iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ငန္းခြင္ထဲ ေရာက္သြားတဲ့အခါ ေက်ာင္းတုန္းကလို သူငယ္ခ်င္း ေရြးေပါင္းသလို လုပ္ေဖာ္ကိုင္ဖက္ေတြကို ေရြးခ်ယ္ေပါင္းဖုိ႕ မျဖစ္ႏိုင္ေတာ့ပါဘူး။ ကုိယ္နဲ႕အဆင္မေျပတဲ့သူလည္းရွိႏိုင္သလို ကိုယ္နဲ႕ကီးကုိက္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြလည္း ရွိလာႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္က အားလံုးနဲ႔ အဆင္ေျပေအာင္ ေနေနရဲ႕သားနဲ႔ ကိုယ့္ကိုၾကည့္မရျဖစ္ၿပီး အျပစ္ေျပာ၊ အျပစ္ျမင္ေနတတ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ ရွိတယ္ဆုိရင္ သူတုိ႔နဲ႔ဆက္ဆံတဲ့အခါ ကိုယ့္ဘက္က အမွားမရွိေအာင္ ေျပာဆို ဆက္ဆံႏိုင္ဖုိ႔ နည္းလမ္းေကာင္းေလးေတြ ေပးခ်င္ပါတယ္။

၁။မွတ္တမ္း မွတ္ရာေတြကို ေသခ်ာသိမ္းဆည္းထားပါ။

အလုပ္မွာ သူနဲ႔ အလုပ္အတူတူ တြဲလုပ္တဲ့အခါ သံုးရတဲ့ မွတ္တမ္းေတြအားလံုးကို ေသခ်ာသိမ္းထားပါ။ သူနဲ႔ကိုယ္ႏွစ္ေယာက္တည္း မဟုတ္ပဲ အျခားတစ္ေယာက္ကိုလည္း သူဘာေတြေျပာေန၊ လုပ္ေနတယ္ဆိုတာ သိထားပါေစ။ လိုအပ္လာ မယ္ဆုိရင္ သူေျပာဖူးတဲ့ စကားေတြကိုပါ အားလံုးမဟုတ္ေတာင္ record ယူထားပါ။ လုပ္ငန္းခြင္မွာ သူကိုယ့္ကို တစ္ခုခုဆုိ အျပစ္ပံုခ်လို႔ မရေအာင္ ကိုယ့္ဘက္က ကာကြယ္ထားတဲ့ သေဘာပါပဲ။

၂။ကိုယ့္ဘက္က ျပင္ဆင္စရာေတြ အားလံုးျပင္ဆင္ပါ။

သူ႕ရဲ႕လုပ္ရပ္ေတြက ကိုယ့္အလုပ္အတြက္ပါ ထိခိုက္မႈေတြ ရွိလာၿပီဆုိရင္ေတာ့ သူနဲ႔ တိုက္ရိုက္စကားသြားေျပာဖုိ႔ အခ်ိန္က်ပါၿပီ။ အလုပ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္အားလံုးကို သူ႕ကိုေထာက္ျပေျပာဆုိႏိုင္ေအာင္ ကိုယ့္ဘက္က ျပင္ဆင္ထားရပါလိမ့္မယ္။ သူ႕ကို ေျပာဆုိတဲ့အခါ ကိုယ္ေရးကိုယ္တာေတြ မပါဘဲ အလုပ္အတြက္ပဲ တိတိက်က်ေျပာဆိုပါ။ သင့္ရဲ႕လုပ္ပံုကိုင္ပံုနဲ႔ ေလသံဟာ ပေရာ္ဖက္ရွင္နယ္ဆန္ေနပါေစ။

၃။ဘာ့ေၾကာင့္လဲဆိုတာ ေကာင္းေကာင္းမြန္မြန္ေမးပါ။

သူဟာ ကိုယ့္ကို သက္သက္မဲ့ ၾကံစည္ၿပီး ခုလို လုပ္ေနတာမ်ိဳးဆိုရင္ သူ႕ကို ဘာ့ေၾကာင့္လဲဆိုတာ ေမးပါ။ သူေျပာေနတာေတြကို အဆံုးထိ ေသေသခ်ာခ်ာဂရုတစိုက္နားေထာင္ၿပီးမွ ကိုယ္မရွင္းတာေတြကို ျပန္ေမးပါ။ သူဟာ ကုိယ့္ကို ရာထူးမတိုးေအာင္လုပ္တာမွန္း သိေနရင္ေတာင္ ကိုယ့္ဘက္က မရိုင္းတဲ့ ေမးခြန္းမ်ိဳးေမးပါ။ ဒါ့အျပင္ သူနဲ႔ကိုယ္ ေျပာစရာရွိတာေတြေျပာၿပီးသြားရင္လည္း ေနာက္ပိုင္း ကုိယ္ဟာ အလုပ္ကို ပိုဂရုစိုက္လုပ္ေတာ့မယ္ဆိုတဲ့ အေၾကာင္း ေျပာခဲ့ပါ။

