(၁) သမီးအသက္က ၂၀ ပါ။ အိမ္ ေထာင္ရွိပါတယ္။ ၁၈ နွစ္နဲ႔အိမ္ေထာင္က်ခဲ့ပါတယ္။
အိမ္ေထာင္စက်အခ်ိန္က ကေလးမယူခ်င္ေသးလို႔ ၃ လေဆးတစ္ခါ ထိုးဖူးပါတယ္။
အိမ္ေထာင္က်ျပီး ၂ လအၾကာမွာဘဲ အမ်ိဳးသားကတာဝန္နဲ႔
နိုင္ငံျခားထြက္သြားခဲ့လို႔ ေဆးဆက္မထိုးျဖစ္ခဲ့ပါဘူး။
အပ်ိဳတုန္းကရာသီမွန္ပါတယ္။ ၃ လေဆးထိုးျပီးေနာက္ပိုင္း ရာသီလာရင္
ရက္ေတာ္ေတာ္ၾကာေအာင္ နည္းနည္းဆင္းေနလို႔ OG နဲ႔ၿပေတာ့ PRIMOLUTE N ေဆး ၃
လေလာက္ ေသာက္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ေဆးရပ္ျပီး ၂ လေလာက္ေနေတာ့
ရာသီကမလာမလာနဲ႔ OGနဲ႔ၿပန္ျပေတာ့ ေသြးစစ္ၾကည့္ျပီး T4, TSH ကေတာ့ normal
ျဖစ္ျပီး PROLACTIN မ်ားေနလို႔ ရာသီမမွန္တာဆိုျပီး Carbargolin ၃ ရက္
ေသာက္ခိုင္းပါတယ္။ ရာသီပံုမွန္ျဖစ္ေအာင္ PRIMOLUTE N ျပန္ေသာက္ခိုင္းပါတယ္။
OG တစ္ေယာက္နဲ႔ေျပာင္းျပေတာ့ TVS ရုိက္ခိုင္းေတာ့ သားဥအိမ္နွစ္ခုစလံုးမွာ
ေရအိတ္ေသးေသးရွိတယ္။ PCOS ဆိုျပီး Metformin denk 500 ကို မနက္ကို တစ္ျခမ္း
ညတစ္ျခမ္း ၃ လေသာက္ခိုင္းပါတယ္။ နုိ႔အံုကေနလည္း ညွစ္လိုက္ရင္
နို႔ရည္ၾကည္နည္းနည္း ထြက္ပါတယ္။ ၃ လျပီးTVS ျပန္ရုိက္ျပီး
ျပန္ၾကည့္ေတာ့လည္း မေပ်ာက္ေသးလို႔ ၃ လေသာက္လိုက္ TVS ရိုက္နဲ႔ ၉
လေလာက္ၾကာပါတယ္။ PROLACTIN ျပန္စစ္ၾကည့္ေတာ့လည္း normal ျဖစ္ေနပါတယ္။ OG က
Diane35 (Cyproterone acetate 2mg, Ethinylestradiol 0.035mg)
ဆိုတဲ့ေဆးေျပာင္းေပးျပီး ၄ လေသာက္ခိုင္းျပီး TVS ျပန္ ရုိက္ေတာ့လည္း PCOS က
မေပ်ာက္ပါဘူး။ Brain ကို MRI ရုိက္ၾကည့္ေတာ့လည္း NORMAL ဘဲလို႔ေျပာပါတယ္။
နို႔ရည္ထြက္တာကလည္း PCOS ေၾကာင့္လို႔ေျပာပါတယ္။ အခု Diane35 ရပ္လိုက္တာနဲ႔
ရာသီမမွန္ေတာ့ျပန္ပါဘူး။ ေဆးကုေနတာ ၂ နွစ္ေက်ာ္ေနပါျပီ။
ေနာက္လအနည္းငယ္ၾကာရင္ အမ်ိဳးသားအေျခက်တဲ့နိုင္ငံကိုလည္း လိုက္သြားရေတာ့မယ္။
အခုအေျခတက်ျဖစ္ျပီမို့ ကေလးလည္းလိုခ်င္ပါတယ္။ ကေလးေကာ ရနုိင္ပါ့မလား။ ၂
နွစ္ေလာက္္ ေဆးကုေန တာေတာင္မေကာင္းလာေတာ့ ဘာဆက္လုပ္ရမွန္းကို မသိတာပါ။
သမီးျဖစ္ေနတဲ့ေရာဂါက ဘာလဲဆိုတာ ဘာေၾကာင့္ျဖစ္တာလဲဆိုတာ ရွင္းျပေပးပါ။
ဘာဆက္လုပ္သင့္တယ္ဆိုတာလဲ အၾကံေပးေပးပါဆရာ။ ေနာက္ဆံုး result နဲ႔
