iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္ျပည့္ စိတ္အားတက္ၾကြေနေစဖို႔ နည္းလမ္း (၅)ခု

စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ လုပ္ငန္းတစ္ခုကို စတင္ထူေထာင္ရာမွာ အျမဲတမ္းစိတ္ဓာတ္တက္ၾကြေနဖို႔ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ လုိခ်င္တဲ့ရလဒ္ေတြရရွိမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕ရည္မွန္းခ်က္ေတြအထေျမာက္ေအာင္ျမင္ဖို႔အတြက္ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ အျမဲတမ္းစိတ္အားတက္ၾကြေနေစဖို႔ နည္းလမ္း(၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

    ၁။ မနက္ခင္းမွာ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။

မနက္ခင္းအိပ္ရာက ႏိုးလာတာနဲ႔ ကြန္ပ်ဴတာေရွ႕မွာထိုင္ၿပီး အလုပ္လုပ္တာကို ေရွာင္ၾကဥ္ပါ။ မနက္တိုင္း Gym ကို သြားၿပီး ေလ့က်င့္ခန္းလုပ္တာပဲျဖစ္ျဖစ္၊ အိမ္မွာပဲ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္တာပဲျဖစ္ျဖစ္ လုပ္ေလ့လုပ္ထရွိေအာင္ ႀကိဳးစားပါ။ ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ က်န္းမာေရးကို အေထာက္အကူျဖစ္ေစ႐ုံသာမကပါဘူး။ ခႏၶာကိုယ္စြမ္းအင္ကို ျမွင့္တင္ေပးႏိုင္ၿပီး စိတ္ဖိစီးမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္လာႏိုင္မွာ ျဖစ္ပါတယ္။ ပင္ပန္းႏြမ္းနယ္မႈဟာ စိတ္အားတက္ၾကြမႈကို ခ်ိနဲ႕ေစပါတယ္။ ဒါ့ေၾကာင့္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြက သင့္ကို စြမ္းအင္ျပည့္၀ေစၿပီး တစ္ေန႔တာလံုး စိတ္အားတက္ၾကြေနေစမွာျဖစ္ပါတယ္။

    ၂။ လုပ္စရာရွိတာေတြကို ေစာေစာစီးစီးလုပ္ပါ။

အိပ္ရာက ေစာေစာထေလ့ရွိတာက အက်ိဳးေက်းဇူးအမ်ားႀကီးရွိပါတယ္။ အေပၚမွာေျပာခဲ့သလို အရင္ဆံုး ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ပါ။ ၿပီးရင္ ေရခ်ိဳးၿပီး မနက္စာစားပါ။ ဒါေတြလုပ္ၿပီးတာနဲ႔ တစ္ေန႔တာကို အားအင္အျပည့္နဲ႔စတင္ဖို႔ အသင့္ျဖစ္ေနပါၿပီ။ သင့္ရဲ႕တစ္ေနတာ လုပ္ေဆာင္စရာရွိတဲ့ အေရးကိစၥေတြကို အခ်ိန္ဆြဲမေနပဲ ခပ္ျမန္ျမန္သာ စတင္လုပ္ေဆာင္လိုက္ပါ။ တကယ္အလုပ္ခ်ိန္ကိုေရာက္တဲ့အခါမွာ လုပ္စရာရွိတာေတြ အေတာ္မ်ားမ်ားၿပီးေနၿပီးျဖစ္သလို စိတ္ဖိစီးမႈမရွိပဲ စိတ္အားတက္ၾကြမႈရွိလာမွာ ျဖစ္ပါတယ္။

    ၃။ ကိန္းဂဏန္းအေရအတြက္ေတြကို မ်က္ေျခမျပတ္ပါေစနဲ႔။

သင့္ရဲ႕၀က္ဘ္ဆိုက္ေတြကို ဒီေန႔ဘယ္ႏွစ္ေယာက္၀င္ၾကည့္ပါသလဲ။ ဘယ္ႏွစ္ေယာက္က စိတ္၀င္စားေနပါသလဲ။ ဘယ္ႏွစ္ေယာက္ကေတာ့ သင့္ရဲ႕ေရာင္းကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈကို ၀ယ္ယူသြားပါသလဲ။ ဒီေန႔ ၀င္ေငြဘယ္ေလာက္ရပါသလဲ။ စသျဖင့္ ကိန္းဂဏန္းအေရအတြက္ေတြက သင့္ကို စိတ္အားတက္ၾကြေစတဲ့အရာေတြပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ တစ္ေန႔တာအတြက္ သင္ဘယ္ေလာက္အထိ အလုပ္ႀကိဳးစားခဲ့သလဲဆိုတာကို သူတို႔က ေဖာ္ျပေနတာေၾကာင့္ျဖစ္ပါတယ္။

