iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7 Day Daily



Unicode Version

တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဂျောင်ဆော့ သည် အာရှပရိသတ်နှင့် တွေ့ဆုံ ပွဲကျင်းပမည့် အစီအစဉ်များကို သြဂုတ် ၁ ရက်တွင် ကြေညာ သည်။ လီဂျောင်ဆော့ ပရိသတ် တွေ့ဆုံပွဲ 2016 LEE JONG SUK FANMEETING 'VARIETY' အစီအစဉ်များကို လီဂျောင်ဆော့ ၏ အေဂျင်စီ YG Entertainment က သြဂုတ် ၁ ရက်တွင်ပြော သည်။

စက်တင်ဘာ ၁၀ ရက်တွင် ဆိုးလ်မြို့၌ ကျင်းပပြုလုပ်မည့် ပရိသတ်တွေ့ဆုံပွဲအတွင်း လီ ဂျောင်ဆော့သည် ခေါင်းစဉ်၌ ဖော်ပြသည့်အတိုင်း ပရိသတ်များ အတွက် ဖျော်ဖြေတင်ဆက်မှုမျိုး စုံ ပြုလုပ်ပေးမည်ဖြစ်သည်။

လီဂျောင်ဆော့သည် လက် ရှိတွင် W အမည်ရကေဒရာမာ ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ် ဆောင်လျက်ရှိပြီး ယင်းဇာတ်လမ်းတွဲဖြင့် တောင်ကိုရီးယားနှင့်တရုတ် ပရိသတ်များကြား၌ နာမည်ကျော်ကြားလျက်ရှိသည်။ လီဂျောင်ဆော့သည် တောင်ကို ရီးယား၊ ဂျပန်၊ တရုတ်နှင့် အခြားသော အာရှနိုင်ငံများသို့သွား ရောက်၍ ပရိသတ်များနှင့်တွေ့ဆုံ  မည်ဖြစ်သည်။

Credit: 7 Day Daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top