ေသြးအေျဖမ်ားနဲ႔ MRI reault ကို attach လုပ္ေပးလိုက္ပါတယ္။
(၂) သမီး အသက္က အခု ၂၇ ႏွစ္ပါ။ ကိုယ္အေလးခ်ိန္ကေတာ့ 48 KG ေလာက္မွာပဲ
ရွိပါတယ္။ အပ်ိဳေပၚဝင္စ ၁၅ ႏွစ္ ေလာက္ကတည္းက ရာသီေသြး မမွန္တတ္ပါ။ အခုထိ
တခါတေလ ၂ လ ၃ လ ျခားပါတယ္။ ၾကာခ်ိန္ ၃ ရက္ ေလာက္ဘဲ ရွိတတ္ျပီး၊ အရမ္း
ဗိုက္နာျခင္းေတာ့ မရွိသေလာက္ပါ။ အသက္ ၁၉ ႏွစ္တုန္းကေတာ့ ၆ လ အထိ
ထိန္ဖူးျပီး၊ ႏုတ္ခမ္းေမႊး ေရးေရးလဲ သတိထားမိပါတယ္။
ျပီးေတာ့ အေမြး (ေျခသလံုး၊ ဂ်ိဳင္း) လဲ နည္းနည္း ၾကမ္းသလို၊ Areola
ႏို႔အေရာင္ရင့္ အဝိုင္း ပတ္ပတ္လည္မွာလဲ အေမြးေလးေတြက ခပ္ၾကမ္းၾကမ္းနဲ႔
ရွည္ပါတယ္။ က်ား-ေဟာ္မုန္းသတၱိ ကဲတာပါလားရွင္။ အဲ့လိုေတြရွိလို႔ ကေလးမရမွာ
အရမ္း စိုးရိမ္မိပါတယ္။ ၆ လ ေလာက္ေနရင္ ကေလး ယူခ်င္လို႔ ဘယ္လို တားေဆးက
အဆင္ေျပမလဲ။ သံုးလခံထိုးေဆး ဆိုရင္လဲ ကေလးျပန္ရဖို႔ ၾကာမွာ စိုးရိမ္လို႔ပါ။
PCOS ေရာဂါဆိုတာ အမ်ိဳးသမီး မီးယပ္ေရာဂါတခု ျဖစ္တယ္။ အမ်ိဳးသမီး ၅-၁ဝ% မွာ
ျဖစ္ႏိုင္တယ္။ ကေလးမရျဖစ္ရတဲ့ အဓိက အေၾကာင္းတရားလဲ ျဖစ္တယ္။ ေရာဂါလကၡဏာက
ဆယ္ေက်ာ္သက္ကတည္းက စတယ္။
ရာသီမမွန္တာ၊ ရာသီမလာတာ၊ ဝက္ျခံထြက္တာ၊ ကိုယ္အေလးခ်ိန္မ်ားတာ၊
အေမႊးေပါက္မ်ားတာ၊ လူအဝလြန္လာတာ၊ ဆီးခ်ိဳ-ေသြးတိုး-ႏွလံုးေရာဂါေတြ
ျဖစ္လာႏိုင္တယ္။ ေဆးကုသမႈ ေသေသျခာျခာလုပ္ရင္ အမ်ားၾကီး သက္သာေစတယ္။
ေရာဂါလကၡဏာ တခုခ်င္းကို ကုသရတယ္။
PCOS ေရာဂါကို Stein-Leventhal syndrome လို႔လဲ ေခၚတယ္။ မ်ိဳးဥအိမ္ေတြမွာ
အက်ိတ္ေလးေတြ အမ်ားၾကီး ျဖစ္ေနတယ္။ ဘာလို႔ျဖစ္သလဲ၊ အေၾကာင္းအမ်ိဳးမ်ိဳး
ရွိႏိုင္တယ္။ တခါတေလ မသိႏိုင္ဘူး။ မ်ိဳးရိုးနဲ႔ ပါတ္ဝန္းက်င္ကေနလဲ
ျဖစ္ႏိုင္တယ္။ တခ်ိဳ႕ ဒီေရာဂါရွိတဲ့ အမ်ိဳးသမီးေတြမွာ ဦးေႏွာက္ထဲက
Pituitary gland ကေန ထုတ္ေပးတဲ့ LH ေဟာ္မုန္း လဲမ်ားေနတာ ေတြ႔ရေသးတယ္။
ဒီေရာဂါရဲ႕ ပင္မလကၡဏာကေတာ့ -
1. Menstrual disturbances ရာသီမမွန္တာ နဲ႔
2. Androgens က်ား-ေဟာ္မုန္းမ်ားေနတာ ၂ ခု ျဖစ္တယ္။
ရာသီမမွန္ဘူးဆိုတာ -
1. Primary amenorrhea ေမြးကတည္းက ရာသီတခါမွ မလာတာ၊
2. Oligomenorrhea ရာသီအလာနည္းတာ၊
3. Secondary amenorrhea ရာသီထိန္တာ၊
