iMyanmarHouse.com - Best Property Website for Myanmar
×

သေဘာက်စရာေကာင္းတဲ့ အမ်ဳိးသားေတြနဲ႔ တြဲခြင့္ရေပမဲ့ ေနာက္ဆံုးမွာ အခ်စ္ေရး အဆင္မေျပတာ၊ တစ္ေယာက္တည္းျဖစ္ေနတာေတြ ျဖစ္ေနၿပီလား။

ေအာက္ပါအခ်က္ေတြက အမ်ဳိးသားေတြ လံုးဝသည္းမခံႏုိင္တဲ့ အက်င့္ေတြျဖစ္ၿပီး သင့္မွာ ဒီအက်င့္ေတြထဲက အနည္းဆံုး တစ္ခုရွိေနတယ္ဆုိရင္ သင့္ကို သူ စိတ္ပ်က္တာ အဲဒီအတြက္ေၾကာင့္ပါပဲ။

၁။ သင္က အရမ္းတြယ္ကပ္လြန္းသူလား

သင္ေပြ႕ဖက္တာ၊ နမ္း႐ႈံ႕တာ၊ သူ႔ကို ဂ႐ုစိုက္တာကို သူမႀကိက္တာ မဟုတ္ပါဘူး။ ဒါေပမဲ့ သူက သင့္ကို သူ႔အခ်ိန္ေတြအားလံုး ေပးမထားႏုိင္ပါဘူး။ သူ႔ကို အခ်ိန္ျပည့္ စာေတြပို႔၊ ဖုန္းေတြဆက္၊ ေတြ႕ရင္လည္း အျမဲတမ္း ဖက္လုိက္ နမ္း႐ႈံ႕လိုက္လုပ္ေနမယ္ဆုိရင္ သူ စိတ္ညစ္ၿပီး သင့္နားက ထြက္ေျပးသြားပါလိမ့္မယ္။

၂။ ရည္းစားေဟာင္းေတြအေၾကာင္း ခဏခဏေျပာမိလား

ဘဝအေတြ႕အၾကံဳကို ေဝမွ်ဖို႔အတြက္ ရည္းစားေဟာင္းေတြအေၾကာင္း အခြင့္ၾကံဳလို႔ ေျပာျပတာ အဆင္ေျပပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္လံုး ရည္းဟစားေဟာင္းေတြအေၾကာင္းပဲ ေျပာေနမိဆုိရင္ေတာ့ ဘယ္ေယာက္်ားမွ သင့္နား ေနခ်င္မွာ မဟုတ္ပါဘူး။ သူ႔ရည္းစားေဟာင္းအေၾကာင္း သူ သင့္ကို ေျပာေနတယ္လုိ႔ စိတ္ကူးၾကည့္ေလ။ အေတြးနဲ႔တင္ သင့္ရည္းစားကို ႐ိုက္ခ်င္ေနမွာမဟုတ္လား။ ဒါေၾကာင့္ သူ႔ကို ဘယ္ေတာ့မွ သင့္ရည္းစားေဟာင္းေတြနဲ႔ ႏႈိင္းယွဥ္မေျပာပါနဲ႔။ ႏႈိင္းယွဥ္တာမဟုတ္ေတာင္ သူတုိ႔အေၾကာင္း ခဏခဏေျပာေနရင္ သင့္ခ်စ္သူက ႏႈိင္းယွဥ္တယ္လို႔ ထင္သြားပါလိမ့္မယ္။

၃။ သင္ ႐ိုးသားရဲ႕လား

ဘယ္သူ႔ကိုမွ မထိခိုက္ႏုိင္တဲ့ အျဖဴေရာင္မုသားမ်ဳိးက အဆင္ေျပပါတယ္။ ဒါေပမဲ့ သင္ ဘာႀကိဳက္တယ္၊ ဘာမႀကိဳက္ဘူး စတာေတြကို လိမ္ေျပာရင္ အဲဒါ ျပႆနာ ျဖစ္လာမွာ ေသခ်ာပါတယ္။ သူ႔အႀကိဳက္ျဖစ္ေအာင္ တမင္လိမ္ညာေျပာေနတာဆုိရင္ သူသိသြားတဲ့အခါ အေျခအေနက ပိုေတာင္ဆုိးသြားႏုိင္ပါတယ္။ သူ ႀကိဳက္ခဲ့တာ သင္မဟုတ္ဘဲဲ သင္လိမ္ညာခဲ့တဲ့ အတုအေယာင္သင္သာ ျဖစ္ေနလို႔ပါ။

