iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါသုံးေဖာ့ဘူးမ်ားအား သုံးစြဲမႈမ်ားလာျခင္းေၾကာင့္ ကင္ဆာေရာဂါမ်ား ပုိမုိျဖစ္ပြားလာႏုိင္သည္ဟု ေဆးပညာအသုိင္းအ၀န္းမွ ဆရာ၀န္ႀကီးအခ်ဳိ႕မွ သုံးသပ္ေျပာဆုိၾကသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီး၏ ၂၀၁၂ ခုႏွစ္ အစီရင္ခံစာအရ ျမန္မာႏုိင္ငံသည္ ကမၻာ့ကင္ဆာေရာဂါ အျဖစ္အမ်ားဆုံးႏုိင္ငံ ၁၀ ႏုိင္ငံထဲတြင္ နံပါတ္ ၂ ေနရာ၌ရွိေနၿပီး ကင္ဆာေရာဂါျဖစ္ေစႏုိင္သည့္ အေၾကာင္းအရင္းမ်ားထဲ၌ ပါဆယ္ထုပ္ပုိးသည့္ ႂကြပ္ႂကြပ္အိတ္အမ်ဳိးမ်ဳိးႏွင့္ ေဖာ့ဘူးမ်ားလည္း ပါ၀င္ေနေၾကာင္း ေဖာ္ျပထားသည္။

‘‘ထမင္းဆုိင္တုိ႔ ဒံေပါက္ဆုိင္တုိ႔ စားေသာက္ဆုိင္ေတြမွာ အသုံးျပဳတဲ့ တစ္ခါသုံးေဖာ့ဘူးေတြမွာ စတုိင္းရင္းဓာတ္ေတြပါတယ္။ အဲဒီဓာတ္က ကင္ဆာျဖစ္ပြားေစႏုိင္တဲ့အတြက္ အရမ္းေၾကာက္စရာေကာင္းတယ္။ ၿပီးေတာ့လည္း အစားအေသာက္ေတြထည့္တဲ့ေနရာမွာ အသုံးျပဳၾကတယ္ဆုိေတာ့ ေဖာ့ဘူးနဲ႔ အပူနဲ႔ ထိေတြ႕ပါမ်ားေလ က်န္းမာေရးဆုိးက်ဳိး အမ်ားႀကီး ျဖစ္ႏုိင္ေလပဲ’’ဟု လႈိင္ၿမိဳ႕နယ္မွ အေထြေထြေရာဂါကုဆရာ၀န္တစ္ဦးကေျပာသည္။

အဆုိပါေဖာ့ဘူးမ်ား၌ ပါ၀င္ေသာ စတုိင္းရင္း(Styrene)ဟူသည့္ ဓာတုပစၥည္းအမ်ဳိးအစားသည္ အပူဓာတ္ႏွင့္အပူပါ၀င္ေသာ အစားအစာမ်ား၊ ဆီမ်ားႏွင့္ထိေတြ႕ပါက လ်င္ျမန္စြာဓာတ္ျပဳၿပီး ၎အစားအစာမ်ားထဲသုိ႔ ေပ်ာ္၀င္သြးသည္။ ၎အစားအစာကို စားသုံးမိပါက အူလမ္းေၾကာင္းတစ္ေလွ်ာက္ ေရာဂါမ်ားႏွင့္ ကင္ဆာေရာဂါမ်ား ျဖစ္ပြားေစႏုိင္သည့္အျပင္ ထိခုိက္ပ်က္စီးေစကာ ဗီဇအေျပာင္းအလဲကို ျဖစ္ေပၚေစႏုိင္ေၾကာင္း သိရသည္။

