iMyanmarHouse.com - Best Property Website for Myanmar
×
Credit : duwun
#Unicode Version
၁ - သင့်ကြိုက်တာ၊ သင်ချစ်တာကို လုပ်ဖို့ အချိန်အမြဲဖယ်ထားပါ။ သင်နှစ်သက်မြတ်နိုးတာကို အမြဲလုပ်ရတဲ့အတွက် သင့်ဘဝကို ပိုမိုနှစ်သက်လာပါမယ်။
၂ - သင့်ဘဝမှာ အဓိကဦးစားပေးရမယ့် အရာတွေ ရှိမှာပါ။ နေ့စဉ်ဘဝဟာ ဒီဦးစားပေးတွေကို အဓိကထားပြီး နေထိုင်သင့်ပါတယ်။ သင်နေ့စဉ်လုပ်နေတဲ့ အလေ့အကျင့်တွေဟာ ဒီဦးစားပေးတွေနဲ့ ပက်သက်တာတွေ ဖြစ်သင့်ပါတယ်။
၃ - တူညီတဲ့ တာဝန်တွေကို အုပ်စုခွဲပြီး ချရေးပါ။ လုပ်ရမယ့် အလုပ်တွေကို အမျိုးအစားခွဲခြားပါ။ နေ့စဉ်အလုပ်တွေကို စာရင်းချပြီး လုပ်တဲ့ အကျင့်ရှိသင့်ပါတယ်။
၄ - ကိုယ့်အလုပ်တွေကို နောက်ဆုံးထားလုပ်ရမယ့်အချိန် သတ်မှတ်ပါ။ ဘယ်သူမှ မသတ်မှတ်ပေမယ့်လည်း ကိုယ့်ဘာကိုယ် သတ်မှတ်သင့်ပါတယ်။ ဒါဟာ အလုပ်တွေကို ထိထိရောက်ရောက်လုပ်တတ်တဲ့ အကျင့်ဖြစ်လာပါတယ်။
၅ - သင့်ဘဝမှာ အကြီးဆုံးရည်မှန်းချက်တစ်ခုကို မစဉ်းစားဘဲ နေ့တစ်နေ့ကို မကုန်ဆုံးပါနဲ့။ နေ့စဉ်နည်းနည်းချင်းစီ လုပ်သွားရင် ပိုကောင်းပါတယ်။ ဥပမာ - ဒီဇိုင်နာ ဖြစ်ချင်တဲ့လူတစ်ယောက်က အဆိုပါအလုပ်ကို မလုပ်ရသေးရင်တောင် နေ့စဉ်ဒီဇိုင်းနဲ့ပက်သက်တဲ့ စာအုပ်တွေ ဖတ်တာမျိုးပါ။
Credit : duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top