၄။ သူ႔ကို အရမ္းထိန္းခ်ဳပ္ေနမိလား

ခ်စ္သူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ဟိုဟာမလုပ္ရ ဒီဟာမလုပ္ရ တားျမစ္တတ္တာ သဘာဝပါ။ ဒါေပမဲ့ သူ႔အႀကိဳက္ေတြကို ထိန္းခ်ဳပ္မႈမ်ားေနၿပီဆုိရင္ေတာ့ သူ႔ကို သင္ လက္လႊတ္ရပါလိမ့္မယ္။ ေယာက္်ားေတြက လြတ္လပ္မႈနဲ႔ နားေအးပါးေအးေနရတာ ႀကိဳက္ပါတယ္။

၅။ သူငယ္ခ်င္းေတြရဲ႕ အၾကံဉာဏ္ေတြကို အေလးအနက္ထားသူလား

အခ်စ္ဆံုးသူငယ္ခ်င္းဆုိတာ ကိုယ့္ကို အေထာက္အကူအမ်ားဆံုး ေပးႏုိင္သူပါ။ သင့္ကို ခ်စ္တဲ့အတြက္ ဘာမဆို သူတုိ႔လုပ္ေပးႏုိင္တယ္။ သင့္ခံစားခ်က္ေတြကို နားေထာင္ေပးႏုိင္တယ္။ ဒါေပမဲ့ သူတုိ႔ရဲ႕အၾကံဉာဏ္ေတြက အခ်စ္ေရးအေပၚ အရမ္းကို ျပင္းထန္တတ္ပါတယ္။ သင္တုိ႔ရဲ႕ ဆက္ဆံေရးအစစ္အမွန္ကို သူတုိ႔ဘယ္ေတာ့မွ သိမွာမဟုတ္္ပါဘူး။ သင့္တို႔ကိစၥေတြကို သင္သာ အသိဆံုးျဖစ္တဲ့အတြက္ သူငယ္ခ်င္းေတြေပးတဲ့အၾကံဉာဏ္ကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ ေတြးသင့္ပါတယ္။

၆။ သူ သေဘာက်ေအာင္ မႀကိဳးစားမိေတာ့ဘူးလား

သင္တုိ႔အခ်စ္ေရး ေလးနက္လာခ်ိန္မွာ သူနဲ႔ေတြ႕ခါနီးအခ်ိန္မွာ မိတ္ကပ္ဂ႐ုတစိုက္လိမ္း၊ ဆံပင္ကို ေသခ်ာသမေနျဖစ္ေတာ့တာ သဘာဝပါပဲ။ သင္ လွလွပပမေနလို႔ သူ သင့္ကို ပစ္မသြားႏုိင္ေပမဲ့ သင့္အေပၚမွာေတာ့ စိတ္ဝင္စားမႈ တျဖည္းျဖည္း နည္းသြားပါလိမ့္မယ္။ အခ်စ္ေရးမွာ စိတ္လႈပ္ရွားစရာေလးေတြ ရွိေနတာ ေပ်ာ္စရာ ေကာင္းပါတယ္။ မၾကာခဏ ဆုိသလို လွလွပပေလး ျပင္ဆင္ၿပီး သင့္မွာ အလွေတြ ရွိေသးေၾကာင္း သူသတိထားမိေအာင္ ျပဖို႔ လိုပါတယ္။

