iMyanmarHouse.com - Best Property Website for Myanmar
×

စကားပုံတစ္ခုက ဆုိထားပါတယ္။ သင္ မေမြးဖြားရေသးဘူးဆုိရင္ေတာင္ သင့္အိမ္ေထာင္ဘက္ရဲ႕အမည္နာမ ကုိ ဘုရားသခင္က သတ္မွတ္ၿပီးသား” ပါတဲ့။ ဒါကုိ မွန္ျခင္းမွားျခင္း ကၽြန္ေတာ္ အျငင္းအခုန္ မျပဳလုိပါဘူး။ ဒါေပမယ့္ လူတုိင္း ကုိယ့္အိမ္ေထာင္ဘက္ ဘယ္သူလဲဆုိတာ သိခ်င္ၾကပါတယ္။ ကၽြန္ေတာ္ အခုေျပာျပသြား မွာက သင့္အိမ္ေထာင္ဘက္အမည္ အလုိေလွ်ာက္ေပၚလာေစတဲ့ Software ေတြ App ေတြကုိ မိတ္ဆက္ေပး သြားမွာ မဟုတ္ပါဘူး။ သင္လူတစ္ေယာက္အေပၚမွာ ေအာက္ပါေဖာ္ျခခ်က္ေလးေတြနဲ႕ ကိုက္ညီတယ္ဆုိရင္ သင့္အိမ္ေထာင္ဖက္ကုိ သင္ ေတြ႕ၿပီလုိ႕ ဆုိလုိ႕ရပါတယ္။

 1. ကုိယ့္ဘာသာ စိတ္ထဲက အလုိလိုသိေနတယ္။

တစ္ခါတရံ ႏွလုံးသားရဲ႕ အနက္႐ႈိင္းဆုံးကလာတဲ့ “အဲဒီတစ္ေယာက္ဟာ မင္းနဲ႕အသင့္ေတာ္ဆုံးပဲ ” ဆုိတဲ့ တုိက္တြန္းမႈကုိ သင္ လက္ခံရရွိႏုိင္ပါတယ္။ ဒါကုိ ကုိယ့္ဘာသာပဲ သိပါတယ္။

2. တူညီတဲ့ခံစားခ်က္နဲ႕ေတြ႕ဆုံၾကတယ္။

လူ တစ္ေယာက္နဲ႕တစ္ေယာက္ ဖူးစာပါၿပီဆုိတာနဲ႕ သူနဲ႕သင္ဟာ မုိင္ေသာင္းခ်ီေ၀းလည္း တစ္ေနရာရာမွာ လာဆုံပါလိမ့္မယ္။ တစ္ခါတေလ သင္နဲ႕ အိမ္းနီးနားခ်င္းလည္းျဖစ္ႏုိင္ၿပီး သင့္ စိတ္အခံက တစ္နည္းနည္းနဲ႕ ဖူးစာဖက္ကုိ လက္ခံလာခ်င္တဲ့အခါမ်ိဳးမွာ သင္ဟာ သူ႕ကုိ ပထမဆုံး သတိထားမိတာပဲျဖစ္ျဖစ္ ဆုံေတြ႕တာ ပဲျဖစ္ျဖစ္ ေတြ႕ႀကဳံရပါ့လိမ့္မယ္။ ထူးျခားခ်က္အေနနဲ႕ အဲဒီအခ်ိန္မွာ သင္ ခံစားေနရတဲ့ ခံစားမႈမ်ိဳး သူလည္း ခံစားေနရၿပီဆုိတာပါဘဲ။

3. သင္ၿငိမ္းခ်မ္းမႈကိုခံစားရရင္ သူလည္း ထပ္တူခံစားရမယ္။

ဒီလုိ နားလည္မႈနဲ႕ ျဖစ္တည္လာတဲ့ လူႏွစ္ေယာက္ဟာ တစ္ေယာက္စိတ္ကုိ တစ္ေယာက္ ေကာင္းေကာင္း ခံစားတတ္ၿပီး သင့္ ၿငိမ္းခ်မ္းမႈကုိ သူ တကူးတကယူစရာမလုိပဲ ရေနပါ့လိမ့္မယ္။ သင္တုိ႕ႏွစ္ေယာက္တည္း ကြက္ၿပီးေတာ့ ၿငိမ္းခ်မ္းေနတာမ်ိဳးအထိေတာင္ ျဖစ္ႏုိင္ပါတယ္။

