iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူနဲ႔ လမ္းခြဲရတယ္ဆုိတာမ်ိဳးဟာ အင္မတန္နာက်င္စရာ ေကာင္းလြန္းတာပါ။ ကိုယ့္ကို မခ်စ္ေတာ့လုိ႔၊ ေနာက္တစ္ေယာက္ အသစ္ရသြားလို႔ ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ လမ္းခြဲေပးလိုက္ရတာမ်ိဳး မဟုတ္ဘဲ ဘာမွ အေျခအျမစ္မရွိတဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ေၾကာင့္ ခ်စ္သူႏွစ္ဦး လမ္းခြဲရတဲ့အထိ ျဖစ္သြားရတာမ်ိဳးေတြ အမ်ားႀကီးရွိေနပါတယ္။ ခုလို မီဒီယာစနစ္ေတြ တိုးတက္လာတဲ့ ေခတ္ႀကီးမွာ ဘာမွမဟုတ္တဲ့ အေၾကာင္းအရာေတြေၾကာင့္ လမ္းခြဲရတဲ့ အတြဲေတြ ပိုေတာင္မ်ားလာပါတယ္။  ဒီလို ျပတ္သြားၿပီးျဖစ္တဲ ့အတြဲအမ်ားစုကို ဘာ့ေၾကာင့္ ဒီလိုျဖစ္သြားရသလဲဆိုတဲ့ ေမးခြန္းေတြအေပၚ သူတုိ႔အားလံုးရဲ႕အေျဖေတြကို ျပန္လည္စစ္ထုတ္လိုက္တဲ့အခါ

၁။ေဖ့စ္ဘြတ္ခ္မွာပဲျဖစ္ျဖစ္၊ တျခားဆုိရွယ္နက္ခ္၀က္ေတြမွာ ရည္းစားေဟာင္း၊ ခ်စ္သူေဟာင္းေတြနဲ႔ ထိေတြ႕ဆက္ဆံမႈမ်ိဳးကို ေရွာင္ပါ။ သူငယ္ခ်င္းေတြ ျပန္ျဖစ္သြားၿပီဆိုရင္ေတာင္ ကုိယ့္ခ်စ္သူ ေကာင္ေလး၊ ေကာင္မေလးသိရင္ ဘယ္လိုခံစားရမလဲဆိုတာ ထည့္ေတြးေပးပါ။ ဒါ့အျပင္ ကိုယ့္ရည္းစားေဟာင္း အေၾကာင္းကိုလည္း လက္ရွိတြဲေနတဲ့ ခ်စ္သူကို ေျပာျပတာမ်ိဳး၊ ႏႈိင္းယွဥ္တာမ်ိဳး ေရွာင္ရမွာပါ။ ရည္းစားေဟာင္းက ကိုယ့္ကိုစိတ္၀င္စားေတာ့တာလည္း မဟုတ္ဘဲနဲ႔ ငါ့ကို သူ႔စိတ္ထဲရွိေနဦးမယ္ ဆုိတဲ့ အေတြးမ်ိဳးေတာ့ လံုး၀မေတြးလိုက္ပါနဲ႔။ ဟိုကျပန္ၿပီး ဆိုရွက္နက္ခ္၀က္မွာ ကိုယ္တင္တဲ့ပို႔စ္ေတြကို လိုက္ခ္ေလး လုပ္လိုက္လို႔ ဖီးလ္တက္ေနမယ္ဆုိရင္ သူ႔လွည့္ကြက္ထဲ ျပန္၀င္မိေနၿပီလို႔သာ ေျပာခ်င္ပါတယ္။ ကိုယ့္မွာလည္း ရည္းစားသစ္န႔ဲမုိ႔ အေဟာင္းနဲ႔ ျပန္အီတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ဒါဟာ ကိုယ့္ခ်စ္သူနဲ႔ကိုယ္ၾကားမွာ ျပႆနာျဖစ္ေစမယ့္ အခ်က္တစ္ခ်က္ပါပဲ။

