ကုထံုးဟာ လူနာေတြကို စိတ္တည္ၿငိမ္ေစတဲ့အတြက္ ႏွလံုးနဲ႔ ေသြးေၾကာေတြရဲ႕ တံု႔ျပန္မႈေတြကို တည္ၿငိမ္သြားေစတဲ့ သက္ေရာက္မႈေတြ ျဖစ္ေပၚေစတာပဲ ျဖစ္ပါတယ္။၁၀ စကၠန္႔စာ စည္းခ်က္သံေတြ ကို ထပ္ခါထပ္ခါနားေထာင္ေနျခင္းဟာ ေသြးဖိအား ေျပာင္းလဲမႈေတြျဖစ္ေပၚေစသလို ႏွလံုးခုန္ႏႈန္း ျမန္ေနတာကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။ သီခ်င္းနားေထာင္တာဟာဆုိရင္ ေသြးဖိအား ၊ ႏွလံုးခုန္ႏႈန္းနဲ႔ ခႏၵာကိုယ္ အပူခ်ိန္ေတြကို တုိက္ရိုက္အက်ိဳးသက္ေရာက္ၿပီး ကိုယ္နားေထာင္တဲ့ သီခ်င္းေပၚမူတည္ၿပီး ေျပာင္းလဲတယ္လုိ႔ သိရပါတယ္။


မၾကာေသးခင္ကမွ ထြက္ေပၚလာတဲ့ စစ္တမ္းအရေတာ့ ဂီတနားေထာင္ျခင္းဟာ မ်က္လံုးသူငယ္အိမ္ကို ပိုက်ယ္လာေစတယ္လို႔လည္း သိရပါတယ္။ သီခ်င္းရဲ႕အေၾကာင္းအရာေတြနဲ႔ နားေထာင္သူရဲ႕ သီခ်င္းအေပၚ စိတ္ခံစားမႈတို႔ေပၚမူတည္ၿပီး မ်က္လံုးသူငယ္အိမ္က ပိုက်ယ္လာတာပါ။ ဒါ့ေၾကာင့္ ဆရာ / ဆရာမေတြအေနနဲ႔  အိပ္ငိုက္ေနတဲ့ ေက်ာင္းသားေတြကို သူတို႔ အႀကိဳက္ဆံုး သီခ်င္းေတြကို နားေထာင္ခိုင္းတဲ့နည္းနဲ႔ အိပ္မငိုက္ေအာင္ ျပဳလုပ္ႏုိင္ပါတယ္။



Credit:Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရုံးကအပြန် ၊ ကျောင်းကအပြန်မှာ သီချင်းခပ်လန်းလန်းလေးတစ်ပုဒ်ကို နားဆင်လိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဒာကိုယ်တစ်ခုလုံး လန်းဆန်းသွားသလို ခံစားမှုမျိုး လူတိုင်းဖြစ်ဖူးကြပါလိမ့်မယ်။ သီချင်းနားဆင်ခြင်ဟာ တကယ်ကိုလည်း လူတွေကို နည်းပေါင်းစုံနဲ့ အကျိုးပြုနေတယ်ဆိုတာ သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။

 ဂီတဟာ ပြင်ပလောက,ကနေလူတွေရဲ့ စိတ်နဲ့ ဆက်သွယ်မှုကို အကောင်းဆုံးပြုလုပ်ပေးနေတဲ့ အရာဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဂီတနဲ့ လူ့ခန္ဒာကိုယ်ဟာဆိုရင် ဝိုင်ယာကြိုးနဲ့ သွယ်တန်းထားသလိုမျိုးကို ခိုင်မြဲနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီလို ချိတ်ဆက်နိုင်မှုတွေကြောင့် သီချင်းနားဆင်ခြင်းဟာ လူတွေရဲ့ စိတ်ဒဏ်ရာကို အကောင်းဆုံးကုစားပေးနေနိုင်တာလည်း ဖြစ်ပါတယ်။ အဆိုကျော် Kendrick Lamar ကတော့ စိတ်ဒဏ်ရာတွေရလာရင်သီချင်းနားထောင်လိုက်တာက ဝေဒနာတစ်ဝက်လောက်ကို လျှော့ချပစ်လိုက်နိုင်တယ် ထင်ပါတယ်လို့ ပြောပါတယ်။

