iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးမ်ား ရင္ေသြး ယူမည္ဆုိပါက ဆီးခ်ဳိ၊ ေသြးခ်ဳိ ေရာဂါရွိ၊မရွိပါ စစ္ေဆးရန္ လုိ အပ္ေၾကာင္း သားဖြားမီးယပ္ အ ထူးကုဆရာ၀န္ႀကီးတြဲဖက္ ပါေမာကၡေဒါက္တာစုိးလြင္က ေျပာၾကားသည္။

‘‘ကုိယ္၀န္ေဆာင္မယ့္သူက  ဆီးခ်ဳိ၊ ေသြးခ်ဳိရွိလား၊ ႏွလုံးေရာ ဂါရွိလား ဆရာ၀န္နဲ႔စစ္ေဆးသင့္ ပါတယ္။ ခႏၶာကိုယ္က သိပ္ပိန္ လား၊ သိပ္၀လား ဒါေတြၾကည့္ရ မယ္။ ကုိယ္၀န္ေဆာင္မယ့္သူက မပိန္၊ မ၀တဲ့သူျဖစ္ဖုိ႔လုိတယ္။ တ ကယ္လို႔ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါရွိ ေနရင္ ကေလးခ်က္ခ်င္းယူလုိ႔မရ ဘူး။ ဆီးခ်ဳိတက္ေနတဲ့အခ်ိန္က ေလးယူရင္ ကေလးမွာ ကုိယ္ လက္အဂၤါခ်ဳိ႕ယြင္းတာေတြျဖစ္ တတ္တယ္။ ဒါေၾကာင့္ ေရာဂါရွိ ရင္ ကိုယ္၀န္မေဆာင္ခင္မွာ ေသ ခ်ာျပင္ဆင္ၿပီးမွ ယူရမယ္’’ဟု တြဲ ဖက္ပါေမာကၡေဒါက္တာစုိးလြင္ ကဆုိသည္။

အသက္(၂၅)ႏွစ္ေက်ာ္မွ ကုိယ္၀န္ရွိသူမ်ား၊ မိသားစုတြင္ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါျဖစ္ဖူးသည့္ ေရာဂါရာဇ၀င္ရွိသူမ်ားႏွင့္ ကုိယ္ အေလးခ်ိန္မ်ားသူမ်ားတြင္ ပုိ၍ ျဖစ္တတ္ေၾကာင္းသိရသည္။

ထုိ႔အျပင္ ေမြးလာသည့္ က ေလးမ်ားတြင္ ကုိယ္အေလးခ်ိန္ မ်ားေနတတ္ျခင္းေၾကာင့္ ဗုိက္ခြဲ ေမြးရျခင္္းမ်ားရွိတတ္ေၾကာင္း အ ေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာတင့္ေဆြကေျပာၾကား သည္။

ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါရွိေန  ပါက ဆရာ၀န္ထံ ကုိယ္၀န္ေစာ ေစာအပ္ႏွံသင့္ၿပီး ဆီးခ်ဳိႏွင့္ ေသြး ထဲမွ သၾကားဓာတ္ကုိ အၿမဲစစ္ ေဆးရန္လုိအပ္ေၾကာင္း၊ က်န္းမာ ေရးႏွင့္ ညီၫြတ္သည့္အစားအ ေသာက္ကုိ ေရြးခ်ယ္စားသုံးသင့္ ၿပီး သင့္တင့္မွ်တသည့္ကုိယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းျပဳလုပ္ေပးရန္လုိေၾကာင္း ၎က ဆုိ သည္။

ေဆးသုေတသနဦးစီးဌာန ႏွင့္ ေဆးတကၠသုိလ္(၂)တုိ႔က ဦး ေဆာင္၍ ကုသေရးဦးစီးဌာနႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနတုိ႔ ပူးေပါင္းေကာက္ယူေသာ ၂၀၁၄ ဆီးခ်ဳိေသြးခ်ဳိစစ္တမ္းအရ တစ္ႏုိင္ငံလုံးတြင္ ဆီးခ်ဳိ၊ ေသြးခ်ဳိျဖစ္ပြားႏႈန္း ၁၀ဒသမ၅ရာခုိင္ႏႈန္းရွိၿပီး အမ်ဳိးသားမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အမ်ဳိးသမီးမ်ားတြင္ ယင္းေရာဂါပုိမုိျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

အဆုိပါစစ္တမ္းအရ အမ်ဳိး သားမ်ားတြင္ ၉ဒသမ၁ရာခုိင္ႏႈန္း ျဖစ္ပြားၿပီး အမ်ဳိးသမီးမ်ား၌ ၁၁ဒသမ၈ရာခိုင္ႏႈန္းျဖစ္ေသာေၾကာင့္ ထုိကဲ့သုိ႔ပုိမုိျဖစ္ပြားရျခင္းမွာ အမ်ဳိးသားမ်ားႏွင့္ ေဟာ္မုန္းမတူညီျခင္း၊ ေနထုိင္စားေသာက္မႈ ပုံစံမ်ားေၾကာင့္ျဖစ္ႏုိင္ေၾကာင္း ဆရာ၀န္ႀကီးအခ်ဳိ႕က သုံးသပ္ထားသည္။

Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အမျိုးသမီးများ ရင်သွေး ယူမည်ဆိုပါက ဆီးချို၊ သွေးချို ရောဂါရှိ၊မရှိပါ စစ်ဆေးရန် လို အပ်ကြောင်း သားဖွားမီးယပ် အ ထူးကုဆရာဝန်ကြီးတွဲဖက် ပါမောက္ခဒေါက်တာစိုးလွင်က ပြောကြားသည်။

‘‘ကိုယ်ဝန်ဆောင်မယ့်သူက  ဆီးချို၊ သွေးချိုရှိလား၊ နှလုံးရော ဂါရှိလား ဆရာဝန်နဲ့စစ်ဆေးသင့် ပါတယ်။ ခန္ဓာကိုယ်က သိပ်ပိန် လား၊ သိပ်ဝလား ဒါတွေကြည့်ရ မယ်။ ကိုယ်ဝန်ဆောင်မယ့်သူက မပိန်၊ မဝတဲ့သူဖြစ်ဖို့လိုတယ်။ တ ကယ်လို့ ဆီးချို၊ သွေးချိုရောဂါရှိ နေရင် ကလေးချက်ချင်းယူလို့မရ ဘူး။ ဆီးချိုတက်နေတဲ့အချိန်က လေးယူရင် ကလေးမှာ ကိုယ် လက်အင်္ဂါချို့ယွင်းတာတွေဖြစ် တတ်တယ်။ ဒါကြောင့် ရောဂါရှိ ရင် ကိုယ်ဝန်မဆောင်ခင်မှာ သေ ချာပြင်ဆင်ပြီးမှ ယူရမယ်’’ဟု တွဲ ဖက်ပါမောက္ခဒေါက်တာစိုးလွင် ကဆိုသည်။

အသက်(၂၅)နှစ်ကျော်မှ ကိုယ်ဝန်ရှိသူများ၊ မိသားစုတွင် ဆီးချို၊ သွေးချိုရောဂါဖြစ်ဖူးသည့် ရောဂါရာဇဝင်ရှိသူများနှင့် ကိုယ် အလေးချိန်များသူများတွင် ပို၍ ဖြစ်တတ်ကြောင်းသိရသည်။

ထို့အပြင် မွေးလာသည့် က လေးများတွင် ကိုယ်အလေးချိန် များနေတတ်ခြင်းကြောင့် ဗိုက်ခွဲ မွေးရခြင်းများရှိတတ်ကြောင်း အ ထွေထွေရောဂါကုဆရာဝန် ဒေါက်တာတင့်ဆွေကပြောကြား သည်။

ဆီးချို၊ သွေးချိုရောဂါရှိနေ  ပါက ဆရာဝန်ထံ ကိုယ်ဝန်စော စောအပ်နှံသင့်ပြီး ဆီးချိုနှင့် သွေး ထဲမှ သကြားဓာတ်ကို အမြဲစစ် ဆေးရန်လိုအပ်ကြောင်း၊ ကျန်းမာ ရေးနှင့် ညီညွတ်သည့်အစားအ သောက်ကို ရွေးချယ်စားသုံးသင့် ပြီး သင့်တင့်မျှတသည့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ပေးရန်လိုကြောင်း ၎င်းက ဆို သည်။

ဆေးသုတေသနဦးစီးဌာန နှင့် ဆေးတက္ကသိုလ်(၂)တို့က ဦး ဆောင်၍ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကောက်ယူသော ၂၀၁၄ ဆီးချိုသွေးချိုစစ်တမ်းအရ တစ်နိုင်ငံလုံးတွင် ဆီးချို၊ သွေးချိုဖြစ်ပွားနှုန်း ၁၀ဒသမ၅ရာခိုင်နှုန်းရှိပြီး အမျိုးသားများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများတွင် ယင်းရောဂါပိုမိုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်တမ်းအရ အမျိုး သားများတွင် ၉ဒသမ၁ရာခိုင်နှုန်း ဖြစ်ပွားပြီး အမျိုးသမီးများ၌ ၁၁ဒသမ၈ရာခိုင်နှုန်းဖြစ်သောကြောင့် ထိုကဲ့သို့ပိုမိုဖြစ်ပွားရခြင်းမှာ အမျိုးသားများနှင့် ဟော်မုန်းမတူညီခြင်း၊ နေထိုင်စားသောက်မှု ပုံစံများကြောင့်ဖြစ်နိုင်ကြောင်း ဆရာဝန်ကြီးအချို့က သုံးသပ်ထားသည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top