iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္းကိုက္တယ္ဆိုတာဟာ အျဖစ္မ်ားၿပီး ဆြဲေဆာင္မႈ မရွိတဲ့ အက်င့္တစ္ခုပါ။ ကမာၻေပၚက လူဦးေရ သန္းေပါင္းမ်ားစြာဟာ လက္သည္းကိုက္တဲ့ အက်င့္ကို မေဖ်ာက္ႏိုင္ၾကပါဘူး။ ဒါဆိုရင္ ဒီျပသနာ ကို ဘယ္လို ေျဖရွင္းၾကမလဲ?

စိတ္ပညာ ကၽြမ္းက်င္သူတစ္ေယာက္က အခိုင္အမာဆိုခဲ့တာကေတာ့ လက္သည္းကိုက္တဲ့အက်င့္ဟာ မေကာင္းတဲ့ ခံစားခ်က္ေတြေၾကာင့္ျဖစ္ေပၚလာတဲ့ စိတ္ရႈပ္ေထြးမႈ ျဖစ္ၿပီး စိတ္ဖိစီးမႈ ေတြ နဲ႔ ေသာက ေတြကို စီမံခန္႔ခြဲျခင္း နဲ႔ ထို အက်င့္ကို ေဖ်ာက္ႏိုင္လိမ့္မယ္ ဆိုတာပါပဲ။

"ဒီအက်င့္ဟာ ပတ္၀န္းက်င္ရဲ႕ တံု႔ျပန္မႈတစ္ခုလို ဖြံၿဖိဳးလာႏိုင္ၿပီး ခံစားခ်က္ တစ္ခုလို ပံုမွန္ျဖစ္လာပါလိမ့္မယ္။ ေနာက္ဆံုးမွာေတာ့ဦးေႏွာက္က ဒါကို အၿမဲမွတ္မိလာတဲ့အခါမွာ  အၿမဲတမ္းအတြက္ အက်င့္ပါသြားၿပီး ဒါကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ခက္ခဲသြားပါလိမ့္မယ္" လို႔ Herfordshire တကၠသိုလ္က စိတ္ပညာ ပါေမာကၡ Karen Pine က ဆိုပါတယ္။

Karen Pine ရဲ႕ ေျပာၾကားခ်က္အရေတာ့ လက္သည္းကိုက္တဲ့အက်င့္ဟာ ဆံပင္ႏႈတ္ျခင္း အေရျပားကို ကုတ္ဖဲ့ျခင္းတို႔လိုပဲ လူတစ္ေယာက္မွာ ေသာက ေတြမ်ားေနတယ္ဆိုတာ သိသာေစတဲ့ အမူအက်င့္ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ကၽြမ္းက်င္သူေတြအားလံုးကေတာ့ လက္သည္းကိုက္ျခင္းဟာ စိတ္ပညာ နဲ႔ ဆိုင္တယ္ဆိုတာကို မယံုၾကည္ၾကပါဘူး။

ကေနဒါ ႏိုင္ငံ က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈ တစ္ခုအရေတာ့ လက္သည္းကိုက္တာဟာ ၿပီးျပည့္စံုျခင္း ရဲ႕ လကၡဏာ တစ္ရပ္ျဖစ္တယ္လို႔ ဆိုၾကျပန္ပါတယ္။ ထိုေလ့လာမႈမွာေတာ့ လူေတြဟာ တုန္လႈပ္လာတဲ့အခါ နဲ႔ ပ်င္းရိ တဲ့အခါမ်ိဳးေတြမွာ ၿပီးျပည့္စံုသြားဖို႔ အတြက္ လက္သည္းကိုက္ၾကတယ္လို႔ ရွာေဖြေတြ႕ရွိခဲ့လို႔ပါ။

စိတ္ပညာရွင္အခ်ိဳ႕က အႀကံေပးထားတာကေတာ့ လက္သည္းကိုက္တဲ့အက်င့္ကို ေဖ်ာက္ဖို႔ လက္သည္းေတြကို အနီေရာင္ဆိုးထားပါတဲ့။ ဒါမွသာ သင္လက္သည္းကိုက္ဖို႔ လက္ေခ်ာင္းေတြ မ်က္ႏွာ အနားေရာက္လာတဲ့အခါမွာ အနီေရာင္လက္သည္းနီေတြက ရပ္နားေစတဲ့ သေဘာကို ေဆာင္တဲ့အတြက္ စိတ္ပိုင္းဆိုင္ရာ အရ သတိေကာင္းေကာင္းေပးႏိုင္လိမ့္မယ္လို႔ စိတ္ပညာရွင္ေတြက အႀကံေပးထားပါတယ္။