၄။စိတ္လိုက္မာန္ပါ မေျပာမိ၊ မလုပ္မိပါေစနဲ႔။

လူပဲေလ။ ကိုယ့္အေပၚ သက္သက္ႀကီး အႏိုင္က်င့္ေနမွန္း၊ ကုိယ့္အိုင္ဒီယာေတြ ကူးခ်ေနမွန္း သိတဲ့အခါမွာေတာ့ ဘယ္သူမဆို ေဒါသထြက္မွာေပါ့။ ဒါေပမယ့္ တတ္ႏိုင္သေလာက္ေတာ့ ထိန္းထိန္းသိမ္းသိမ္းေျပာဆိုပါ။ တကယ္လို႔ မ်က္ရည္က်သြားမိရင္ေတာင္ ဒီအလုပ္ဟာ ငါ့အတြက္ သိပ္အေရးႀကီးလို႔ ခုလိုမ်က္ရည္က်ရတယ္ ဆိုတာမ်ိဳးေျပာပါ။ လက္ေတြဘာေတြပါတာမ်ိဳး လံုး၀မျဖစ္ပါေစနဲ႔။

၅။ကိုယ္မေျဖရွင္းႏိုင္တဲ့အရာေတြကို အထက္အရာရွိေတြ အကူအညီနဲ႔ေျဖရွင္းပါ။

သူနဲ႔ကိုယ္နဲ႔ ျပ ႆ      နာ တစ္ခါတက္ၿပီးသြားလို႔ မ်က္ႏွာခ်င္းဆိုင္ရွင္းၿပီးသြားၿပီ။ ဒါေတာင္ ခုထက္ထိ ကိုယ့္အေပၚ ဆိုးဆိုး၀ါး၀ါး ျပဳမူေနတုန္း။ ကိုယ္သူနဲ႔ ဘာ့ေၾကာင့္ ဘယ္လိုဆိုတာ မ်က္ႏွာခ်င္းဆိုင္ ေျပာဆုိၿပီး သံုးခါေလာက္အထိ သည္းခံေပးလိုက္ပါ။ သံုးခါေက်ာ္သြားရင္ေတာ့ အထက္အရာရွိေတြ၊ HR က တာ၀န္ရွိသူေတြနဲ႔ တိုက္ရိုက္ေျပာဆုိပါ။ ကိုယ့္ဘက္က ေျပာဆိုခ်ျပရမယ့္ အေထာက္အထား ခုိင္ခိုင္လံုလံုရွိပါေစ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့အခါ ကျောင်းတုန်းကလို သူငယ်ချင်း ရွေးပေါင်းသလို လုပ်ဖော်ကိုင်ဖက်တွေကို ရွေးချယ်ပေါင်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့သူလည်းရှိနိုင်သလို ကိုယ်နဲ့ကီးကိုက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က အားလုံးနဲ့ အဆင်ပြေအောင် နေနေရဲ့သားနဲ့ ကိုယ့်ကိုကြည့်မရဖြစ်ပြီး အပြစ်ပြော၊ အပြစ်မြင်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်ဆိုရင် သူတို့နဲ့ဆက်ဆံတဲ့အခါ ကိုယ့်ဘက်က အမှားမရှိအောင် ပြောဆို ဆက်ဆံနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။

၁။မှတ်တမ်း မှတ်ရာတွေကို သေချာသိမ်းဆည်းထားပါ။

အလုပ်မှာ သူနဲ့ အလုပ်အတူတူ တွဲလုပ်တဲ့အခါ သုံးရတဲ့ မှတ်တမ်းတွေအားလုံးကို သေချာသိမ်းထားပါ။ သူနဲ့ကိုယ်နှစ်ယောက်တည်း မဟုတ်ပဲ အခြားတစ်ယောက်ကိုလည်း သူဘာတွေပြောနေ၊ လုပ်နေတယ်ဆိုတာ သိထားပါစေ။ လိုအပ်လာ မယ်ဆိုရင် သူပြောဖူးတဲ့ စကားတွေကိုပါ အားလုံးမဟုတ်တောင် record ယူထားပါ။ လုပ်ငန်းခွင်မှာ သူကိုယ့်ကို တစ်ခုခုဆို အပြစ်ပုံချလို့ မရအောင် ကိုယ့်ဘက်က ကာကွယ်ထားတဲ့ သဘောပါပဲ။