    ၄။ ေအာင္ျမင္မႈကို စိတ္ကူးပံုေဖာ္ပါ။

စိတ္ကူးထဲမွာ အျပည့္အ၀ယုံၾကည္ထားတာမွန္သမွ် တကယ္ျဖစ္လာႏိုင္ပါတယ္။ ဟုတ္ပါတယ္။ သင့္စိတ္ထဲမွာ ရာႏႈန္းျပည့္ ယုံၾကည္သက္၀င္စိတ္မရွိရင္ ၿပီးေျမာက္ေအာင္ျမင္ဖို႔ ခက္ခဲသလို ယုံၾကည္စိတ္အျပည္ရွိေနရင္ အလြယ္တကူေအာင္ျမင္လာႏိုင္ပါတယ္။ ဒီထက္ပိုၿပီး စိတ္အားတက္ၾကြခ်င္ေသးတယ္ဆိုရင္ သင့္ရဲ႕ရည္မွန္းခ်က္ေတြကို ခ်ေရးထားၿပီး အလုပ္စားပြဲေပၚက ျမင္သာတဲ့ေနရာမွာ ကပ္ထားလိုက္ပါ။ သင့္ရဲ႕ရည္မွန္းခ်က္ေတြကို ျမင္ေနေတြ႕ေနတဲ့အတြက္ သင့္စိတ္ကို ခြန္အားျဖစ္ေစၿပီး စိတ္အားတက္ၾကြေနမွာ ျဖစ္ပါတယ္။

    ၅။ ကိုယ္ပိုင္အခ်ိန္နဲ႔ မိသားစုအတြက္ အခ်ိန္ေပးပါ။

အလုပ္ကေနအနားယူၿပီး ကိုယ္၀ါသနာပါရာကို လုပ္ဖို႔၊ မိသားစုနဲ႔အတူရွိေနဖို႔ အခ်ိန္ေပးသင့္ပါတယ္။ နည္းပညာထြန္းကားတဲ့ ယေန႔ေခတ္အခါမွာ ပံုမွန္ (၉)နာရီကေန (၅)နာရီအလုပ္ခ်ိန္အတိုင္းပဲ အလုပ္လုပ္တဲ့ သူနည္းသြားပါၿပီ။ ေဖာက္သည္ေတြကလည္း ညနက္သန္းေခါင္က်ေတာ့မွ ဖုန္းဆက္တာ အီးေမးလ္ပို႔တာေတြ လုပ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ရွိသေရြ႕အလုပ္လုပ္ေနတာမ်ိဳး မျဖစ္ေစပဲ သင္ကိုယ္တိုင္နဲ႔ မိသားစုအတြက္ အခ်ိန္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒီလို အလုပ္ကို ခဏေမ့ထားၿပီး အခ်ိန္ယူအပန္းေျဖျခင္းက သင့္ကို ရာႏႈန္းျပည့္စိတ္အားတက္ၾကြေနေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။


Credit:Gentleman Magazine


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချိန်ပြည့် စိတ်အားတက်ကြွနေစေဖို့ နည်းလမ်း (၅)ခု

စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုကို စတင်ထူထောင်ရာမှာ အမြဲတမ်းစိတ်ဓာတ်တက်ကြွနေဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လိုချင်တဲ့ရလဒ်တွေရရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ရည်မှန်းချက်တွေအထမြောက်အောင်မြင်ဖို့အတွက် အာရုံစူးစိုက်မှုအပြည့်နဲ့ အမြဲတမ်းစိတ်အားတက်ကြွနေစေဖို့ နည်းလမ်း(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ မနက်ခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

မနက်ခင်းအိပ်ရာက နိုးလာတာနဲ့ ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်လုပ်တာကို ရှောင်ကြဉ်ပါ။ မနက်တိုင်း Gym ကို သွားပြီး လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် လုပ်လေ့လုပ်ထရှိအောင် ကြိုးစားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေရုံသာမကပါဘူး။ ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်လာနိုင်မှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုဟာ စိတ်အားတက်ကြွမှုကို ချိနဲ့စေပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက သင့်ကို စွမ်းအင်ပြည့်ဝစေပြီး တစ်နေ့တာလုံး စိတ်အားတက်ကြွနေစေမှာဖြစ်ပါတယ်။