4. Anovulatory cycles ရာသီလာေပမဲ့ မ်ိဳးဥ မထြက္တာ နဲ႔
5. Heavy bleeding ေသြးအမ်ားၾကီး ဆင္းတာ၊ ျဖစ္ႏိုင္တယ္။
က်ား-ေဟာ္မုန္းမ်ားေနလို႔ ျဖစ္လာမဲ့ လကၡဏာကေတာ့ -
1. Acne ဝက္ျခံေပါက္တာ၊
2. Hirsutism အေမႊးေပါက္မ်ားတာ၊
3. Male-pattern hair loss ေယာက္်ားေတြလို ဆံပင္ကြ်တ္တာ (ထိပ္ေျပာင္တာ) ေတြ ျဖစ္တယ္။
တျခား လကၡဏာကေတာ့ -
• Obesity and weight gain ကိုယ္ေလး-လူဝမယ္၊
• Elevated insulin levels and insulin resistance ဆီးခ်ိဳထိန္းတဲ့ (အင္စူလင္) ေဟာ္မုန္း မ်ားေနမယ္၊
• Oily skin အေရျပား အဆီျပန္မယ္၊
• Dandruff ေခါင္းမွာ ေဘာက္ ေပါက္မယ္၊
• Infertility ကေလးမရျဖစ္မယ္၊
• Skin discolorations အေရျပား အေရာင္ေျပာင္းတာ တခ်ိဳ႕ေနရာေတြမွာ ျဖစ္မယ္၊
• High cholesterol levels (ကိုလက္စေထာ) မ်ားေနမယ္၊
• Elevated blood pressure ေသြးဖိအားမ်ားေနမယ္၊
• Multiple, small cysts in the ovaries မ်ိဳးဥအိမ္မွာ အက်ိတ္ေတြ ျဖစ္ေနတာေတြ ျဖစ္တယ္။
ေရာဂါလကၡဏာေတြကသာ ေရာဂါ နာမယ္ တပ္တာနဲ႔ ကုသတာအတြက္ အေရးၾကီးတယ္။
မ်ိဳးဥအိမ္မွာ အက်ိတ္ေလးေတြ ေတြ႔တာနဲ႔ေတာ့ ေရာဂါမဟုတ္ေသးဘူး။ ေရာဂါ
ဟုတ္-မဟုတ္ကို ေရာဂါလကၡဏာေတြ ၾကည့္ရမယ္။
• Androgen က်ား-ေဟာ္မုန္း (အင္ဒရိုဂ်င္) စစ္ရတယ္။ DHEA နဲ႔ Testosterone
ေတြ ကဲေနတတ္တယ္။ က်ား-ေဟာ္မုန္း (တက္စတိုစတီရံုး) မ်ားေနတာ တခုထဲနဲ႔ေတာ့
PCOS ေရာဂါလို႔ မေျပာပါ။
• Hypothyroidism လည္ပင္းၾကီး ေဟာ္မုန္းနည္းတာ စစ္ရတယ္။
• Prolactin ေခၚတဲ့ ႏို႔ထြက္-ေဟာ္မုန္း စစ္ရတယ္။
• မ်ိဳးဥအိမ္ Ovary နဲ႔ Adrenal glands ေက်ာက္ကပ္အထက္က (အျဒီနယ္လ္) အိတ္ေတြ Tumor အလံုး ျဖစ္ေနသလား စစ္ရတယ္။
Ultrasound ရိုက္ရင္ Ovary မ်ိဳးဥအိမ္မွာ အရည္ေအာင္းေနတဲ့ Cysts အိတ္ေလးေတြ
ေတြ႔မယ္။ Computed Tomography (CT scan) နဲ႔ Magnetic Resonance Imaging
(MRI) ေတြရိုက္ရင္လဲ ေတြ႔မယ္။ CT scans ရိုက္တာက X-rays နဲ႔ Dyes သံုးရလို႔
လူတိုင္းကို မလုပ္ပါ။
PCOS ကို ဘယ္လို ကုသမလဲ -
1. အမ်ိဳးသမီး အသက္ကိုၾကည့္ ကုရတယ္။ ငယ္သူေတြကို ကိုယ္ဝန္တားေဆး ေပးႏိုင္တယ္။ ရာသီမွန္ေစမယ္၊ သားအိမ္ကင္ဆာ အျဖစ္နည္းေစမယ္။
