iMyanmarHouse.com - Best Property Website for Myanmar
×

ေရေႏြးထဲကို သံပရာသီးတစ္လုံး ညႇစ္ထည့္ၿပီး ေသာက္သုံးျခင္းသည္ က်န္းမာေရးအက်ဳိးေက်းဇူးမ်ား ရွိေၾကာင္း သိရွိထားၾကၿပီျဖစ္သည္။ က်န္းမာေရးအက်ဳိးေက်းဇူးရွိေစေသာ အေၾကာင္းရင္းမ်ားကို ေဖာ္ျပေပးလုိက္ပါသည္။

အစာေခ်ဖ်က္မႈကို ကူညီေပးသည္
နံနက္ေစာေစာ အစာမစားမီ သံပရာသီးညႇစ္ထည့္ထားသည့္ ေရေႏြးတစ္ခြက္ေသာက္သုံးျခင္းက အစာအိမ္အူလမ္းေၾကာင္းကို ႏႈိးဆြေပးသည္။ အစာေခ်ဖ်က္မႈအားေကာင္းလာၿပီး ရင္ပူရင္ဆာျဖစ္ျခင္း ေလွ်ာ့ခ်ေပးကာ အစာအိမ္ရွင္းလင္းေရး လုပ္ငန္းစဥ္ကို ကူညီေပးသည္။

အဆိပ္ေျပေစႏုိင္သည္
သံပရာသီးတြင္ အင္ဇုိင္းမ်ား လုပ္ေဆာင္ခ်က္ပိုေကာင္းလာေအာင္ ကူညီႏုိင္သည့္ စီးထရစ္အက္စစ္ပါ၀င္သည္။ စီးထရစ္အက္စစ္က အသည္းကိုလည္း ႏႈိးဆြေပးၿပီး အဆိပ္ေျဖရာတြင္ ကူညီေပးႏုိင္သည္။

ခႏၶာကိုယ္ေရဓာတ္ကို ထိန္းေပးႏုိင္သည္
သံပရာသီးညႇစ္ထည့္ထားေသာေရကအႏၲရာယ္ျဖစ္ေစေသာ ကိုယ္ခႏၶာထဲမွ အက္စစ္ဓာတ္ကို ေလွ်ာ့ခ်ေပးႏုိင္သည္။ သံပရာရည္တြင္ စီးထရစ္အက္စစ္ပါ၀င္ေသာ္လည္း ယင္းတြင္ပါ၀င္သည့္ သတၱဳ ဓာတ္ႏွင့္ အာဟာရဓာတ္မ်ားမွာ အယ္လ္ကာလီသဘာ၀ရွိသည္။ စီးထရစ္အက္စစ္မွာ မျပင္းေသာ အက္စစ္ျဖစ္ေသာေၾကာင့္ ေခြၽးထြက္ျခင္းကဲ့သို႔  ရွင္းထုတ္လုိက္ေသာ လုပ္ငန္းစဥ္မ်ားေၾကာင့္ ခႏၶာကိုယ္မွ အလြယ္တကူဖယ္ရွားပစ္
ႏုိင္သည္။ သံပရာရည္သည္ ခႏၶာကိုယ္ထဲရွိ အျခားျပင္းထန္ေသာ အက္စစ္ဓာတ္မ်ားကို ပ်က္ျပယ္သြားေစသည့္ ကယ္လ္ဆီယမ္ကာဗြန္နိတ္ဖဲြ႕စည္းပုံကို အားေကာင္းေစသည္။ ပ႐ိုတင္းဓာတ္မ်ားစြာ ပါ၀င္သည့္ အသားမ်ားႏွင့္ ခ်ိစ္မ်ားစားေလ့ရွိသူအတြက္ အထူးေကာင္းမြန္သည္။ ေသြးထဲေရပါ၀င္မႈကို ထိန္းညႇိေပးႏုိင္ၿပီး ဆီးလမ္းေၾကာင္းဆုိင္ရာ ေရာဂါကူးစက္မႈမ်ားကိုလည္း ေျဖရွင္းေပးႏုိင္သည္။