၇။ သင္က ရမ္းသန္းေကာက္ခ်က္ခ်သူလား

အခ်စ္ေရးအေတာ္မ်ားမ်ား အဆံုးသတ္ၾကတဲ့ အေၾကာင္းျပခ်က္တစ္ခုကေတာ့ စကားေျပာရတာ အဆင္မေျပတာပါပဲ။ ေျပာရင္းေျပာရင္း ရန္ပြဲေတြနဲ႔ အျမဲအဆံုးသတ္ေနရၿပီဆုိရင္ ဒါဟာ မၾကာခင္မွာ သင္တုိ႔ရဲ႕ အခ်စ္ေရးလည္း အဆံုးသတ္ေတာ့မယ္ဆုိတဲ့ အဓိပၸာယ္ပါပဲ။ ဒါေၾကာင့္ ေအာင္ျမင္သာယာတဲ့ အခ်စ္ေရး ျဖစ္ခ်င္ရင္ သင္ထင္ရာျမင္ရာေတြခ်ည္း စြပ္ေျပာမေနပါနဲ႔။ သူဘာကိုဆုိလိုခ်င္လဲဆုိတာ ေသခ်ာနားေထာင္၊ နားလည္ေအာင္ ႀကိဳးစားပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သဘောကျစရာကောင်းတဲ့ အမျိုးသားတွေနဲ့ တွဲခွင့်ရပေမဲ့ နောက်ဆုံးမှာ အချစ်ရေး အဆင်မပြေတာ၊ တစ်ယောက်တည်းဖြစ်နေတာတွေ ဖြစ်နေပြီလား။

အောက်ပါအချက်တွေက အမျိုးသားတွေ လုံးဝသည်းမခံနိုင်တဲ့ အကျင့်တွေဖြစ်ပြီး သင့်မှာ ဒီအကျင့်တွေထဲက အနည်းဆုံး တစ်ခုရှိနေတယ်ဆိုရင် သင့်ကို သူ စိတ်ပျက်တာ အဲဒီအတွက်ကြောင့်ပါပဲ။

၁။ သင်က အရမ်းတွယ်ကပ်လွန်းသူလား

သင်ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ သူ့ကို ဂရုစိုက်တာကို သူမကြိက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သင့်ကို သူ့အချိန်တွေအားလုံး ပေးမထားနိုင်ပါဘူး။ သူ့ကို အချိန်ပြည့် စာတွေပို့၊ ဖုန်းတွေဆက်၊ တွေ့ရင်လည်း အမြဲတမ်း ဖက်လိုက် နမ်းရှုံ့လိုက်လုပ်နေမယ်ဆိုရင် သူ စိတ်ညစ်ပြီး သင့်နားက ထွက်ပြေးသွားပါလိမ့်မယ်။

၂။ ရည်းစားဟောင်းတွေအကြောင်း ခဏခဏပြောမိလား

ဘဝအတွေ့အကြုံကို ဝေမျှဖို့အတွက် ရည်းစားဟောင်းတွေအကြောင်း အခွင့်ကြုံလို့ ပြောပြတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး ရည်းဟစားဟောင်းတွေအကြောင်းပဲ ပြောနေမိဆိုရင်တော့ ဘယ်ယောက်ျားမှ သင့်နား နေချင်မှာ မဟုတ်ပါဘူး။ သူ့ရည်းစားဟောင်းအကြောင်း သူ သင့်ကို ပြောနေတယ်လို့ စိတ်ကူးကြည့်လေ။ အတွေးနဲ့တင် သင့်ရည်းစားကို ရိုက်ချင်နေမှာမဟုတ်လား။ ဒါကြောင့် သူ့ကို ဘယ်တော့မှ သင့်ရည်းစားဟောင်းတွေနဲ့ နှိုင်းယှဉ်မပြောပါနဲ့။ နှိုင်းယှဉ်တာမဟုတ်တောင် သူတို့အကြောင်း ခဏခဏပြောနေရင် သင့်ချစ်သူက နှိုင်းယှဉ်တယ်လို့ ထင်သွားပါလိမ့်မယ်။

၃။ သင် ရိုးသားရဲ့လား

ဘယ်သူ့ကိုမှ မထိခိုက်နိုင်တဲ့ အဖြူရောင်မုသားမျိုးက အဆင်ပြေပါတယ်။ ဒါပေမဲ့ သင် ဘာကြိုက်တယ်၊ ဘာမကြိုက်ဘူး စတာတွေကို လိမ်ပြောရင် အဲဒါ ပြဿနာ ဖြစ်လာမှာ သေချာပါတယ်။ သူ့အကြိုက်ဖြစ်အောင် တမင်လိမ်ညာပြောနေတာဆိုရင် သူသိသွားတဲ့အခါ အခြေအနေက ပိုတောင်ဆိုးသွားနိုင်ပါတယ်။ သူ ကြိုက်ခဲ့တာ သင်မဟုတ်ဘဲ သင်လိမ်ညာခဲ့တဲ့ အတုအယောင်သင်သာ ဖြစ်နေလို့ပါ။

