iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၁၄ႏွစ္၊၁၅ ႏွစ္ေရာက္တဲ့အခ်ိန္ထိ အပ်ဳိစင္ အရည္အေသြးေတြ မျပလာေသးတဲ့ မိန္းကေလးေတြအေနနဲ႔ ရြယ္တူမိန္းကေလးေတြလို ဖြံ႔ျဖိဳးမလာေသးတဲ့အတြက္ စိတ္ပူပင္မႈေတြ ျဖစ္တတ္ၾကပါတယ္။ ဒါေပမဲ့ သုေတသနရလဒ္အသစ္ေတြအရ အပ်ဳိေဖာ္ဝင္ေနာက္က်တဲ့ မိန္းကေလးေတြက အသက္ပိုရွည္တာကို ေတြ႔ရွိခဲ့ၾကပါတယ္။

အမ်ဳိးသမီးေပါင္း ၁၆၀၀၀ ေက်ာ္ကို ေရရွည္ေလ့လာ ေစာင့္ၾကည့္ျပီး သုေတသနျပဳလုပ္ခဲ့တဲ့ရလဒ္ကို Menopause  ဂ်ာနယ္မွာ ေဖာ္ျပခဲ့ပါတယ္။ အသက္ ၁၂ ႏွစ္ သို႔မဟုတ္ ၁၂ ႏွစ္ေက်ာ္မွ အပ်ဳိေဖာ္စဝင္တဲ့ အမ်ိဳးသမီးေတြက အသက္ ၅၀ ေက်ာ္အရြယ္ေလာက္မွာ ေသြးဆုံးႏုိင္ျပီး အသက္ ၉၀ ေက်ာ္သည္အထိေနႏုိင္တဲ့ အခြင့္အလမ္း ပိုမ်ားတာကို ေတြ႔ရွိခဲ့ပါတယ္။

ပိုျပီးေနာက္က်မွ အပ်ဳိေဖာ္ဝင္တဲ့သူေတြက ႏွလုံးေရာဂါလို နာတာရွည္ေရာဂါအခ်ိဳ႕ ျဖစ္ႏုိင္ေခ် အရမ္းနည္းပါတယ္။ ဒါ့အျပင္ ေသြးဆုံးခ်ိန္ေနာက္က်တဲ့ အမ်ဳိးသမီးေတြကေတာ့ က်န္းမာေရးအေကာင္းဆုံးသူေတြ ျဖစ္တတ္ျပီး အသက္ရွည္ရွည္ေနရမယ့္ သူေတြျဖစ္ပါတယ္လို႔ ေလ့လာေရး ပါေမာကၡ Aladdin Shadyab ကေျပာၾကားခဲ့ပါတယ္။

အပ်ဳိေဖာ္ဝင္ေနာက္က်သလုိ ေသြးဆုံးခ်ိန္လည္း ေနာက္က်တဲ့အမ်ဳိးသီးေတြက ေဆးလိပ္၊ အရက္စတဲ့ စြဲလန္းေစတဲ့ ပစၥည္းေတြကို သုံးစြဲမႈနည္းျပီး ဆီးခ်ဳိေရာဂါ ျဖစ္ႏုိင္တဲ့အခြင့္အလမ္းလည္း အရမ္းနည္းပါတယ္။ သိပၸံပညာရွင္ေတြ အေနနဲ႔ ဆက္ျပီးေလ့လာမႈေတြလုပ္ဖုိ႔ လုိအပ္ေနေသးေပမဲ့ ဓမၼတာသဘာဝနဲ႔ က်န္းမာတဲ့ အမူအက်င့္ေတြကို ေပါင္းစပ္လုိက္ျခင္းျဖင့္ အသက္ရွည္ က်န္းမာတဲ့ဘဝတစ္ခုကို ရႏုိင္တယ္ဆုိတာက အေသအခ်ာပဲလို႔ ဆိုလိုက္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက် ၁၄နှစ်၊၁၅ နှစ်ရောက်တဲ့အချိန်ထိ အပျိုစင် အရည်အသွေးတွေ မပြလာသေးတဲ့ မိန်းကလေးတွေအနေနဲ့ ရွယ်တူမိန်းကလေးတွေလို ဖွံ့ဖြိုးမလာသေးတဲ့အတွက် စိတ်ပူပင်မှုတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ သုတေသနရလဒ်အသစ်တွေအရ အပျိုဖော်ဝင်နောက်ကျတဲ့ မိန်းကလေးတွေက အသက်ပိုရှည်တာကို တွေ့ရှိခဲ့ကြပါတယ်။

အမျိုးသမီးပေါင်း ၁၆၀၀၀ ကျော်ကို ရေရှည်လေ့လာ စောင့်ကြည့်ပြီး သုတေသနပြုလုပ်ခဲ့တဲ့ရလဒ်ကို Menopause  ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အသက် ၁၂ နှစ် သို့မဟုတ် ၁၂ နှစ်ကျော်မှ အပျိုဖော်စဝင်တဲ့ အမျိုးသမီးတွေက အသက် ၅၀ ကျော်အရွယ်လောက်မှာ သွေးဆုံးနိုင်ပြီး အသက် ၉၀ ကျော်သည်အထိနေနိုင်တဲ့ အခွင့်အလမ်း ပိုများတာကို တွေ့ရှိခဲ့ပါတယ်။

ပိုပြီးနောက်ကျမှ အပျိုဖော်ဝင်တဲ့သူတွေက နှလုံးရောဂါလို နာတာရှည်ရောဂါအချို့ ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်။ ဒါ့အပြင် သွေးဆုံးချိန်နောက်ကျတဲ့ အမျိုးသမီးတွေကတော့ ကျန်းမာရေးအကောင်းဆုံးသူတွေ ဖြစ်တတ်ပြီး အသက်ရှည်ရှည်နေရမယ့် သူတွေဖြစ်ပါတယ်လို့ လေ့လာရေး ပါမောက္ခ Aladdin Shadyab ကပြောကြားခဲ့ပါတယ်။

အပျိုဖော်ဝင်နောက်ကျသလို သွေးဆုံးချိန်လည်း နောက်ကျတဲ့အမျိုးသီးတွေက ဆေးလိပ်၊ အရက်စတဲ့ စွဲလန်းစေတဲ့ ပစ္စည်းတွေကို သုံးစွဲမှုနည်းပြီး ဆီးချိုရောဂါ ဖြစ်နိုင်တဲ့အခွင့်အလမ်းလည်း အရမ်းနည်းပါတယ်။ သိပ္ပံပညာရှင်တွေ အနေနဲ့ ဆက်ပြီးလေ့လာမှုတွေလုပ်ဖို့ လိုအပ်နေသေးပေမဲ့ ဓမ္မတာသဘာဝနဲ့ ကျန်းမာတဲ့ အမူအကျင့်တွေကို ပေါင်းစပ်လိုက်ခြင်းဖြင့် အသက်ရှည် ကျန်းမာတဲ့ဘဝတစ်ခုကို ရနိုင်တယ်ဆိုတာက အသေအချာပဲလို့ ဆိုလိုက်ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top