၂။တစ္ခုခုဆို ဘာမဟုတ္တာေလးေတြနဲ႔ ကိုယ့္ခ်စ္သူအေပၚ အျပစ္မတင္မိပါေစနဲ႔။ ဒါေလးေတာင္ မသိဘူးလား။ ဒါေလးေတာင္ မလုပ္ႏိုင္ဘူးလား။ မင္းက ဒီလိုဟာမ်ိဳးေတြ ႀကိဳက္တယ္။ ဦးေႏွာက္သံုးပါလား။ ကေလးေတာင္ စဥ္းစားတတ္တယ္။ အဲ့ေလာက္မရူးစမ္းပါနဲ႔ စတဲ့ စကားလံုးမ်ိဳးေတြ ကိုယ့္ခ်စ္သူကို ေျပာဖူးပါသလား။ တစ္ခါမဟုတ္ႏွစ္ခါမဟုတ္ အၿမဲတမ္းလိုလို ကိုယ္စိတ္အလိုမက်တုိင္း သူ႔ကို အျပစ္တင္ေနက်ဆုိရင္ေတာ့ သူ႕ခမ်ာ ဘယ္လိုခံစားရရွာမလဲဆိုတာ ေတြးၾကည့္ေပါ့။ သူ႔ကိုယ္သူ ယံုၾကည္မႈ မရွိေတာ့တဲ့အျပင္ ငါ့ကို ဘယ္ေတာ့မွ သည္းမခံဘူးဆိုတဲ့ အေတြးမ်ိဳးလည္း ၀င္သြားၿပီေပါ့။

၃။ကိုယ့္ခ်စ္သူကို သူမ်ားေတြထက္ အခ်ိန္ပိုေပးပါ။ သူငယ္ခ်င္းေတြနဲ႔ရွိခ်ိန္က ကိုယ့္ခ်စ္သူနဲ႔ အတူတူရွိခ်ိန္မ်ိဳးထက္ ပိုမ်ားေနၿပီဆုိရင္ သူ႕ဘက္က ေတြးစရာေတြ ျဖစ္လာပါလိမ့္မယ္။ ငါ့ကို သူ႕သူငယ္ခ်င္းေတြေလာက္ မခ်စ္လုိ႔လားဆုိတဲ့ အေတြးမ်ိဳး ၀င္သြားၿပီဆိုရင္ေတာ့ ဒါဟာေဖ်ာက္ရခက္တဲ့ အရာဆိုတာ မေမ့ပါနဲ႕။

၄။ခ်စ္သူနဲ႔ မုန္႔ထြက္စားတဲ့အခါ၊ တစ္ခုခု၀ယ္တဲ့အခါမ်ိဳးေတြမွာ ကိုယ္ဒီတစ္ခါရွင္းထားလုိ႔၊ ေနာက္တစ္ခါ သူ႔ကို ရွင္းလိုက္လို႔ ေပၚတင္ေျပာတာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ့္မွာ ပိုက္ဆံနည္းေနရင္ ကိုယ့္အေျခအေနကုိ ကိုယ့္ခ်စ္သူကို ေျပာျပထားပါ။ အဲ့ဒီလိုမဟုတ္ဘဲ ကိုယ့္ဆီမွာ ပိုက္ဆံရွိရက္သားနဲ႔ ကပ္ေစနည္းေနတာမ်ိဳးဆိုရင္ေတာ့ ဒါဟာ ကုိယ့္ခ်စ္သူ ကိုယ့္ကို အထင္ေသးသြားေစမယ့္ အေၾကာင္းရင္းတစ္ခုပါပဲ။ ဒါ့အျပင္ တစ္ခုခုလုပ္ေတာ့မယ္ဆုိရင္ ေကာင္မေလးက ေကာင္ေလးကို လုပ္ေပးပါလားလို႔ မေျပာခင္ကတည္းက ကိုယ္က ဒါေလး ကိုယ္လုပ္ေပးလုိက္မယ္ ဆိုတာမ်ိဳး ျဖစ္ေနပါေစ။ အလုိက္သိပါ၊ မတြက္ကတ္ပါနဲ႔။