2. ေနာက္တနည္းကေတာ့ Progesterone ေဟာ္မုန္းကို ေပးလိုက္-ရပ္လိုက္ လုပ္တယ္။ ကိုယ္ဝန္ကိုေတာ့ တားေပးမွာ မဟုတ္ဘူး။
3. Acne ဝက္ျခံေပါက္ေနသူ၊ အေမႊးမ်ားေနသူေတြကို ဆီးသြားေဆး Spironolactone
(Aldactone) ေပးႏိုင္တယ္။ သူေတို႔ကို ဒီေဆးေပးရင္ (ပိုတက္ဆီယမ္) စစ္ေနရမယ္၊
ေက်ာက္ကပ္ စစ္ေနရမယ္။
4. မ်က္ႏွာ အေမႊးေပါက္သူေတြက Eflornithine (Vaniqa) (ခရင္) လိမ္းရတယ္။
5. ကေလးရခ်င္သူေတြဆိုရင္ Clomiphene (Clomid) ေဆးေပးရင္ Ovulation
မ်ိဳးဥထြက္ေစႏိုင္တယ္။ လိုအပ္ရင္ Gonadotropin ေဟာ္မုန္း ေပးမယ္။ တျခား
ကေလးရေစနည္းေတြ သံုးႏိုင္တယ္။
6. ကိုယ္အေလးခ်ိန္ ခ်ရမယ္။
7. ဆီးခ်ိဳ အမ်ိဳးအစား (၂) ရွိေနရင္ Metformin (Glucophage) ေဆးေပးမယ္။
8. ခြဲစိတ္ကုသဘို႔လိုရင္ Ovarian drilling နည္း လုပ္ရမယ္။
Credit:Hyperprolactinaemia
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
(၁) သမီးအသက်က ၂၀ ပါ။ အိမ်ထောင်ရှိပါတယ်။ ၁၈ နှစ်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်စကျအချိန်က ကလေးမယူချင်သေးလို့ ၃ လဆေးတစ်ခါ ထိုးဖူးပါတယ်။ အိမ်ထောင်ကျပြီး ၂ လအကြာမှာဘဲ အမျိုးသားကတာဝန်နဲ့ နိုင်ငံခြားထွက်သွားခဲ့လို့ ဆေးဆက်မထိုးဖြစ်ခဲ့ပါဘူး။ အပျိုတုန်းကရာသီမှန်ပါတယ်။ ၃ လဆေးထိုးပြီးနောက်ပိုင်း ရာသီလာရင် ရက်တော်တော်ကြာအောင် နည်းနည်းဆင်းနေလို့ OG နဲ့ပြတော့ PRIMOLUTE N ဆေး ၃ လလောက် သောက်လိုက်တော့ ကောင်းသွားပါတယ်။ ဆေးရပ်ပြီး ၂ လလောက်နေတော့ ရာသီကမလာမလာနဲ့ OGနဲ့ပြန်ပြတော့ သွေးစစ်ကြည့်ပြီး T4, TSH ကတော့ normal ဖြစ်ပြီး PROLACTIN များနေလို့ ရာသီမမှန်တာဆိုပြီး Carbargolin ၃ ရက် သောက်ခိုင်းပါတယ်။ ရာသီပုံမှန်ဖြစ်အောင် PRIMOLUTE N ပြန်သောက်ခိုင်းပါတယ်။ OG တစ်ယောက်နဲ့ပြောင်းပြတော့ TVS ရိုက်ခိုင်းတော့ သားဥအိမ်နှစ်ခုစလုံးမှာ ရေအိတ်သေးသေးရှိတယ်။ PCOS ဆိုပြီး Metformin denk 500 ကို မနက်ကို တစ်ခြမ်း ညတစ်ခြမ်း ၃ လသောက်ခိုင်းပါတယ်။ နို့အုံကနေလည်း ညှစ်လိုက်ရင် နို့ရည်ကြည်နည်းနည်း ထွက်ပါတယ်။ ၃ လပြီးTVS ပြန်ရိုက်ပြီး ပြန်ကြည့်တော့လည်း မပျောက်သေးလို့ ၃ လသောက်လိုက် TVS ရိုက်နဲ့ ၉ လလောက်ကြာပါတယ်။ PROLACTIN ပြန်စစ်ကြည့်တော့လည်း normal ဖြစ်နေပါတယ်။ OG က Diane35 (Cyproterone acetate 2mg, Ethinylestradiol 0.035mg) ဆိုတဲ့ဆေးပြောင်းပေးပြီး ၄ လသောက်ခိုင်းပြီး TVS ပြန် ရိုက်တော့လည်း PCOS က မပျောက်ပါဘူး။ Brain ကို MRI ရိုက်ကြည့်တော့လည်း NORMAL ဘဲလို့ပြောပါတယ်။ နို့ရည်ထွက်တာကလည်း PCOS ကြောင့်လို့ပြောပါတယ်။ အခု Diane35 ရပ်လိုက်တာနဲ့ ရာသီမမှန်တော့ပြန်ပါဘူး။ ဆေးကုနေတာ ၂ နှစ်ကျော်နေပါပြီ။ နောက်လအနည်းငယ်ကြာရင် အမျိုးသားအခြေကျတဲ့နိုင်ငံကိုလည်း လိုက်သွားရတော့မယ်။ အခုအခြေတကျဖြစ်ပြီမို့ ကလေးလည်းလိုချင်ပါတယ်။ ကလေးကော ရနိုင်ပါ့မလား။ ၂ နှစ်လောက် ဆေးကုနေ တာတောင်မကောင်းလာတော့ ဘာဆက်လုပ်ရမှန်းကို မသိတာပါ။ သမီးဖြစ်နေတဲ့ရောဂါက ဘာလဲဆိုတာ ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှင်းပြပေးပါ။ ဘာဆက်လုပ်သင့်တယ်ဆိုတာလဲ အကြံပေးပေးပါဆရာ။ နောက်ဆုံး result နဲ့ သွေးအဖြေများနဲ့ MRI reault ကို attach လုပ်ပေးလိုက်ပါတယ်။
(၂) သမီး အသက်က အခု ၂၇ နှစ်ပါ။ ကိုယ်အလေးချိန်ကတော့ 48 KG လောက်မှာပဲ ရှိပါတယ်။ အပျိုပေါ်ဝင်စ ၁၅ နှစ် လောက်ကတည်းက ရာသီသွေး မမှန်တတ်ပါ။ အခုထိ တခါတလေ ၂ လ ၃ လ ခြားပါတယ်။ ကြာချိန် ၃ ရက် လောက်ဘဲ ရှိတတ်ပြီး၊ အရမ်း ဗိုက်နာခြင်းတော့ မရှိသလောက်ပါ။ အသက် ၁၉ နှစ်တုန်းကတော့ ၆ လ အထိ ထိန်ဖူးပြီး၊ နုတ်ခမ်းမွှေး ရေးရေးလဲ သတိထားမိပါတယ်။
ပြီးတော့ အမွေး (ခြေသလုံး၊ ဂျိုင်း) လဲ နည်းနည်း ကြမ်းသလို၊ Areola နို့အရောင်ရင့် အဝိုင်း ပတ်ပတ်လည်မှာလဲ အမွေးလေးတွေက ခပ်ကြမ်းကြမ်းနဲ့ ရှည်ပါတယ်။ ကျား-ဟော်မုန်းသတ္တိ ကဲတာပါလားရှင်။ အဲ့လိုတွေရှိလို့ ကလေးမရမှာ အရမ်း စိုးရိမ်မိပါတယ်။ ၆ လ လောက်နေရင် ကလေး ယူချင်လို့ ဘယ်လို တားဆေးက အဆင်ပြေမလဲ။ သုံးလခံထိုးဆေး ဆိုရင်လဲ ကလေးပြန်ရဖို့ ကြာမှာ စိုးရိမ်လို့ပါ။
PCOS ရောဂါဆိုတာ အမျိုးသမီး မီးယပ်ရောဂါတခု ဖြစ်တယ်။ အမျိုးသမီး ၅-၁ဝ% မှာ ဖြစ်နိုင်တယ်။ ကလေးမရဖြစ်ရတဲ့ အဓိက အကြောင်းတရားလဲ ဖြစ်တယ်။ ရောဂါလက္ခဏာက ဆယ်ကျော်သက်ကတည်းက စတယ်။