၂။ကိုယ့်ဘက်က ပြင်ဆင်စရာတွေ အားလုံးပြင်ဆင်ပါ။

သူ့ရဲ့လုပ်ရပ်တွေက ကိုယ့်အလုပ်အတွက်ပါ ထိခိုက်မှုတွေ ရှိလာပြီဆိုရင်တော့ သူနဲ့ တိုက်ရိုက်စကားသွားပြောဖို့ အချိန်ကျပါပြီ။ အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို သူ့ကိုထောက်ပြပြောဆိုနိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားရပါလိမ့်မယ်။ သူ့ကို ပြောဆိုတဲ့အခါ ကိုယ်ရေးကိုယ်တာတွေ မပါဘဲ အလုပ်အတွက်ပဲ တိတိကျကျပြောဆိုပါ။ သင့်ရဲ့လုပ်ပုံကိုင်ပုံနဲ့ လေသံဟာ ပရော်ဖက်ရှင်နယ်ဆန်နေပါစေ။

၃။ဘာ့ကြောင့်လဲဆိုတာ ကောင်းကောင်းမွန်မွန်မေးပါ။

သူဟာ ကိုယ့်ကို သက်သက်မဲ့ ကြံစည်ပြီး ခုလို လုပ်နေတာမျိုးဆိုရင် သူ့ကို ဘာ့ကြောင့်လဲဆိုတာ မေးပါ။ သူပြောနေတာတွေကို အဆုံးထိ သေသေချာချာဂရုတစိုက်နားထောင်ပြီးမှ ကိုယ်မရှင်းတာတွေကို ပြန်မေးပါ။ သူဟာ ကိုယ့်ကို ရာထူးမတိုးအောင်လုပ်တာမှန်း သိနေရင်တောင် ကိုယ့်ဘက်က မရိုင်းတဲ့ မေးခွန်းမျိုးမေးပါ။ ဒါ့အပြင် သူနဲ့ကိုယ် ပြောစရာရှိတာတွေပြောပြီးသွားရင်လည်း နောက်ပိုင်း ကိုယ်ဟာ အလုပ်ကို ပိုဂရုစိုက်လုပ်တော့မယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါ။

၄။စိတ်လိုက်မာန်ပါ မပြောမိ၊ မလုပ်မိပါစေနဲ့။

လူပဲလေ။ ကိုယ့်အပေါ် သက်သက်ကြီး အနိုင်ကျင့်နေမှန်း၊ ကိုယ့်အိုင်ဒီယာတွေ ကူးချနေမှန်း သိတဲ့အခါမှာတော့ ဘယ်သူမဆို ဒေါသထွက်မှာပေါ့။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ထိန်းထိန်းသိမ်းသိမ်းပြောဆိုပါ။ တကယ်လို့ မျက်ရည်ကျသွားမိရင်တောင် ဒီအလုပ်ဟာ ငါ့အတွက် သိပ်အရေးကြီးလို့ ခုလိုမျက်ရည်ကျရတယ် ဆိုတာမျိုးပြောပါ။ လက်တွေဘာတွေပါတာမျိုး လုံးဝမဖြစ်ပါစေနဲ့။

၅။ကိုယ်မဖြေရှင်းနိုင်တဲ့အရာတွေကို အထက်အရာရှိတွေ အကူအညီနဲ့ဖြေရှင်းပါ။

သူနဲ့ကိုယ်နဲ့ ပြ ဿ      နာ တစ်ခါတက်ပြီးသွားလို့ မျက်နှာချင်းဆိုင်ရှင်းပြီးသွားပြီ။ ဒါတောင် ခုထက်ထိ ကိုယ့်အပေါ် ဆိုးဆိုးဝါးဝါး ပြုမူနေတုန်း။ ကိုယ်သူနဲ့ ဘာ့ကြောင့် ဘယ်လိုဆိုတာ မျက်နှာချင်းဆိုင် ပြောဆိုပြီး သုံးခါလောက်အထိ သည်းခံပေးလိုက်ပါ။ သုံးခါကျော်သွားရင်တော့ အထက်အရာရှိတွေ၊ HR က တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ပြောဆိုပါ။ ကိုယ့်ဘက်က ပြောဆိုချပြရမယ့် အထောက်အထား ခိုင်ခိုင်လုံလုံရှိပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top