၅။သူနဲ႔ရည္းစားစျဖစ္တဲ့ေန႔၊ ဘယ္ေန႔မွာ ခရီးအတူတူသြားခဲ့တာ၊ ဘယ္ေန႔မွာ လက္စြပ္ဆင္တူ ၀ယ္ခဲ့ၾကတာ စတဲ့ေန႔စြဲေလးေတြကို တတ္ႏိုင္သေလာက္ မွတ္ထားပါ။ ဘယ္သူမဆို ဒီလိုအမွတ္တရေန႔ေလးေတြကိုေတာ့ ကိုယ့္ခ်စ္သူကို သိေစခ်င္ၾကတာခ်ည္းပါပဲ။ အားလံုးေမ့ေနတာမ်ိဳးဆိုရင္ေတာ့ ဒါဟာ ခ်စ္သူၾကားက မေကာင္းတဲ့ လကၡဏာတစ္ရပ္ျဖစ္လာဖုိ႔ အစဆိုတာ သတိရလိုက္ပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ချစ်သူနဲ့ လမ်းခွဲရတယ်ဆိုတာမျိုးဟာ အင်မတန်နာကျင်စရာ ကောင်းလွန်းတာပါ။ ကိုယ့်ကို မချစ်တော့လို့၊ နောက်တစ်ယောက် အသစ်ရသွားလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ လမ်းခွဲပေးလိုက်ရတာမျိုး မဟုတ်ဘဲ ဘာမှ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတစ်ချို့ကြောင့် ချစ်သူနှစ်ဦး လမ်းခွဲရတဲ့အထိ ဖြစ်သွားရတာမျိုးတွေ အများကြီးရှိနေပါတယ်။ ခုလို မီဒီယာစနစ်တွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေကြောင့် လမ်းခွဲရတဲ့ အတွဲတွေ ပိုတောင်များလာပါတယ်။  ဒီလို ပြတ်သွားပြီးဖြစ်တဲ့အတွဲအများစုကို ဘာ့ကြောင့် ဒီလိုဖြစ်သွားရသလဲဆိုတဲ့ မေးခွန်းတွေအပေါ် သူတို့အားလုံးရဲ့အဖြေတွေကို ပြန်လည်စစ်ထုတ်လိုက်တဲ့အခါ

၁။ဖေ့စ်ဘွတ်ခ်မှာပဲဖြစ်ဖြစ်၊ တခြားဆိုရှယ်နက်ခ်ဝက်တွေမှာ ရည်းစားဟောင်း၊ ချစ်သူဟောင်းတွေနဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို ရှောင်ပါ။ သူငယ်ချင်းတွေ ပြန်ဖြစ်သွားပြီဆိုရင်တောင် ကိုယ့်ချစ်သူ ကောင်လေး၊ ကောင်မလေးသိရင် ဘယ်လိုခံစားရမလဲဆိုတာ ထည့်တွေးပေးပါ။ ဒါ့အပြင် ကိုယ့်ရည်းစားဟောင်း အကြောင်းကိုလည်း လက်ရှိတွဲနေတဲ့ ချစ်သူကို ပြောပြတာမျိုး၊ နှိုင်းယှဉ်တာမျိုး ရှောင်ရမှာပါ။ ရည်းစားဟောင်းက ကိုယ့်ကိုစိတ်ဝင်စားတော့တာလည်း မဟုတ်ဘဲနဲ့ ငါ့ကို သူ့စိတ်ထဲရှိနေဦးမယ် ဆိုတဲ့ အတွေးမျိုးတော့ လုံးဝမတွေးလိုက်ပါနဲ့။ ဟိုကပြန်ပြီး ဆိုရှက်နက်ခ်ဝက်မှာ ကိုယ်တင်တဲ့ပို့စ်တွေကို လိုက်ခ်လေး လုပ်လိုက်လို့ ဖီးလ်တက်နေမယ်ဆိုရင် သူ့လှည့်ကွက်ထဲ ပြန်ဝင်မိနေပြီလို့သာ ပြောချင်ပါတယ်။ ကိုယ့်မှာလည်း ရည်းစားသစ်နဲ့မို့ အဟောင်းနဲ့ ပြန်အီတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ ကိုယ့်ချစ်သူနဲ့ကိုယ်ကြားမှာ ပြဿနာဖြစ်စေမယ့် အချက်တစ်ချက်ပါပဲ။