ရာသီမမှန်တာ၊ ရာသီမလာတာ၊ ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန်များတာ၊ အမွှေးပေါက်များတာ၊ လူအဝလွန်လာတာ၊ ဆီးချို-သွေးတိုး-နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်။ ဆေးကုသမှု သေသေခြာခြာလုပ်ရင် အများကြီး သက်သာစေတယ်။ ရောဂါလက္ခဏာ တခုချင်းကို ကုသရတယ်။
PCOS ရောဂါကို Stein-Leventhal syndrome လို့လဲ ခေါ်တယ်။ မျိုးဥအိမ်တွေမှာ အကျိတ်လေးတွေ အများကြီး ဖြစ်နေတယ်။ ဘာလို့ဖြစ်သလဲ၊ အကြောင်းအမျိုးမျိုး ရှိနိုင်တယ်။ တခါတလေ မသိနိုင်ဘူး။ မျိုးရိုးနဲ့ ပါတ်ဝန်းကျင်ကနေလဲ ဖြစ်နိုင်တယ်။ တချို့ ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ဦးနှောက်ထဲက Pituitary gland ကနေ ထုတ်ပေးတဲ့ LH ဟော်မုန်း လဲများနေတာ တွေ့ရသေးတယ်။
ဒီရောဂါရဲ့ ပင်မလက္ခဏာကတော့ -
1. Menstrual disturbances ရာသီမမှန်တာ နဲ့
2. Androgens ကျား-ဟော်မုန်းများနေတာ ၂ ခု ဖြစ်တယ်။
ရာသီမမှန်ဘူးဆိုတာ -
1. Primary amenorrhea မွေးကတည်းက ရာသီတခါမှ မလာတာ၊
2. Oligomenorrhea ရာသီအလာနည်းတာ၊
3. Secondary amenorrhea ရာသီထိန်တာ၊
4. Anovulatory cycles ရာသီလာပေမဲ့ မျိုးဥ မထွက်တာ နဲ့
5. Heavy bleeding သွေးအများကြီး ဆင်းတာ၊ ဖြစ်နိုင်တယ်။
ကျား-ဟော်မုန်းများနေလို့ ဖြစ်လာမဲ့ လက္ခဏာကတော့ -
1. Acne ဝက်ခြံပေါက်တာ၊
2. Hirsutism အမွှေးပေါက်များတာ၊
3. Male-pattern hair loss ယောက်ျားတွေလို ဆံပင်ကျွတ်တာ (ထိပ်ပြောင်တာ) တွေ ဖြစ်တယ်။
တခြား လက္ခဏာကတော့ -
• Obesity and weight gain ကိုယ်လေး-လူဝမယ်၊
• Elevated insulin levels and insulin resistance ဆီးချိုထိန်းတဲ့ (အင်စူလင်) ဟော်မုန်း များနေမယ်၊
• Oily skin အရေပြား အဆီပြန်မယ်၊
• Dandruff ခေါင်းမှာ ဘောက် ပေါက်မယ်၊
• Infertility ကလေးမရဖြစ်မယ်၊
• Skin discolorations အရေပြား အရောင်ပြောင်းတာ တချို့နေရာတွေမှာ ဖြစ်မယ်၊
• High cholesterol levels (ကိုလက်စထော) များနေမယ်၊
• Elevated blood pressure သွေးဖိအားများနေမယ်၊
• Multiple, small cysts in the ovaries မျိုးဥအိမ်မှာ အကျိတ်တွေ ဖြစ်နေတာတွေ ဖြစ်တယ်။