 4. သူ႔ရင္ထဲက အသံကို သင္ၾကားႏုိင္သလို သင့္ရင္ထဲက အသံကို သူၾကားနုုိင္တယ္။

သူ႕ႏွလုံးသားက အသံမဲ့စကားေတြကုိလည္း သင္ ၾကားႏုိင္မယ္။ ဘယ္လုိအခ်ိန္မွာလဲ မ်က္လုံးခ်င္းဆုံတဲ့အခါ၊ သုိ႕တည္းမဟုတ္ သူ႕ အမူအယာေလးေတြကို အကတ္ခတ္ၿပီး ဘာသာျပန္တဲ့အခါမ်ိဳးမွာေတာင္ သင္ရဲ႕ ဘာသာ ျပန္ႏုိင္မႈစြမ္းအားဟာ အံ့မခန္း မွန္ကန္ေနလိ့မ္မယ္။

 5. တစ္ေယာက္အေၾကာင္းကိုတစ္ေယာက္သိတယ္။

တစ္ေယာက္ရဲ႕ အျပစ္အနာအဆာကုိ သိတယ္။ ဒါကုိ သင္ကုိယ္တုိင္က ခြင့္လႊတ္ႏုိင္တယ္ဆုိရင္ သင့္အျပစ္ အနာအဆာကုိ သင့္ဖူးစာဖက္က ခြင့္လႊတ္ႏုိင္ပါတယ္။ ေနာက္ၿပီး အဲဒီအျပစ္အနာအဆာဆီကပဲ ႏွစ္ေယာက္ စလုံးအတြက္ အက်ိဳးေက်းဇူးေတြ ျပန္ရေအာင္ရွာၿပီး အသုံးခ်တတ္သြားမယ္။

6. တူညီတဲ့ ေမွ်ာ္မွန္းခ်က္ေတြရွိတယ္။

 ဒါေတြကလည္း ညႇိထားစရာမလုိေအာင္ တုိက္ဆုိင္တတ္တယ္။ ဥပမာအားျဖင့္ သင္က သစ္လုံးအိမ္ေလးနဲ႕ ေအးေအးခ်မ္းခ်မ္းေနခ်င္တယ္ဆုိရင္ သူဟာ သင္နဲ႕မပတ္သက္ခင္တုန္းက တုိက္ႀကီးတာႀကီးနဲ႕ ေနခ်င္သူ ျဖစ္ခ်င္ျဖစ္မယ္ … သင္နဲ႕ပတ္သက္ၿပီးရင္ေတာ့ သင့္စိတ္ကူးနဲ႕ ထပ္တူထပ္မွ် ျဖစ္ေနပါလိမ့္မယ္။

7. အထီးက်န္မႈမခံစားရေတာ့ဘူး။

သင္ဟာ သူ႕ကိုယ္တစ္ကယ္ခ်စ္ၿပီဆုိရင္ တစ္ေယာက္တည္း ရွိေနခ်ိန္မွာေတာင္ အထီးက်န္မႈကို ခံစားရမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သင့္အနားမွာ သူရွိေနတယ္လုိ႕ ေတြးေတာေနမွာမုိ႕လုိ႕ပါ။ အဲဒီလုိပဲ သူကလည္း ထပ္တူ ေတြးေတာေနမွာမုိ႕ အေတြးေလးထဲမွာ ႏွစ္ေယာက္သားအၿမဲတမ္း ေတြ႕ဆုံေနမွာပါ။