ဒါေတာင္မွ ဒီအက်င့္ကို မေဖ်ာက္ႏိုင္ေသးဘူးဆိုရင္ေတာ့ ၊ ဒီထက္ပိုၿပီး ျပင္းျပင္းထန္ထန္ ဒီအက်င့္ကို ေဖ်ာက္ခ်င္တယ္ဆိုရင္ေတာ့ Nail Helmets လို႔ေခၚၿပီး လက္သည္းေတြကို စြပ္ရတဲ့ အစြပ္ေလးေတြ ေပၚေနပါၿပီ။ Nail Helmets ေတြကေတာ့ ဒီအက်င့္ကို လံုး၀ေပ်ာက္ကင္းသြားေအာင္ ကူညီေပးႏိုင္မွာပါ။

Credit:Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက်သည်းကိုက်တယ်ဆိုတာဟာ အဖြစ်များပြီး ဆွဲဆောင်မှု မရှိတဲ့ အကျင့်တစ်ခုပါ။ ကမ္ဘာပေါ်က လူဦးရေ သန်းပေါင်းများစွာဟာ လက်သည်းကိုက်တဲ့ အကျင့်ကို မဖျောက်နိုင်ကြပါဘူး။ ဒါဆိုရင် ဒီပြသနာ ကို ဘယ်လို ဖြေရှင်းကြမလဲ?

စိတ်ပညာ ကျွမ်းကျင်သူတစ်ယောက်က အခိုင်အမာဆိုခဲ့တာကတော့ လက်သည်းကိုက်တဲ့အကျင့်ဟာ မကောင်းတဲ့ ခံစားချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရှုပ်ထွေးမှု ဖြစ်ပြီး စိတ်ဖိစီးမှု တွေ နဲ့ သောက တွေကို စီမံခန့်ခွဲခြင်း နဲ့ ထို အကျင့်ကို ဖျောက်နိုင်လိမ့်မယ် ဆိုတာပါပဲ။

"ဒီအကျင့်ဟာ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတစ်ခုလို ဖွံဖြိုးလာနိုင်ပြီး ခံစားချက် တစ်ခုလို ပုံမှန်ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံးမှာတော့ဦးနှောက်က ဒါကို အမြဲမှတ်မိလာတဲ့အခါမှာ  အမြဲတမ်းအတွက် အကျင့်ပါသွားပြီး ဒါကိုထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်" လို့ Herfordshire တက္ကသိုလ်က စိတ်ပညာ ပါမောက္ခ Karen Pine က ဆိုပါတယ်။

Karen Pine ရဲ့ ပြောကြားချက်အရတော့ လက်သည်းကိုက်တဲ့အကျင့်ဟာ ဆံပင်နှုတ်ခြင်း အရေပြားကို ကုတ်ဖဲ့ခြင်းတို့လိုပဲ လူတစ်ယောက်မှာ သောက တွေများနေတယ်ဆိုတာ သိသာစေတဲ့ အမူအကျင့်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေအားလုံးကတော့ လက်သည်းကိုက်ခြင်းဟာ စိတ်ပညာ နဲ့ ဆိုင်တယ်ဆိုတာကို မယုံကြည်ကြပါဘူး။

ကနေဒါ နိုင်ငံ က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ လက်သည်းကိုက်တာဟာ ပြီးပြည့်စုံခြင်း ရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ ထိုလေ့လာမှုမှာတော့ လူတွေဟာ တုန်လှုပ်လာတဲ့အခါ နဲ့ ပျင်းရိ တဲ့အခါမျိုးတွေမှာ ပြီးပြည့်စုံသွားဖို့ အတွက် လက်သည်းကိုက်ကြတယ်လို့ ရှာဖွေတွေ့ရှိခဲ့လို့ပါ။

စိတ်ပညာရှင်အချို့က အကြံပေးထားတာကတော့ လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ဖို့ လက်သည်းတွေကို အနီရောင်ဆိုးထားပါတဲ့။ ဒါမှသာ သင်လက်သည်းကိုက်ဖို့ လက်ချောင်းတွေ မျက်နှာ အနားရောက်လာတဲ့အခါမှာ အနီရောင်လက်သည်းနီတွေက ရပ်နားစေတဲ့ သဘောကို ဆောင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အရ သတိကောင်းကောင်းပေးနိုင်လိမ့်မယ်လို့ စိတ်ပညာရှင်တွေက အကြံပေးထားပါတယ်။

ဒါတောင်မှ ဒီအကျင့်ကို မဖျောက်နိုင်သေးဘူးဆိုရင်တော့ ၊ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ဒီအကျင့်ကို ဖျောက်ချင်တယ်ဆိုရင်တော့ Nail Helmets လို့ခေါ်ပြီး လက်သည်းတွေကို စွပ်ရတဲ့ အစွပ်လေးတွေ ပေါ်နေပါပြီ။ Nail Helmets တွေကတော့ ဒီအကျင့်ကို လုံးဝပျောက်ကင်းသွားအောင် ကူညီပေးနိုင်မှာပါ။


Credit:Thithtoolwin



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top