‘‘ေအးတဲ့အစားအေသာက္ဆုိရင္ေတာ့ ဘာမွအေရးမႀကီးဘူး။ နဂုိအစားအစာပူတာကုိမွ အဲဒီအပူခ်ိန္ေၾကာင့္ ေဖာ့မွာရွိတဲ့ ကမ္မီကယ္ေတြက အသားထဲကုိစိမ့္၀င္ၿပီး ေဘးထြက္ဆုိးက်ဳိးေတြ ျဖစ္ႏုိင္တယ္။ ဒါေၾကာင့္ ပူပူေႏြးေႏြး အစားအေသာက္ေတြကို ႂကြပ္ႂကြပ္အိတ္တုိ႔ ေဖာ့ဘူးတုိ႔နဲ႔ မထုပ္တာ အေကာင္းဆုံးပါပဲ’’ဟု ရန္ကင္းၿမိဳ႕နယ္ရွိ အေထြေထြေရာဂါ အထူးကုဆရာ၀န္ႀကီး ေဒါက္တာစုိးမင္းက အႀကံျပဳေျပာဆုိသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕(WHO)မွ အဆုိပါ စတုိင္းရင္းဓာတုပစၥည္းကို (2B)ပလတ္စတစ္အုပ္စု၀င္ဟုဆုိကာ ကင္ဆာေရာဂါျဖစ္ေစသည္ဟု အတည္ျပဳထားသည္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါသုံးဖော့ဘူးများအား သုံးစွဲမှုများလာခြင်းကြောင့် ကင်ဆာရောဂါများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ဆေးပညာအသိုင်းအဝန်းမှ ဆရာဝန်ကြီးအချို့မှ သုံးသပ်ပြောဆိုကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်အများဆုံးနိုင်ငံ ၁၀ နိုင်ငံထဲတွင် နံပါတ် ၂ နေရာ၌ရှိနေပြီး ကင်ဆာရောဂါဖြစ်စေနိုင်သည့် အကြောင်းအရင်းများထဲ၌ ပါဆယ်ထုပ်ပိုးသည့် ကြွပ်ကြွပ်အိတ်အမျိုးမျိုးနှင့် ဖော့ဘူးများလည်း ပါဝင်နေကြောင်း ဖော်ပြထားသည်။

‘‘ထမင်းဆိုင်တို့ ဒံပေါက်ဆိုင်တို့ စားသောက်ဆိုင်တွေမှာ အသုံးပြုတဲ့ တစ်ခါသုံးဖော့ဘူးတွေမှာ စတိုင်းရင်းဓာတ်တွေပါတယ်။ အဲဒီဓာတ်က ကင်ဆာဖြစ်ပွားစေနိုင်တဲ့အတွက် အရမ်းကြောက်စရာကောင်းတယ်။ ပြီးတော့လည်း အစားအသောက်တွေထည့်တဲ့နေရာမှာ အသုံးပြုကြတယ်ဆိုတော့ ဖော့ဘူးနဲ့ အပူနဲ့ ထိတွေ့ပါများလေ ကျန်းမာရေးဆိုးကျိုး အများကြီး ဖြစ်နိုင်လေပဲ’’ဟု လှိုင်မြို့နယ်မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

အဆိုပါဖော့ဘူးများ၌ ပါဝင်သော စတိုင်းရင်း(Styrene)ဟူသည့် ဓာတုပစ္စည်းအမျိုးအစားသည် အပူဓာတ်နှင့်အပူပါဝင်သော အစားအစာများ၊ ဆီများနှင့်ထိတွေ့ပါက လျင်မြန်စွာဓာတ်ပြုပြီး ၎င်းအစားအစာများထဲသို့ ပျော်ဝင်သွးသည်။ ၎င်းအစားအစာကို စားသုံးမိပါက အူလမ်းကြောင်းတစ်လျှောက် ရောဂါများနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့်အပြင် ထိခိုက်ပျက်စီးစေကာ ဗီဇအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

‘‘အေးတဲ့အစားအသောက်ဆိုရင်တော့ ဘာမှအရေးမကြီးဘူး။ နဂိုအစားအစာပူတာကိုမှ အဲဒီအပူချိန်ကြောင့် ဖော့မှာရှိတဲ့ ကမ်မီကယ်တွေက အသားထဲကိုစိမ့်ဝင်ပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ပူပူနွေးနွေး အစားအသောက်တွေကို ကြွပ်ကြွပ်အိတ်တို့ ဖော့ဘူးတို့နဲ့ မထုပ်တာ အကောင်းဆုံးပါပဲ’’ဟု ရန်ကင်းမြို့နယ်ရှိ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်းက အကြံပြုပြောဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အဆိုပါ စတိုင်းရင်းဓာတုပစ္စည်းကို (2B)ပလတ်စတစ်အုပ်စုဝင်ဟုဆိုကာ ကင်ဆာရောဂါဖြစ်စေသည်ဟု အတည်ပြုထားသည်။

Credit:7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top