 သီချင်းတွေဟာ နာကျင်မှုတွေ ၊ ဒေါသတွေကို လည်း လျှော့ချပေးနိုင်တယ်လို့ MNT ကဆိုပါတယ်။ ခွဲစိတ်ခါနီး လူနာပေါင်း ၇၀၀၀ ကျော်ကို လက်တွေ့စမ်းသပ်ခဲ့တဲ့ သုတေသနမှာဆိုရင် သီချင်းနားဆင်လိုက်တာဟာ ခွဲစိတ်ခံနေတဲ့အချိန်မှာ နာကျင်မှုတွေ ၊ ကြောက်စိတ်တွေကို အတော်လေးကို လျှော့ချပေးနိုင်လိုက်တယ်လို့ အဖြေထွက်လာခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တွေဟာ သီချင်းနားထောင်ပေးတာနဲ့  fibromyalgia လို့ ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့ အဆစ်အမြစ်ကိုက်ခဲမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဒိန်းမတ်နိုင်ငံက ဆရာဝန်တွေက ဆိုပါတယ်။ သီချင်းနားထောင်ခြင်းဟာဆိုရင် ဦးနှောက်အတွင်းမှာရှိတဲ့ opioid လို့ ခေါ်တဲ့ နာကျင်မှုတွေကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ပေးမှုကို အစပျိုးပေးနိုင်တာကြောင့် နာကျင်မှုတွေကို လျှော့ချပေးနိုင်တာပါ။

အကယ်လို့သာ သင်ဟာ စိတ်ဖိစီးမှုတွေများလာမယ်ဆိုရင်တော့ အကြိုက်ဆုံးသီချင်းတွေကို ရွေးပြီး ထပ်တလဲလဲ နားထောင်ပေးတာကလည်း ခန္ဒာကိုယ်ဖြစ်စဉ်ကို စည်းချက်ပြန်မှန်စေပြီး စိတ်ကိုလည်း ပြန်ကြည်လင်စေနိုင်တယ်လို့ ကနေဒါနိုင်ငံက ဂီတပရော်ဖက်ဆာ  Isabelle Peretz က စစ်တမ်းပြုစုနိုင်ခဲ့ပါတယ်။


ဂီတဟာ နှလုံးရောဂါအတွက် အကောင်းဆုံးကုထုံးအဖြစ် သုတေသီတွေက လက်ခံထားကြပါတယ်။  ဂီတ ကုထုံးဟာ လူနာတွေကို စိတ်တည်ငြိမ်စေတဲ့အတွက် နှလုံးနဲ့ သွေးကြောတွေရဲ့ တုံ့ပြန်မှုတွေကို တည်ငြိမ်သွားစေတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။၁၀ စက္ကန့်စာ စည်းချက်သံတွေ ကို ထပ်ခါထပ်ခါနားထောင်နေခြင်းဟာ သွေးဖိအား ပြောင်းလဲမှုတွေဖြစ်ပေါ်စေသလို နှလုံးခုန်နှုန်း မြန်နေတာကိုလည်း လျော့ကျစေနိုင်ပါတယ်။ သီချင်းနားထောင်တာဟာဆိုရင် သွေးဖိအား ၊ နှလုံးခုန်နှုန်းနဲ့ ခန္ဒာကိုယ် အပူချိန်တွေကို တိုက်ရိုက်အကျိုးသက်ရောက်ပြီး ကိုယ်နားထောင်တဲ့ သီချင်းပေါ်မူတည်ပြီး ပြောင်းလဲတယ်လို့ သိရပါတယ်။


မကြာသေးခင်ကမှ ထွက်ပေါ်လာတဲ့ စစ်တမ်းအရတော့ ဂီတနားထောင်ခြင်းဟာ မျက်လုံးသူငယ်အိမ်ကို ပိုကျယ်လာစေတယ်လို့လည်း သိရပါတယ်။ သီချင်းရဲ့အကြောင်းအရာတွေနဲ့ နားထောင်သူရဲ့ သီချင်းအပေါ် စိတ်ခံစားမှုတို့ပေါ်မူတည်ပြီး မျက်လုံးသူငယ်အိမ်က ပိုကျယ်လာတာပါ။ ဒါ့ကြောင့် ဆရာ / ဆရာမတွေအနေနဲ့  အိပ်ငိုက်နေတဲ့ ကျောင်းသားတွေကို သူတို့ အကြိုက်ဆုံး သီချင်းတွေကို နားထောင်ခိုင်းတဲ့နည်းနဲ့ အိပ်မငိုက်အောင် ပြုလုပ်နိုင်ပါတယ်။



Credit:Thithtoolwin



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top