    ၂။ လုပ်စရာရှိတာတွေကို စောစောစီးစီးလုပ်ပါ။

အိပ်ရာက စောစောထလေ့ရှိတာက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အပေါ်မှာပြောခဲ့သလို အရင်ဆုံး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ ပြီးရင် ရေချိုးပြီး မနက်စာစားပါ။ ဒါတွေလုပ်ပြီးတာနဲ့ တစ်နေ့တာကို အားအင်အပြည့်နဲ့စတင်ဖို့ အသင့်ဖြစ်နေပါပြီ။ သင့်ရဲ့တစ်နေတာ လုပ်ဆောင်စရာရှိတဲ့ အရေးကိစ္စတွေကို အချိန်ဆွဲမနေပဲ ခပ်မြန်မြန်သာ စတင်လုပ်ဆောင်လိုက်ပါ။ တကယ်အလုပ်ချိန်ကိုရောက်တဲ့အခါမှာ လုပ်စရာရှိတာတွေ အတော်များများပြီးနေပြီးဖြစ်သလို စိတ်ဖိစီးမှုမရှိပဲ စိတ်အားတက်ကြွမှုရှိလာမှာ ဖြစ်ပါတယ်။

    ၃။ ကိန်းဂဏန်းအရေအတွက်တွေကို မျက်ခြေမပြတ်ပါစေနဲ့။

သင့်ရဲ့ဝက်ဘ်ဆိုက်တွေကို ဒီနေ့ဘယ်နှစ်ယောက်ဝင်ကြည့်ပါသလဲ။ ဘယ်နှစ်ယောက်က စိတ်ဝင်စားနေပါသလဲ။ ဘယ်နှစ်ယောက်ကတော့ သင့်ရဲ့ရောင်းကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ဝယ်ယူသွားပါသလဲ။ ဒီနေ့ ဝင်ငွေဘယ်လောက်ရပါသလဲ။ စသဖြင့် ကိန်းဂဏန်းအရေအတွက်တွေက သင့်ကို စိတ်အားတက်ကြွစေတဲ့အရာတွေပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်နေ့တာအတွက် သင်ဘယ်လောက်အထိ အလုပ်ကြိုးစားခဲ့သလဲဆိုတာကို သူတို့က ဖော်ပြနေတာကြောင့်ဖြစ်ပါတယ်။

    ၄။ အောင်မြင်မှုကို စိတ်ကူးပုံဖော်ပါ။

စိတ်ကူးထဲမှာ အပြည့်အဝယုံကြည်ထားတာမှန်သမျှ တကယ်ဖြစ်လာနိုင်ပါတယ်။ ဟုတ်ပါတယ်။ သင့်စိတ်ထဲမှာ ရာနှုန်းပြည့် ယုံကြည်သက်ဝင်စိတ်မရှိရင် ပြီးမြောက်အောင်မြင်ဖို့ ခက်ခဲသလို ယုံကြည်စိတ်အပြည်ရှိနေရင် အလွယ်တကူအောင်မြင်လာနိုင်ပါတယ်။ ဒီထက်ပိုပြီး စိတ်အားတက်ကြွချင်သေးတယ်ဆိုရင် သင့်ရဲ့ရည်မှန်းချက်တွေကို ချရေးထားပြီး အလုပ်စားပွဲပေါ်က မြင်သာတဲ့နေရာမှာ ကပ်ထားလိုက်ပါ။ သင့်ရဲ့ရည်မှန်းချက်တွေကို မြင်နေတွေ့နေတဲ့အတွက် သင့်စိတ်ကို ခွန်အားဖြစ်စေပြီး စိတ်အားတက်ကြွနေမှာ ဖြစ်ပါတယ်။

    ၅။ ကိုယ်ပိုင်အချိန်နဲ့ မိသားစုအတွက် အချိန်ပေးပါ။

အလုပ်ကနေအနားယူပြီး ကိုယ်ဝါသနာပါရာကို လုပ်ဖို့၊ မိသားစုနဲ့အတူရှိနေဖို့ အချိန်ပေးသင့်ပါတယ်။ နည်းပညာထွန်းကားတဲ့ ယနေ့ခေတ်အခါမှာ ပုံမှန် (၉)နာရီကနေ (၅)နာရီအလုပ်ချိန်အတိုင်းပဲ အလုပ်လုပ်တဲ့ သူနည်းသွားပါပြီ။ ဖောက်သည်တွေကလည်း ညနက်သန်းခေါင်ကျတော့မှ ဖုန်းဆက်တာ အီးမေးလ်ပို့တာတွေ လုပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ရှိသရွေ့အလုပ်လုပ်နေတာမျိုး မဖြစ်စေပဲ သင်ကိုယ်တိုင်နဲ့ မိသားစုအတွက် အချိန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို အလုပ်ကို ခဏမေ့ထားပြီး အချိန်ယူအပန်းဖြေခြင်းက သင့်ကို ရာနှုန်းပြည့်စိတ်အားတက်ကြွနေစေဖို့ အထောက်အကူဖြစ်စေပါတယ်။


Credit:Gentleman Magazine




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top