iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္ျမင္တဲ့သီိခ်င္းေတြကုိ ေရးတဲ့အခါမွာ Taylor Swift က သူရဲ႕ကိုယ္ပိုင္ဘဝကအေၾကာင္းေတြကို ေရးတတ္တာ လွ်ဳိ႕ဝွက္ခ်က္မဟုတ္ေပမယ့္ ဂရမ္မီဆုရရွိထားတဲ့အဆိုေတာ္ဟာ ဘယ္သီခ်င္းက ဘာအေၾကာင္းျဖစ္တယ္၊ ဘယ္သူ႔အေၾကာင္းျဖစ္တယ္ဆိုတာကို အျမဲတမ္းေတာ့ ထုတ္ေဖာ္ေျပာေလ့မရွိပါဘူး။

Swift ရဲ႕ chart ေတြမွာထိပ္ဆံုးခ်ိတ္ခဲ့တဲ့ သီခ်င္းအမ်ဳိးမ်ဳိးရဲ႕ ေနာက္ကြယ္မွာ ဘယ္လိုနာမည္ႀကီးေတြရွိေနမယ္ဆိုတာကို ပရိသတ္ေတြက ႏွစ္ေပါင္းမ်ားစြာ မွန္းဆေနခဲ့ၾကေပမယ့္ ေနာက္ဆံုးမွာေတာ့ Lea Michelle ကေကာလဟာလေတြထဲက တစ္ခုကို အတည္ျပဳႏိုင္ခဲ့ပါတယ္။

Scream Queen ဒုတိယ Season အတြက္ Facebook Live ဗီဒီယိုလႊင့္တုန္းမွာ အရင္က တြဲခဲ့တဲ့သူေတြအေၾကာင္း စကားစေရာက္သြားေတာ့ “နင္ Taylor Swift နဲ႔တြဲခဲ့တာပဲ။ ငါမွတ္မိေသးတယ္” လို႔ Michelle က သူမရဲ႕ တြဲဖက္သရုပ္ေဆာင္သစ္ Taylor Lautner ဘက္လွည့္ၿပီးေျပာခဲ့ပါတယ္။ အနည္းငယ္ရယ္ေမာၿပီးေတာ့ Lautner က အဲဒီအေၾကာင္းမေျပာခ်င္ပါဘူး လို႔ျပန္ေျပာခဲ့ေပမယ့္ Michelle ကဆက္တိုက္တြန္းခ့ဲပါတယ္။

“နင့္အေၾကာင္း သီခ်င္းေတာင္ ေရးခဲ့ေသးတယ္မဟုတ္လား။ ဆြယ္တာႏွင့္ ဦးထုပ္အေၾကာင္း တစ္ခုခုထင္တယ္။ ဟုတ္တယ္မဟုတ္လား” လို႔ Glee သရုပ္ေဆာင္ေဟာင္းက ေမးခဲ့ပါတယ္။

Lautner ကေတာ့ရယ္ေနၿပီး Michelle ကဆက္တိုက္ သီခ်င္းနာမည္ကို ေျပာလာေအာင္ႀကိဳးစားခဲ့ပါတယ္။ “your hat in December လိုမ်ဳိးပဲ” လို႔ Michelle ကေျပာေတာ့ “‘Back to December’ ပါ” လို႔ Lautner ကျပန္ေျဖခဲ့ရပါတယ္။

သီခ်င္းမထြက္ခင္မွာ လမ္းခြဲခဲ့ၾကတာေၾကာင့္ ၂၀၁၀ ခုႏွစ္က ထြက္ခဲ့တဲ့ Speak Now ေခြထဲက ဒုတိယေျမာက္သီခ်င္းျဖစ္တဲ့ ဒီသီခ်င္းဟာ Lautner အေၾကာင္းျဖစ္မယ္လို႔ ပရိသတ္ေတြက မွန္းဆေနခဲ့ၾကတာ စထြက္ကတည္းကပါ။ စာသားေတြထဲမွာလည္း “your tan skin, your sweet smile” လို႔ပါခဲ့ပါတယ္။

Credit:Thit Htoo Lwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အောင်မြင်တဲ့သီချင်းတွေကို ရေးတဲ့အခါမှာ Taylor Swift က သူရဲ့ကိုယ်ပိုင်ဘဝကအကြောင်းတွေကို ရေးတတ်တာ လျှို့ဝှက်ချက်မဟုတ်ပေမယ့် ဂရမ်မီဆုရရှိထားတဲ့အဆိုတော်ဟာ ဘယ်သီချင်းက ဘာအကြောင်းဖြစ်တယ်၊ ဘယ်သူ့အကြောင်းဖြစ်တယ်ဆိုတာကို အမြဲတမ်းတော့ ထုတ်ဖော်ပြောလေ့မရှိပါဘူး။


Swift ရဲ့ chart တွေမှာထိပ်ဆုံးချိတ်ခဲ့တဲ့ သီချင်းအမျိုးမျိုးရဲ့ နောက်ကွယ်မှာ ဘယ်လိုနာမည်ကြီးတွေရှိနေမယ်ဆိုတာကို ပရိသတ်တွေက နှစ်ပေါင်းများစွာ မှန်းဆနေခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ Lea Michelle ကကောလဟာလတွေထဲက တစ်ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။


Scream Queen ဒုတိယ Season အတွက် Facebook Live ဗီဒီယိုလွှင့်တုန်းမှာ အရင်က တွဲခဲ့တဲ့သူတွေအကြောင်း စကားစရောက်သွားတော့ “နင် Taylor Swift နဲ့တွဲခဲ့တာပဲ။ ငါမှတ်မိသေးတယ်” လို့ Michelle က သူမရဲ့ တွဲဖက်သရုပ်ဆောင်သစ် Taylor Lautner ဘက်လှည့်ပြီးပြောခဲ့ပါတယ်။ အနည်းငယ်ရယ်မောပြီးတော့ Lautner က အဲဒီအကြောင်းမပြောချင်ပါဘူး လို့ပြန်ပြောခဲ့ပေမယ့် Michelle ကဆက်တိုက်တွန်းခဲ့ပါတယ်။


“နင့်အကြောင်း သီချင်းတောင် ရေးခဲ့သေးတယ်မဟုတ်လား။ ဆွယ်တာနှင့် ဦးထုပ်အကြောင်း တစ်ခုခုထင်တယ်။ ဟုတ်တယ်မဟုတ်လား” လို့ Glee သရုပ်ဆောင်ဟောင်းက မေးခဲ့ပါတယ်။


Lautner ကတော့ရယ်နေပြီး Michelle ကဆက်တိုက် သီချင်းနာမည်ကို ပြောလာအောင်ကြိုးစားခဲ့ပါတယ်။ “your hat in December လိုမျိုးပဲ” လို့ Michelle ကပြောတော့ “‘Back to December’ ပါ” လို့ Lautner ကပြန်ဖြေခဲ့ရပါတယ်။


သီချင်းမထွက်ခင်မှာ လမ်းခွဲခဲ့ကြတာကြောင့် ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ Speak Now ခွေထဲက ဒုတိယမြောက်သီချင်းဖြစ်တဲ့ ဒီသီချင်းဟာ Lautner အကြောင်းဖြစ်မယ်လို့ ပရိသတ်တွေက မှန်းဆနေခဲ့ကြတာ စထွက်ကတည်းကပါ။ စာသားတွေထဲမှာလည်း “your tan skin, your sweet smile” လို့ပါခဲ့ပါတယ်။


Credit:Thit Htoo Lwin


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top