iMyanmarHouse.com - Best Property Website for Myanmar
×


ရေသောက်ပါ







တကယ်လို့ သင့်ကုမ္ပဏီက ခွင့်ပြုတယ်ဆိုရင် ထိုင်ခုံကို လေ့ကျင့်ခန်းသုံး ဘောလုံး exercise ball လဲသုံးပါ။



ကိုယ်နေဟန်ထား




လမ်းလျှောက်ပါ




Credit : Trend Myanmar



Unicode Version

သင်ဟာ အလုပ်မှာ ထိုင်ခုံနဲ့မခွာ တစ်နေ့ ၁၀နာရီ ဒါမှမဟုတ် ၁၂ နာရီကြာ ထိုင်နေရပြီး ကွန်ပျူတာကို အဆက်မပြတ် စူးစိုက်ကြည့်နေရသူဆိုရင် သင့်ရဲ့ ထိုင်လုပ်ရတဲ့ ဘဝနေထိုင်မှုအတွက် ကောင်းမွန်ထိရောက်တဲ့ နည်းလမ်းတချို့ ပြောပြပေးချင်ပါတယ်။

ရေသောက်ပါ

ရေဓာတ်ထိန်းသိမ်းပြီး အဆာပြေအတွက် အာသာပြင်းပြမှုလျှော့ချတာ အထူးကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ရေသောက်တာက မကြာခဏ ဆီးသွားစေနိုင်ပေမယ့် ကြာကြာထိုင်ရတဲ့အလုပ်မျိုးမှာ လိုအပ်တဲ့ လှုပ်ရှားမှုရစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

ခြေသလုံးကြွက်သား လေ့ကျင့်ခန်း

ဒါကို မိမိအလုပ်စားပွဲမှာ ထိုင်လျက်ပင် ပြုလုပ်နိုင်ပါတယ်။ အလွန်ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးပါပဲ။ ခြေသလုံးကြွက်သားတွေကို ၁ နာရီတစ်ခါ  အကြိမ်၂၀ကနေ ၃၀ထိ မပေးရပါမယ်။

ကွန်ပျူတာရဲ့ အနိမ့်အမြင့်အနေအထား

မိမိကွန်ပျူတာဖန်သားပြင် အပေါ်ပိုင်း ၃ပုံ ၁ပုံ က မျက်လုံးထက် ပိုမြင့်နေရပါမယ်။ ဒီအချက်က မျက်လုံးအားစိုက်မှု လျှော့နည်းစေပြီး ကုန်းကိုင်းမှုမဖြစ်အောင် ဟန့်တားပေးပါတယ်။

လေ့ကျင့်ခန်းသုံး ဘောလုံး

တကယ်လ့ို သင့်ကုမ္ပဏီက ခွင့်ပြုတယ်ဆိုရင် ထိုင်ခုံကို လေ့ကျင့်ခန်းသုံး ဘောလုံး exercise ball လဲသုံးပါ။

ရိုးရိုးလှေကားဖြင့် တက်ပါ

ဓာတ်လှေကားအစား ရိုးရိုးလှေကားဖြင့် တက်ပါ။ အဲဒါက ပေါင်နဲ့ ကြွက်သားတွေ လှုပ်ရှားစေပါတယ်။

ကိုယ်နေဟန်ထား

အလုပ်စားပွဲရှေ့မှာ ပျော့တိပျော့ခွေမထိုင်မိအောင် သတိပြုပါ။ ထိုင်ခုံနောက်မှီအတိုင်း ကျောကို မတ်မတ်ထားပါ။ ပျော့တိပျော့ခွေဖြစ်ခြင်း သို့မဟုတ် ကုန်းကိုင်းမှုကို ကာကွယ်ပေးပါလိမ့်မယ်။

ထိုင်ထလေ့ကျင့်ခန်းလုပ်ပါ

သန့်စင်ခန်းသွားတိုင်း ထိုင်ထလေ့ကျင့်ခန်း ၁၅ ကြိမ် လုပ်ကြည့်ပါ။

လမ်းလျှောက်ပါ

ရုံးချိန်အတွင်း လမ်းလျှောက်ဖို့အတွက် အခွင့်ခါကောင်းတစ်ခု ဖန်တီးပါ။ သွေးလည်ပတ်မှု ထိန်းသိမ်းပေးပြီး အာရုံစူးစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်စေပါလိမ့်မယ်။ ဒါက နေ့လည်စာစားပြီးနောက် ဗိုက်ပြည့်နေတဲ့အချိန်မှာ ပြုလုပ်နိုင်ပါတယ်။

လုပ်ဖော်ကိုက်ဖက်တွေနဲ့စကားပြောပါ

တစ်ခုခုလိုရင် အီမေးလ်ပို့ သို့မဟုတ် ဖုန်းခေါ်ပြီးပြောမယ့်အစား လုပ်ဖော်ကိုင်ဖက်တွေဆီ ခြေလျင်ထသွားပါ။


Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top