၂။တစ်ခုခုဆို ဘာမဟုတ်တာလေးတွေနဲ့ ကိုယ့်ချစ်သူအပေါ် အပြစ်မတင်မိပါစေနဲ့။ ဒါလေးတောင် မသိဘူးလား။ ဒါလေးတောင် မလုပ်နိုင်ဘူးလား။ မင်းက ဒီလိုဟာမျိုးတွေ ကြိုက်တယ်။ ဦးနှောက်သုံးပါလား။ ကလေးတောင် စဉ်းစားတတ်တယ်။ အဲ့လောက်မရူးစမ်းပါနဲ့ စတဲ့ စကားလုံးမျိုးတွေ ကိုယ့်ချစ်သူကို ပြောဖူးပါသလား။ တစ်ခါမဟုတ်နှစ်ခါမဟုတ် အမြဲတမ်းလိုလို ကိုယ်စိတ်အလိုမကျတိုင်း သူ့ကို အပြစ်တင်နေကျဆိုရင်တော့ သူ့ခမျာ ဘယ်လိုခံစားရရှာမလဲဆိုတာ တွေးကြည့်ပေါ့။ သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့တဲ့အပြင် ငါ့ကို ဘယ်တော့မှ သည်းမခံဘူးဆိုတဲ့ အတွေးမျိုးလည်း ဝင်သွားပြီပေါ့။

၃။ကိုယ့်ချစ်သူကို သူများတွေထက် အချိန်ပိုပေးပါ။ သူငယ်ချင်းတွေနဲ့ရှိချိန်က ကိုယ့်ချစ်သူနဲ့ အတူတူရှိချိန်မျိုးထက် ပိုများနေပြီဆိုရင် သူ့ဘက်က တွေးစရာတွေ ဖြစ်လာပါလိမ့်မယ်။ ငါ့ကို သူ့သူငယ်ချင်းတွေလောက် မချစ်လို့လားဆိုတဲ့ အတွေးမျိုး ဝင်သွားပြီဆိုရင်တော့ ဒါဟာဖျောက်ရခက်တဲ့ အရာဆိုတာ မမေ့ပါနဲ့။

၄။ချစ်သူနဲ့ မုန့်ထွက်စားတဲ့အခါ၊ တစ်ခုခုဝယ်တဲ့အခါမျိုးတွေမှာ ကိုယ်ဒီတစ်ခါရှင်းထားလို့၊ နောက်တစ်ခါ သူ့ကို ရှင်းလိုက်လို့ ပေါ်တင်ပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ့်မှာ ပိုက်ဆံနည်းနေရင် ကိုယ့်အခြေအနေကို ကိုယ့်ချစ်သူကို ပြောပြထားပါ။ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်ဆီမှာ ပိုက်ဆံရှိရက်သားနဲ့ ကပ်စေနည်းနေတာမျိုးဆိုရင်တော့ ဒါဟာ ကိုယ့်ချစ်သူ ကိုယ့်ကို အထင်သေးသွားစေမယ့် အကြောင်းရင်းတစ်ခုပါပဲ။ ဒါ့အပြင် တစ်ခုခုလုပ်တော့မယ်ဆိုရင် ကောင်မလေးက ကောင်လေးကို လုပ်ပေးပါလားလို့ မပြောခင်ကတည်းက ကိုယ်က ဒါလေး ကိုယ်လုပ်ပေးလိုက်မယ် ဆိုတာမျိုး ဖြစ်နေပါစေ။ အလိုက်သိပါ၊ မတွက်ကတ်ပါနဲ့။

၅။သူနဲ့ရည်းစားစဖြစ်တဲ့နေ့၊ ဘယ်နေ့မှာ ခရီးအတူတူသွားခဲ့တာ၊ ဘယ်နေ့မှာ လက်စွပ်ဆင်တူ ဝယ်ခဲ့ကြတာ စတဲ့နေ့စွဲလေးတွေကို တတ်နိုင်သလောက် မှတ်ထားပါ။ ဘယ်သူမဆို ဒီလိုအမှတ်တရနေ့လေးတွေကိုတော့ ကိုယ့်ချစ်သူကို သိစေချင်ကြတာချည်းပါပဲ။ အားလုံးမေ့နေတာမျိုးဆိုရင်တော့ ဒါဟာ ချစ်သူကြားက မကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်လာဖို့ အစဆိုတာ သတိရလိုက်ပါ။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top