iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးခ်ိဳအႏၱရာယ္ကို ခန္႔မွန္းတဲ႔ေနရာမွာ မတူညီတဲ႔ အခ်က္အလက္ေတြအေပၚကို အေျခခံပါတယ္။ ခုလည္း ေသြးအမ်ိဳးအစားကိုၾကည္႔ၿပီး ဆီးခ်ိဳေရာဂါကို ခန္႔မွန္းႏုိင္ေၾကာင္း ျပင္သစ္သုေတသီေတြရဲ႕ ေလ႔လာမႈသစ္တစ္ရပ္အရ သိရပါတယ္။

ျပင္သစ္အမ်ိဳးသမီးေပါင္း ၈၂၀၀၀ ေက်ာ္ကို စစ္ေဆးမွတ္တမ္းတင္ၿပီး ရလဒ္သံုးသပ္ခ်က္ေတြကို Diabetologia ဂ်ာနယ္မွာ တင္ျပခဲ႔တာျဖစ္ပါတယ္။

ဆီးခ်ိဳျဖစ္ႏုိင္ေျခဟာ O ေသြးပိုင္ရွင္ေတြမွာ ရာခိုင္ႏႈန္းနည္းပါတယ္။ O ေသြးပိုင္ရွင္ေတြထက္ A ေသြးပိုင္ရွင္ေတြဟာ ဆီးခ်ိဳျဖစ္ႏိုင္ေျခ ၁၀ ရာခိုင္ႏႈန္းပိုမ်ားၿပီး B ေသြးပိုင္ရွင္ေတြကေတာ႔ ၂၀ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ AB ေသြးပိုင္ရွင္ေတြရဲ႕ ရလဒ္ကေတာ႔ သိပ္ၿပီး တိက်မႈမရွိပါဘူး။ ဒီလိုတိုင္းတာတဲ႔ေနရာမွာ Rh ညႊန္းကိန္းေတြအရ ေျပာင္းလဲမႈေတာ႔ရွိပါတယ္။

ေလ႔လာေတြ႕ရွိခ်က္ေတြအရ၊ B+ ေတြဟာ O- ေတြထက္ အမ်ိဳးအစား ၂ ဆီးခ်ိဳျဖစ္ႏိုင္ႏႈန္း ၃၅ ရာခိုင္ႏႈန္းပိုပါတယ္။ A+ ေတြကေတာ႔ O- ေတြထက္ 17 ရာခိုင္ႏႈန္းပိုမ်ားၿပီး AB+ ေတြက ၂၆ရာခိုင္ႏႈန္း ျဖစ္ႏိုင္ေျခပိုပါတယ္။

ဒီေလ႔လာေတြ႔ရွိခ်က္ ရလဒ္ေတြကို အမ်ိဳးသားေတြအတြက္ပါ ထည္႕တြက္ႏုိင္ေၾကာင္း သုေတသီေတြက ဆိုထားပါတယ္။

Credit:Thit Htoo Lwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆီးချိုအန္တရာယ်ကို ခန့်မှန်းတဲ့နေရာမှာ မတူညီတဲ့ အချက်အလက်တွေအပေါ်ကို အခြေခံပါတယ်။ ခုလည်း သွေးအမျိုးအစားကိုကြည့်ပြီး ဆီးချိုရောဂါကို ခန့်မှန်းနိုင်ကြောင်း ပြင်သစ်သုတေသီတွေရဲ့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

ပြင်သစ်အမျိုးသမီးပေါင်း ၈၂၀၀၀ ကျော်ကို စစ်ဆေးမှတ်တမ်းတင်ပြီး ရလဒ်သုံးသပ်ချက်တွေကို Diabetologia ဂျာနယ်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ဆီးချိုဖြစ်နိုင်ခြေဟာ O သွေးပိုင်ရှင်တွေမှာ ရာခိုင်နှုန်းနည်းပါတယ်။ O သွေးပိုင်ရှင်တွေထက် A သွေးပိုင်ရှင်တွေဟာ ဆီးချိုဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းပိုများပြီး B သွေးပိုင်ရှင်တွေကတော့ ၂၀ရာခိုင်နှုန်းပိုများပါတယ်။ AB သွေးပိုင်ရှင်တွေရဲ့ ရလဒ်ကတော့ သိပ်ပြီး တိကျမှုမရှိပါဘူး။ ဒီလိုတိုင်းတာတဲ့နေရာမှာ Rh ညွှန်းကိန်းတွေအရ ပြောင်းလဲမှုတော့ရှိပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ၊ B+ တွေဟာ O- တွေထက် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်နှုန်း ၃၅ ရာခိုင်နှုန်းပိုပါတယ်။ A+ တွေကတော့ O- တွေထက် 17 ရာခိုင်နှုန်းပိုများပြီး AB+ တွေက ၂၆ရာခိုင်နှုန်း ဖြစ်နိုင်ခြေပိုပါတယ်။

ဒီလေ့လာတွေ့ရှိချက် ရလဒ်တွေကို အမျိုးသားတွေအတွက်ပါ ထည့်တွက်နိုင်ကြောင်း သုတေသီတွေက ဆိုထားပါတယ်။

Credit:Thit Htoo Lwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top