8. မနာလုိျဖစ္တာ မလုံမလဲျဖစ္တာမ်ိဳးရွိမွာမဟုတ္။

မ်က္ကြယ္မွာပဲျဖစ္ျဖစ္ မ်က္ေမွာက္မွာပဲျဖစ္ျဖစ္ သင္ရဲ႕ ဖူးစာဖတ္ကုိ သင္စိတ္ခ်ပါတယ္။ မနာလုိစိတ္လည္း မျဖစ္ပါဘူး။ ဘာေၾကာင့္ဆုိ သူမဟာ သင္နဲ႕တစ္ထပ္တည္းက်တယ္ဆုိတာကုိ သိေနလုိ႕ပါဘဲ။

Credit:ulaygyissk

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စကားပုံတစ်ခုက ဆိုထားပါတယ်။ သင် မမွေးဖွားရသေးဘူးဆိုရင်တောင် သင့်အိမ်ထောင်ဘက်ရဲ့အမည်နာမ ကို ဘုရားသခင်က သတ်မှတ်ပြီးသား” ပါတဲ့။ ဒါကို မှန်ခြင်းမှားခြင်း ကျွန်တော် အငြင်းအခုန် မပြုလိုပါဘူး။ ဒါပေမယ့် လူတိုင်း ကိုယ့်အိမ်ထောင်ဘက် ဘယ်သူလဲဆိုတာ သိချင်ကြပါတယ်။ ကျွန်တော် အခုပြောပြသွား မှာက သင့်အိမ်ထောင်ဘက်အမည် အလိုလျှောက်ပေါ်လာစေတဲ့ Software တွေ App တွေကို မိတ်ဆက်ပေး သွားမှာ မဟုတ်ပါဘူး။ သင်လူတစ်ယောက်အပေါ်မှာ အောက်ပါဖော်ခြချက်လေးတွေနဲ့ ကိုက်ညီတယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို သင် တွေ့ပြီလို့ ဆိုလို့ရပါတယ်။

 1. ကိုယ့်ဘာသာ စိတ်ထဲက အလိုလိုသိနေတယ်။

တစ်ခါတရံ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကလာတဲ့ “အဲဒီတစ်ယောက်ဟာ မင်းနဲ့အသင့်တော်ဆုံးပဲ ” ဆိုတဲ့ တိုက်တွန်းမှုကို သင် လက်ခံရရှိနိုင်ပါတယ်။ ဒါကို ကိုယ့်ဘာသာပဲ သိပါတယ်။

2. တူညီတဲ့ခံစားချက်နဲ့တွေ့ဆုံကြတယ်။

လူ တစ်ယောက်နဲ့တစ်ယောက် ဖူးစာပါပြီဆိုတာနဲ့ သူနဲ့သင်ဟာ မိုင်သောင်းချီဝေးလည်း တစ်နေရာရာမှာ လာဆုံပါလိမ့်မယ်။ တစ်ခါတလေ သင်နဲ့ အိမ်းနီးနားချင်းလည်းဖြစ်နိုင်ပြီး သင့် စိတ်အခံက တစ်နည်းနည်းနဲ့ ဖူးစာဖက်ကို လက်ခံလာချင်တဲ့အခါမျိုးမှာ သင်ဟာ သူ့ကို ပထမဆုံး သတိထားမိတာပဲဖြစ်ဖြစ် ဆုံတွေ့တာ ပဲဖြစ်ဖြစ် တွေ့ကြုံရပါ့လိမ့်မယ်။ ထူးခြားချက်အနေနဲ့ အဲဒီအချိန်မှာ သင် ခံစားနေရတဲ့ ခံစားမှုမျိုး သူလည်း ခံစားနေရပြီဆိုတာပါဘဲ။

3. သင်ငြိမ်းချမ်းမှုကိုခံစားရရင် သူလည်း ထပ်တူခံစားရမယ်။

ဒီလို နားလည်မှုနဲ့ ဖြစ်တည်လာတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်စိတ်ကို တစ်ယောက် ကောင်းကောင်း ခံစားတတ်ပြီး သင့် ငြိမ်းချမ်းမှုကို သူ တကူးတကယူစရာမလိုပဲ ရနေပါ့လိမ့်မယ်။ သင်တို့နှစ်ယောက်တည်း ကွက်ပြီးတော့ ငြိမ်းချမ်းနေတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။