ကိုယ္ခံအားစနစ္ကို အားေကာင္းေစႏုိင္သည္
စီးထရစ္အက္စစ္ပါ၀င္ေသာ အစားအစာမ်ား အားလုံးတြင္ ဗီတာမင္စီပါ၀င္သည္။ ဗီတာမင္စီမွာ အေအးမိျခင္းကို ကာကြယ္ႏုိင္ၿပီး ကိုုယ္ခံအားစနစ္အတြက္ ေကာင္းမြန္သည္။ သံပရာသီးတြင္ ပိုတက္စီယမ္ပါ၀င္ေသာေၾကာင့္  ဦးေႏွာက္ကိုႏႈိးဆြေပးႏုိင္ၿပီး အာ႐ုံေၾကာလုပ္ေဆာင္မႈ အားေကာင္းေစကာ ေသြးကို ထိန္းခ်ဳပ္ေပးႏုိင္သည္။

အသားအေရၾကည္လင္လန္းဆန္းေစႏုိင္သည္
ဗီတာမင္စီသည္ အေရျပားထဲရွိ ပ႐ိုတင္းဓာတ္ထုတ္လုပ္မႈကို  ကူညီေပးေသာေၾကာင့္ ႏုပ်ဳိေသာ အသားအေရအတြက္ အထူးေကာင္းသည္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားက ညိဳညစ္ညစ္  အသားအေရကို တစ္ခါျပန္ေတာက္ပလာေစၿပီး က်န္းမာလာေစသည္။ သံပရာသီးညႇစ္ထည့္ထားသည့္ ေရေႏြးက ေသြးေၾကာမ်ားထဲရွိ အဆိပ္မ်ားကို ဖယ္ရွားေပးႏုိင္သည္။ အမည္းစက္မ်ားေပၚ လိမ္းေပးပါကလည္း အေရာင္ေဖ်ာ့သြားေစႏုိင္သည္။

Credit:7day daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။

အစာချေဖျက်မှုကို ကူညီပေးသည်
နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။

အဆိပ်ပြေစေနိုင်သည်
သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါဝင်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။

ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည်
သံပရာသီးညှစ်ထည့်ထားသောရေကအန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်သည်။ သံပရာရည်တွင် စီးထရစ်အက်စစ်ပါဝင်သော်လည်း ယင်းတွင်ပါဝင်သည့် သတ္တု ဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာဝရှိသည်။ စီးထရစ်အက်စစ်မှာ မပြင်းသော အက်စစ်ဖြစ်သောကြောင့် ချွေးထွက်ခြင်းကဲ့သို့  ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်
နိုင်သည်။ သံပရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပရိုတင်းဓာတ်များစွာ ပါဝင်သည့် အသားများနှင့် ချိစ်များစားလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။ သွေးထဲရေပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။

ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်သည်
စီးထရစ်အက်စစ်ပါဝင်သော အစားအစာများ အားလုံးတွင် ဗီတာမင်စီပါဝင်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ကိုုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။ သံပရာသီးတွင် ပိုတက်စီယမ်ပါဝင်သောကြောင့်  ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အာရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကို ထိန်းချုပ်ပေးနိုင်သည်။

အသားအရေကြည်လင်လန်းဆန်းစေနိုင်သည်
ဗီတာမင်စီသည် အရေပြားထဲရှိ ပရိုတင်းဓာတ်ထုတ်လုပ်မှုကို  ကူညီပေးသောကြောင့် နုပျိုသော အသားအရေအတွက် အထူးကောင်းသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ်  အသားအရေကို တစ်ခါပြန်တောက်ပလာစေပြီး ကျန်းမာလာစေသည်။ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးက သွေးကြောများထဲရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ အမည်းစက်များပေါ် လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။

Credit:7day daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top