iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းဟာ အခ်စ္စစ္နဲ႕ေတြ႕ဖုိ႕ ေမ်ွာ္လင့္တတ္ၾကပါတယ္။ ျပတ္သြားတဲ့ စံုတြဲေတြထဲမွာလည္း ဘာ့ေၾကာင့္ မျမဲၾကတာလဲလို႕ ျပန္ေမးၾကည့္မယ္ဆုိရင္ ကိုယ့္ခ်စ္သူက ေနာက္တစ္ေယာက္ထပ္ရသြားလို႕၊ ဒါမွမဟုတ္ ကိုယ့္အေပၚ ဂရုမစိုက္ေတာ့လုိ႕၊ ကိုယ့္ကို အခ်ိန္မေပးေတာ့လို႕၊ ကိုယ္နဲ႕သေဘာထားခ်င္း ဘယ္လုိမွ မတုိက္ဆုိင္ေတာ့လို႕ စသျဖင့္ အေၾကာင္းျပခ်က္ေပါင္းာ မ်ားစြာနဲ႕ေပါ့။ ဒါေပမယ့္ ေနာက္ထပ္ တစ္ခ်က္ကိုေတာ့ လူေတြက ၀န္ခံခ်င္စိတ္မရွိပါဘူး။ အဲ့ဒါက ကိုယ့္ကိုကိုယ္ မရိုးသားတာပါ။ ဒါ့အျပင္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမရွိတာမ်ိဳးေတြလည္း ပါပါတယ္။

ဒီေတာ့ ျပတ္ေတာက္သြားတဲ့ အခ်စ္ေရးေၾကာင့္ ေနာက္ထပ္ အခ်စ္ဆုိတာ မရွိေတာ့ဘူးခ်ည္းေတာ့ ေအာ္မေနသင့္ပါဘူး။ သင္ကိုယ္တုိင္ ကိုယ့္ကိုကုိယ္ နားလည္ေအာင္ၾကိဳးစားမယ္၊ ယံုၾကည္မႈရွိရွိေနမယ္၊ ကုိယ္ဘာလုိခ်င္ေနသလဲဆုိတာ သိဖုိ႕လိုပါတယ္။ အဲ့ဒီလိုေတြ သိဖုိ႕လုိေနတယ္ဆုိတာကိုလည္း ေသခ်ာလက္ခံျပီး သင့္ဟန္ေဆာင္တပ္ဆင္ထားတဲ့ မ်က္ႏွာဖံုးေတြကို ခြာခ်ပစ္လိုက္ပါ။ အရွိကုိ အရွိအအတုိင္း ရိုးသားစြာေနၾကည့္ပါ။ အဲ့ဒီလို ျဖစ္ေစဖုိ႕ သင့္အေနနဲ႕ လုပ္ေဆာင္ၾကည့္ရမယ့္ အခ်က္ေတြ ရွိပါတယ္။

၁။ ေနေရာင္ျခည္နဲ႕ အျမဲထိေတြ႔ပါ။

တကယ္ေတာ့ ေနေရာင္ျခည္ေႏြးေႏြးေလးနဲ႕ လူ႕အသားထိေတြ႕တဲ့အခါ လူေတြစိတ္ထဲက ပင္ပန္းမႈ၊ စိတ္ဖိစီးမႈေတြ ေလ်ာ့က်သြားပါတယ္။ ဒါ့အျပင္ ေနေရာင္ျခည္ေႏြးေႏြးေလးေအာက္ ေရာက္သြားသူတိုင္း ဒီခံစားမႈကို သာယာၾကည္ႏူးသြားတတ္ၾကတာေၾကာင့္ တစ္ေန႕ကို ၁၅မိနစ္ေလာက္ အနည္းဆံုး ေနေရာင္ျခည္ေအာက္မွာ ေနေပးသင့္ပါတယ္။

၂။သင့္ရဲ႕ရွက္ေၾကာက္တတ္တဲ့ စိတ္ခံစားခ်က္ေတြကို ေဖ်ာက္ဖ်က္ပစ္လိုက္ပါ။

ကိုယ့္ကိုကုိယ္ ဘယ္အရာေတြကို ေၾကာက္တတ္ရွက္တတ္သလဲဆုိတာ သိေနဖုိ႕လိုပါတယ္။ သင္အျမဲတမ္း ရွက္ေၾကာက္ေနတတ္တဲ့ အရာေတြကို ခ်ေရးပါ။ ျပီးရင္ တစ္ေနရာမွာ အဲ့ဒီေရးခ်ထားတဲ့ စာရြက္ကို မီးရႈိ႕လိုက္ပါ။ ဒီလိုျပဳလုပ္ျခင္းဟာ သင့္စိတ္ထဲ ျဖစ္ေပၚေနတဲ့ ရွက္ေၾကာက္တဲ့စိတ္ေတြကို ေလ်ာ့ပါးသြားပါလိမ့္မယ္။