 4. သူ့ရင်ထဲက အသံကို သင်ကြားနိုင်သလို သင့်ရင်ထဲက အသံကို သူကြားနိုုင်တယ်။

သူ့နှလုံးသားက အသံမဲ့စကားတွေကိုလည်း သင် ကြားနိုင်မယ်။ ဘယ်လိုအချိန်မှာလဲ မျက်လုံးချင်းဆုံတဲ့အခါ၊ သို့တည်းမဟုတ် သူ့ အမူအယာလေးတွေကို အကတ်ခတ်ပြီး ဘာသာပြန်တဲ့အခါမျိုးမှာတောင် သင်ရဲ့ ဘာသာ ပြန်နိုင်မှုစွမ်းအားဟာ အံ့မခန်း မှန်ကန်နေလိ့မ်မယ်။

 5. တစ်ယောက်အကြောင်းကိုတစ်ယောက်သိတယ်။

တစ်ယောက်ရဲ့ အပြစ်အနာအဆာကို သိတယ်။ ဒါကို သင်ကိုယ်တိုင်က ခွင့်လွှတ်နိုင်တယ်ဆိုရင် သင့်အပြစ် အနာအဆာကို သင့်ဖူးစာဖက်က ခွင့်လွှတ်နိုင်ပါတယ်။ နောက်ပြီး အဲဒီအပြစ်အနာအဆာဆီကပဲ နှစ်ယောက် စလုံးအတွက် အကျိုးကျေးဇူးတွေ ပြန်ရအောင်ရှာပြီး အသုံးချတတ်သွားမယ်။

6. တူညီတဲ့ မျှော်မှန်းချက်တွေရှိတယ်။

 ဒါတွေကလည်း ညှိထားစရာမလိုအောင် တိုက်ဆိုင်တတ်တယ်။ ဥပမာအားဖြင့် သင်က သစ်လုံးအိမ်လေးနဲ့ အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင် သူဟာ သင်နဲ့မပတ်သက်ခင်တုန်းက တိုက်ကြီးတာကြီးနဲ့ နေချင်သူ ဖြစ်ချင်ဖြစ်မယ် … သင်နဲ့ပတ်သက်ပြီးရင်တော့ သင့်စိတ်ကူးနဲ့ ထပ်တူထပ်မျှ ဖြစ်နေပါလိမ့်မယ်။

7. အထီးကျန်မှုမခံစားရတော့ဘူး။

သင်ဟာ သူ့ကိုယ်တစ်ကယ်ချစ်ပြီဆိုရင် တစ်ယောက်တည်း ရှိနေချိန်မှာတောင် အထီးကျန်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်အနားမှာ သူရှိနေတယ်လို့ တွေးတောနေမှာမို့လို့ပါ။ အဲဒီလိုပဲ သူကလည်း ထပ်တူ တွေးတောနေမှာမို့ အတွေးလေးထဲမှာ နှစ်ယောက်သားအမြဲတမ်း တွေ့ဆုံနေမှာပါ။

8. မနာလိုဖြစ်တာ မလုံမလဲဖြစ်တာမျိုးရှိမှာမဟုတ်။

မျက်ကွယ်မှာပဲဖြစ်ဖြစ် မျက်မှောက်မှာပဲဖြစ်ဖြစ် သင်ရဲ့ ဖူးစာဖတ်ကို သင်စိတ်ချပါတယ်။ မနာလိုစိတ်လည်း မဖြစ်ပါဘူး။ ဘာကြောင့်ဆို သူမဟာ သင်နဲ့တစ်ထပ်တည်းကျတယ်ဆိုတာကို သိနေလို့ပါဘဲ။


Credit:ulaygyissk



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top