iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္နဲ႔ အရင္းႏွီးဆံုး၊ ကိုယ့္အေၾကာင္း အားလံုးသိေနတဲ့ ကိုယ့္ခ်စ္သူကို တစ္ခါတစ္ေလ လွ်ိဳ႔၀ွက္ထားသင့္တဲ့ အရာေလးေတြ ရွိပါတယ္။ ဒါေလးေတြ လွ်ိဳ႕၀ွက္ထားလိုက္လုိ႔ ကိုယ့္အတြက္ေရာ၊ သူ႕အတြက္ပါ ဘာဆုိးက်ိဳးမွ မရွိဘူးဆိုတာ ေသခ်ာေစတဲ့အျပင္ ႏွစ္ဦးသားအခ်စ္ေရးေတာင္ ပိုမိုအဆင္ေျပသြားေစပါဦးမယ္။ ကဲ လွ်ိဳ႕၀ွက္ထားရမယ့္ အရာေလးေတြက

၁။သူ႕သူငယ္ခ်င္းက မုိက္တယ္ဆိုတာ

တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူ ေကာင္ေလးရဲ႕ သူငယ္ခ်င္းက ေတာ္ေတာ္ေလး အထာက်တဲ့အေၾကာင့္ ကိုယ့္ခ်စ္သူကို သြားေျပာလုိ႔ မျဖစ္ဘူးဆုိတာ သိထားပါ။ ကိုယ့္စိတ္ထဲမွာပဲ ထားပါ။ ကိုယ့္စိတ္ထဲမွာ ရွိေနၿပီးသား ကုိယ့္ခ်စ္သူထက္ ဘယ္သူ႕ကိုမွ ဦးစားေပးမွာ မဟုတ္ပဲနဲ႔ ဒီအတုိင္းစကား အျဖစ္ေတာင္ ရွင့္သူငယ္ခ်င္းက ေခ်ာလိုက္တာ၊ အရမ္းမိုက္တာပဲ လုိ႔ မေျပာမိပါေစန႔ဲ။ လွ်ိဳ႕၀ွက္ထားသင့္တဲ့အရာပါ။

၂။ကိုယ့္ခ်စ္သူရဲ႕ အရင္ရည္းစားကို facebook မွာ သြားသြားၾကည့္မိတယ္ဆိုတာ

မိန္းမသားမုိ႔ ဘာရယ္မဟုတ္ ကိုယ့္ရည္းစားရဲ႕ အရင္ေဆာ္ ဘာေတြလုပ္ေနမလဲဆိုတာ သိခ်င္စိတ္ျဖစ္မိတာမ်ိဳဳး ရွိပါတယ္။ ေကာင္ေလးေတြအေနနဲ႔လည္း ကိုယ့္ေကာင္မေလးရဲ႕ အရင္ဘဲ ဘာေတြလုပ္ေနမလဲဆိုတာ သိခ်င္ၾကတာမ်ိဳးေတြ ရွိပါတယ္။ အဲ့ဒီလိုအခ်ိန္မ်ိဳးမွာ Facebook ဟာ ေနာက္ေယာင္ခံ လိုုက္ၾကည့္ဖုိ႔ အေကာင္းဆံုးပါပဲ။ တစ္ခါတစ္ေလ သူတုိ႔ရဲ႕ စာမ်က္ႏွာကို သြားၾကည့္မိတယ္ဆိုရင္ေတာင္ သင့္ခ်စ္သူကို မေျပာမိပါေစနဲ႔။

၃။ကိုယ္ဘယ္သူနဲ႔ အတူေနခဲ့ဖူးတယ္ဆုိတာ

ဘယ္ေယာက်ၤား၊ မိန္းမကမွ ကိုယ့္ခ်စ္သူ အရင္တုန္းက ဘယ္သူနဲ႔ အတူေနခဲ့ဖူးတယ္ဆိုတာမ်ိဳးကို ျပန္ေျပာျပတာ လိုခ်င္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ငါအရင္တုန္းက ဘယ္လိုမ်ိဳး၊ ဘယ္သူနဲ႔ဘာျဖစ္တာ ဘယ္လုိဆိုတာေတြ ေျပာဖုိ႔မလိုပါဘူး။ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းပါတယ္။