၃။ ေန႕စဥ္ေန႕တုိင္း ဒီအရာေတြကို ေတြးပါ။ စိတ္ထဲအျမဲရြတ္ဆိုေနပါ။

- ငါဟာ စိတ္စြမ္းအားရွိတဲ့သူတစ္ေယာက္ျဖစ္တယ္။

- ငါဟာ ငါ့ကိုယ္ငါ ယံုၾကည္တယ္။

- ငါဟာ ငါ့ဘ၀ရဲ႕ ဖန္တီးရွင္၊ ပဲ့ကိုင္ရွင္ပဲ။

- ငါဟာ အေျပာင္းအလဲေကာင္းေတြျဖစ္ဖုိ႕ငါစိတ္စြမ္းအားေတြနဲ႕ ၾကိဳးစားေနျပီ။

၄။ တတ္ႏိုင္သေလာက္ က်န္းမာေရးနဲ႕ညီညြတ္စြာေနပါ။

အရင္က ကိုယ္လက္ေလ့က်င့္ခန္းေတြဘာေတြ မလုပ္ျဖစ္ဘူးဆုိရင္ ခုအခ်ိန္ေပးျပီး လုပ္ျဖစ္ေအာင္လုပ္ပါ။ ေနာက္ ေယာဂက်င့္တာမ်ိဳးေတြ လုပ္ပါ။ အသားေတြေရွာင္ျပီး အသီးအရြက္မ်ားမ်ားစားတာမ်ိဳးေလးေတြလုပ္ပါ။ သင့္ေန႕စဥ္ဘ၀ကို က်န္းမာလွပေအာင္ ၾကိဳးစားေဖာ္ေဆာင္ၾကည့္ပါ။

၅။ ရိုးသားစြာေျပာဆုိျပဳမူပါ။

ဒီအခ်က္ကေတာ့ အေရးၾကီးပါတယ္။ ကိုယ္ဘာလဲဆုိတာ သိျပီး ကိုယ္လိုခ်င္တာဘာဆုိတာလည္း သိေအာင္လုပ္ပါ။ လူေတြနဲ႕ဆက္ဆံတဲ့အခါ ကိုယ့္ဘက္က ရိုးသားစြာပဲ ေျပာဆုိျပဳမူပါ။ ဟန္ေဆာင္တာေတြ မလုပ္ပါနဲ႕။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတိုင်းဟာ အချစ်စစ်နဲ့တွေ့ဖို့ မျှော်လင့်တတ်ကြပါတယ်။ ပြတ်သွားတဲ့ စုံတွဲတွေထဲမှာလည်း ဘာ့ကြောင့် မမြဲကြတာလဲလို့ ပြန်မေးကြည့်မယ်ဆိုရင် ကိုယ့်ချစ်သူက နောက်တစ်ယောက်ထပ်ရသွားလို့၊ ဒါမှမဟုတ် ကိုယ့်အပေါ် ဂရုမစိုက်တော့လို့၊ ကိုယ့်ကို အချိန်မပေးတော့လို့၊ ကိုယ်နဲ့သဘောထားချင်း ဘယ်လိုမှ မတိုက်ဆိုင်တော့လို့ စသဖြင့် အကြောင်းပြချက်ပေါင်းာ များစွာနဲ့ပေါ့။ ဒါပေမယ့် နောက်ထပ် တစ်ချက်ကိုတော့ လူတွေက ဝန်ခံချင်စိတ်မရှိပါဘူး။ အဲ့ဒါက ကိုယ့်ကိုကိုယ် မရိုးသားတာပါ။ ဒါ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာမျိုးတွေလည်း ပါပါတယ်။