ရောဂါလက္ခဏာတွေကသာ ရောဂါ နာမယ် တပ်တာနဲ့ ကုသတာအတွက် အရေးကြီးတယ်။ မျိုးဥအိမ်မှာ အကျိတ်လေးတွေ တွေ့တာနဲ့တော့ ရောဂါမဟုတ်သေးဘူး။ ရောဂါ ဟုတ်-မဟုတ်ကို ရောဂါလက္ခဏာတွေ ကြည့်ရမယ်။
• Androgen ကျား-ဟော်မုန်း (အင်ဒရိုဂျင်) စစ်ရတယ်။ DHEA နဲ့ Testosterone တွေ ကဲနေတတ်တယ်။ ကျား-ဟော်မုန်း (တက်စတိုစတီရုံး) များနေတာ တခုထဲနဲ့တော့ PCOS ရောဂါလို့ မပြောပါ။
• Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းတာ စစ်ရတယ်။
• Prolactin ခေါ်တဲ့ နို့ထွက်-ဟော်မုန်း စစ်ရတယ်။
• မျိုးဥအိမ် Ovary နဲ့ Adrenal glands ကျောက်ကပ်အထက်က (အဒြီနယ်လ်) အိတ်တွေ Tumor အလုံး ဖြစ်နေသလား စစ်ရတယ်။
Ultrasound ရိုက်ရင် Ovary မျိုးဥအိမ်မှာ အရည်အောင်းနေတဲ့ Cysts အိတ်လေးတွေ တွေ့မယ်။ Computed Tomography (CT scan) နဲ့ Magnetic Resonance Imaging (MRI) တွေရိုက်ရင်လဲ တွေ့မယ်။ CT scans ရိုက်တာက X-rays နဲ့ Dyes သုံးရလို့ လူတိုင်းကို မလုပ်ပါ။
PCOS ကို ဘယ်လို ကုသမလဲ -
1. အမျိုးသမီး အသက်ကိုကြည့် ကုရတယ်။ ငယ်သူတွေကို ကိုယ်ဝန်တားဆေး ပေးနိုင်တယ်။ ရာသီမှန်စေမယ်၊ သားအိမ်ကင်ဆာ အဖြစ်နည်းစေမယ်။
2. နောက်တနည်းကတော့ Progesterone ဟော်မုန်းကို ပေးလိုက်-ရပ်လိုက် လုပ်တယ်။ ကိုယ်ဝန်ကိုတော့ တားပေးမှာ မဟုတ်ဘူး။
3. Acne ဝက်ခြံပေါက်နေသူ၊ အမွှေးများနေသူတွေကို ဆီးသွားဆေး Spironolactone (Aldactone) ပေးနိုင်တယ်။ သူတေို့ကို ဒီဆေးပေးရင် (ပိုတက်ဆီယမ်) စစ်နေရမယ်၊ ကျောက်ကပ် စစ်နေရမယ်။
4. မျက်နှာ အမွှေးပေါက်သူတွေက Eflornithine (Vaniqa) (ခရင်) လိမ်းရတယ်။
5. ကလေးရချင်သူတွေဆိုရင် Clomiphene (Clomid) ဆေးပေးရင် Ovulation မျိုးဥထွက်စေနိုင်တယ်။ လိုအပ်ရင် Gonadotropin ဟော်မုန်း ပေးမယ်။ တခြား ကလေးရစေနည်းတွေ သုံးနိုင်တယ်။
6. ကိုယ်အလေးချိန် ချရမယ်။
7. ဆီးချို အမျိုးအစား (၂) ရှိနေရင် Metformin (Glucophage) ဆေးပေးမယ်။
8. ခွဲစိတ်ကုသဘို့လိုရင် Ovarian drilling နည်း လုပ်ရမယ်။
Credit:Hyperprolactinaemia
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ရာသီ မမွန္ရင္ ဖတ္ပါ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။