၄။ သူ့ကို အရမ်းထိန်းချုပ်နေမိလား

ချစ်သူတွေက တစ်ယောက်နဲ့တစ်ယောက် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ တားမြစ်တတ်တာ သဘာဝပါ။ ဒါပေမဲ့ သူ့အကြိုက်တွေကို ထိန်းချုပ်မှုများနေပြီဆိုရင်တော့ သူ့ကို သင် လက်လွှတ်ရပါလိမ့်မယ်။ ယောက်ျားတွေက လွတ်လပ်မှုနဲ့ နားအေးပါးအေးနေရတာ ကြိုက်ပါတယ်။

၅။ သူငယ်ချင်းတွေရဲ့ အကြံဉာဏ်တွေကို အလေးအနက်ထားသူလား

အချစ်ဆုံးသူငယ်ချင်းဆိုတာ ကိုယ့်ကို အထောက်အကူအများဆုံး ပေးနိုင်သူပါ။ သင့်ကို ချစ်တဲ့အတွက် ဘာမဆို သူတို့လုပ်ပေးနိုင်တယ်။ သင့်ခံစားချက်တွေကို နားထောင်ပေးနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အကြံဉာဏ်တွေက အချစ်ရေးအပေါ် အရမ်းကို ပြင်းထန်တတ်ပါတယ်။ သင်တို့ရဲ့ ဆက်ဆံရေးအစစ်အမှန်ကို သူတို့ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ သင့်တို့ကိစ္စတွေကို သင်သာ အသိဆုံးဖြစ်တဲ့အတွက် သူငယ်ချင်းတွေပေးတဲ့အကြံဉာဏ်ကို ချင့်ချင့်ချိန်ချိန်နဲ့ တွေးသင့်ပါတယ်။

၆။ သူ သဘောကျအောင် မကြိုးစားမိတော့ဘူးလား

သင်တို့အချစ်ရေး လေးနက်လာချိန်မှာ သူနဲ့တွေ့ခါနီးအချိန်မှာ မိတ်ကပ်ဂရုတစိုက်လိမ်း၊ ဆံပင်ကို သေချာသမနေဖြစ်တော့တာ သဘာဝပါပဲ။ သင် လှလှပပမနေလို့ သူ သင့်ကို ပစ်မသွားနိုင်ပေမဲ့ သင့်အပေါ်မှာတော့ စိတ်ဝင်စားမှု တဖြည်းဖြည်း နည်းသွားပါလိမ့်မယ်။ အချစ်ရေးမှာ စိတ်လှုပ်ရှားစရာလေးတွေ ရှိနေတာ ပျော်စရာ ကောင်းပါတယ်။ မကြာခဏ ဆိုသလို လှလှပပလေး ပြင်ဆင်ပြီး သင့်မှာ အလှတွေ ရှိသေးကြောင်း သူသတိထားမိအောင် ပြဖို့ လိုပါတယ်။

၇။ သင်က ရမ်းသန်းကောက်ချက်ချသူလား

အချစ်ရေးအတော်များများ အဆုံးသတ်ကြတဲ့ အကြောင်းပြချက်တစ်ခုကတော့ စကားပြောရတာ အဆင်မပြေတာပါပဲ။ ပြောရင်းပြောရင်း ရန်ပွဲတွေနဲ့ အမြဲအဆုံးသတ်နေရပြီဆိုရင် ဒါဟာ မကြာခင်မှာ သင်တို့ရဲ့ အချစ်ရေးလည်း အဆုံးသတ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကြောင့် အောင်မြင်သာယာတဲ့ အချစ်ရေး ဖြစ်ချင်ရင် သင်ထင်ရာမြင်ရာတွေချည်း စွပ်ပြောမနေပါနဲ့။ သူဘာကိုဆိုလိုချင်လဲဆိုတာ သေချာနားထောင်၊ နားလည်အောင် ကြိုးစားပါ။


Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top