ဒီတော့ ပြတ်တောက်သွားတဲ့ အချစ်ရေးကြောင့် နောက်ထပ် အချစ်ဆိုတာ မရှိတော့ဘူးချည်းတော့ အော်မနေသင့်ပါဘူး။ သင်ကိုယ်တိုင် ကိုယ့်ကိုကိုယ် နားလည်အောင်ကြိုးစားမယ်၊ ယုံကြည်မှုရှိရှိနေမယ်၊ ကိုယ်ဘာလိုချင်နေသလဲဆိုတာ သိဖို့လိုပါတယ်။ အဲ့ဒီလိုတွေ သိဖို့လိုနေတယ်ဆိုတာကိုလည်း သေချာလက်ခံပြီး သင့်ဟန်ဆောင်တပ်ဆင်ထားတဲ့ မျက်နှာဖုံးတွေကို ခွာချပစ်လိုက်ပါ။ အရှိကို အရှိအအတိုင်း ရိုးသားစွာနေကြည့်ပါ။ အဲ့ဒီလို ဖြစ်စေဖို့ သင့်အနေနဲ့ လုပ်ဆောင်ကြည့်ရမယ့် အချက်တွေ ရှိပါတယ်။

၁။ နေရောင်ခြည်နဲ့ အမြဲထိတွေ့ပါ။

တကယ်တော့ နေရောင်ခြည်နွေးနွေးလေးနဲ့ လူ့အသားထိတွေ့တဲ့အခါ လူတွေစိတ်ထဲက ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေ လျော့ကျသွားပါတယ်။ ဒါ့အပြင် နေရောင်ခြည်နွေးနွေးလေးအောက် ရောက်သွားသူတိုင်း ဒီခံစားမှုကို သာယာကြည်နူးသွားတတ်ကြတာကြောင့် တစ်နေ့ကို ၁၅မိနစ်လောက် အနည်းဆုံး နေရောင်ခြည်အောက်မှာ နေပေးသင့်ပါတယ်။

၂။သင့်ရဲ့ရှက်ကြောက်တတ်တဲ့ စိတ်ခံစားချက်တွေကို ဖျောက်ဖျက်ပစ်လိုက်ပါ။

ကိုယ့်ကိုကိုယ် ဘယ်အရာတွေကို ကြောက်တတ်ရှက်တတ်သလဲဆိုတာ သိနေဖို့လိုပါတယ်။ သင်အမြဲတမ်း ရှက်ကြောက်နေတတ်တဲ့ အရာတွေကို ချရေးပါ။ ပြီးရင် တစ်နေရာမှာ အဲ့ဒီရေးချထားတဲ့ စာရွက်ကို မီးရှို့လိုက်ပါ။ ဒီလိုပြုလုပ်ခြင်းဟာ သင့်စိတ်ထဲ ဖြစ်ပေါ်နေတဲ့ ရှက်ကြောက်တဲ့စိတ်တွေကို လျော့ပါးသွားပါလိမ့်မယ်။

၃။ နေ့စဉ်နေ့တိုင်း ဒီအရာတွေကို တွေးပါ။ စိတ်ထဲအမြဲရွတ်ဆိုနေပါ။

- ငါဟာ စိတ်စွမ်းအားရှိတဲ့သူတစ်ယောက်ဖြစ်တယ်။

- ငါဟာ ငါ့ကိုယ်ငါ ယုံကြည်တယ်။

- ငါဟာ ငါ့ဘဝရဲ့ ဖန်တီးရှင်၊ ပဲ့ကိုင်ရှင်ပဲ။

- ငါဟာ အပြောင်းအလဲကောင်းတွေဖြစ်ဖို့ငါစိတ်စွမ်းအားတွေနဲ့ ကြိုးစားနေပြီ။

၄။ တတ်နိုင်သလောက် ကျန်းမာရေးနဲ့ညီညွတ်စွာနေပါ။

အရင်က ကိုယ်လက်လေ့ကျင့်ခန်းတွေဘာတွေ မလုပ်ဖြစ်ဘူးဆိုရင် ခုအချိန်ပေးပြီး လုပ်ဖြစ်အောင်လုပ်ပါ။ နောက် ယောဂကျင့်တာမျိုးတွေ လုပ်ပါ။ အသားတွေရှောင်ပြီး အသီးအရွက်များများစားတာမျိုးလေးတွေလုပ်ပါ။ သင့်နေ့စဉ်ဘဝကို ကျန်းမာလှပအောင် ကြိုးစားဖော်ဆောင်ကြည့်ပါ။

၅။ ရိုးသားစွာပြောဆိုပြုမူပါ။

ဒီအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ်ဘာလဲဆိုတာ သိပြီး ကိုယ်လိုချင်တာဘာဆိုတာလည်း သိအောင်လုပ်ပါ။ လူတွေနဲ့ဆက်ဆံတဲ့အခါ ကိုယ့်ဘက်က ရိုးသားစွာပဲ ပြောဆိုပြုမူပါ။ ဟန်ဆောင်တာတွေ မလုပ်ပါနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top