၄။သင့္စိတ္ကူးထဲက ခ်စ္သူဟာ ခုလက္ရွိအျပင္က လူနဲ႔ ကြဲျပားေနတယ္ဆိုတာ

ငယ္ငယ္ေလးကတည္းက သင့္စိတ္ကူးအိပ္မက္ထဲက ခ်စ္သူပံုစံဟာ ဘယ္လိုဆုိတာရွိေနၿပီးသား ျဖစ္ေကာင္းျဖစ္ႏို္င္ပါတယ္။ ခုခ်ိန္မွာေတာ့ အိပ္မက္နဲ႔ တကယ့္လက္ေတြ႕ဘ၀ ကြာျခားမွန္း သင္ေကာင္းေကာင္းသိလိုက္ပါၿပီ။ အပိုေတြဇာခ်ဲ႕ေနမယ့္အစား သင့္သူ႕ကို တကယ္ခ်စ္လုိ႔ လက္တြဲထားတယ္ဆိုတာကိုသာ သင္သိေနပါေစ။ သင့္အိပ္မက္ထဲက ခ်စ္သူက ဘယ္လိုမ်ိဳးဆိုတာ သူ႕ကို ဖြင့္ဟဖုိ႔ မလိုပါဘူး။

၅။သူ႕ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းကို သင္မုန္းတယ္ဆိုတာ

ဘယ္သူမဆို ကိုယ့္အခ်စ္ဆံုး သူငယ္ခ်င္းကို ထိရင္ ခံခ်င္မွာ မဟုတ္ပါဘူး။ သင့္ကို အရမ္းခ်စ္တယ္ဆိုေပမယ့္ ဒါဟာ သူ႕သူငယ္ခ်င္းကို သင့္လိုလိုက္မုန္းဖုိ႔ေတာ့ မဟုတ္ဘူးေပါ့။ ဒါ့ေၾကာင့္ အတတ္ႏိုင္ဆံုး ဒီလိုအခ်က္မ်ိဳးကို ေရွာင္သင့္ပါတယ္။

၆။သူ႕မိဘေတြနဲ႔ ကိုယ္အဆင္မေျပႏိုင္ဘူးဆိုတာ

ကိုယ့္အေနနဲ႔ သူ႕မိဘေတြကို ဘယ္လိုမွ အေကာင္းျမင္ေပးလုိ႔မရဘူး။ သူတို႕ရဲ႕ပံုစံေတြကို ၾကည့္မရဘူးဆိုရင္ေတာင္ ဒါကို စိတ္ထဲမွာပဲထားပါ။ အျပင္ထုတ္ေျပာဖုိ႔ေတာ့ အဆင္မေျပႏိုင္ဘူးေလ။

၇။ေကာင္ေလးတစ္ေယာက္က ကိုယ့္ကိုဘယ္ေလာက္ေၾကြေနတယ္ဆိုတာ

ကိုယ္က ဘယ္ေလာက္မိုက္ေၾကာင္း၊ အထာက်လို႔ ခုလိုရည္းစားရွိတာေတာင္ ေၾကြေနတဲ့သူရွိေၾကာင္း ၾကြားသလိုမ်ိဳး ျဖစ္ေနသလားဆိုတာ စဥ္းစားပါ။ အဲ့ဒီအရာထက္ ပိုအေရးႀကီးတာက ကိုယ့္ခ်စ္သူ စိတ္အေႏွာင့္အယွက္ျဖစ္မွာကို ေတြးပါ။


Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်နဲ့ အရင်းနှီးဆုံး၊ ကိုယ့်အကြောင်း အားလုံးသိနေတဲ့ ကိုယ့်ချစ်သူကို တစ်ခါတစ်လေ လျှို့ဝှက်ထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒါလေးတွေ လျှို့ဝှက်ထားလိုက်လို့ ကိုယ့်အတွက်ရော၊ သူ့အတွက်ပါ ဘာဆိုးကျိုးမှ မရှိဘူးဆိုတာ သေချာစေတဲ့အပြင် နှစ်ဦးသားအချစ်ရေးတောင် ပိုမိုအဆင်ပြေသွားစေပါဦးမယ်။ ကဲ လျှို့ဝှက်ထားရမယ့် အရာလေးတွေက

၁။သူ့သူငယ်ချင်းက မိုက်တယ်ဆိုတာ

တစ်ခါတစ်လေ ကိုယ့်ချစ်သူ ကောင်လေးရဲ့ သူငယ်ချင်းက တော်တော်လေး အထာကျတဲ့အကြောင့် ကိုယ့်ချစ်သူကို သွားပြောလို့ မဖြစ်ဘူးဆိုတာ သိထားပါ။ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ ကိုယ့်စိတ်ထဲမှာ ရှိနေပြီးသား ကိုယ့်ချစ်သူထက် ဘယ်သူ့ကိုမှ ဦးစားပေးမှာ မဟုတ်ပဲနဲ့ ဒီအတိုင်းစကား အဖြစ်တောင် ရှင့်သူငယ်ချင်းက ချောလိုက်တာ၊ အရမ်းမိုက်တာပဲ လို့ မပြောမိပါစေနဲ့။ လျှို့ဝှက်ထားသင့်တဲ့အရာပါ။

၂။ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားကို facebook မှာ သွားသွားကြည့်မိတယ်ဆိုတာ

မိန်းမသားမို့ ဘာရယ်မဟုတ် ကိုယ့်ရည်းစားရဲ့ အရင်ဆော် ဘာတွေလုပ်နေမလဲဆိုတာ သိချင်စိတ်ဖြစ်မိတာမျိုုး ရှိပါတယ်။ ကောင်လေးတွေအနေနဲ့လည်း ကိုယ့်ကောင်မလေးရဲ့ အရင်ဘဲ ဘာတွေလုပ်နေမလဲဆိုတာ သိချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Facebook ဟာ နောက်ယောင်ခံ လိုုက်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ သူတို့ရဲ့ စာမျက်နှာကို သွားကြည့်မိတယ်ဆိုရင်တောင် သင့်ချစ်သူကို မပြောမိပါစေနဲ့။

၃။ကိုယ်ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာ

ဘယ်ယောကျၤား၊ မိန်းမကမှ ကိုယ့်ချစ်သူ အရင်တုန်းက ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာမျိုးကို ပြန်ပြောပြတာ လိုချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငါအရင်တုန်းက ဘယ်လိုမျိုး၊ ဘယ်သူနဲ့ဘာဖြစ်တာ ဘယ်လိုဆိုတာတွေ ပြောဖို့မလိုပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။

၄။သင့်စိတ်ကူးထဲက ချစ်သူဟာ ခုလက်ရှိအပြင်က လူနဲ့ ကွဲပြားနေတယ်ဆိုတာ

ငယ်ငယ်လေးကတည်းက သင့်စိတ်ကူးအိပ်မက်ထဲက ချစ်သူပုံစံဟာ ဘယ်လိုဆိုတာရှိနေပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ အိပ်မက်နဲ့ တကယ့်လက်တွေ့ဘ၀ ကွာခြားမှန်း သင်ကောင်းကောင်းသိလိုက်ပါပြီ။ အပိုတွေဇာချဲ့နေမယ့်အစား သင့်သူ့ကို တကယ်ချစ်လို့ လက်တွဲထားတယ်ဆိုတာကိုသာ သင်သိနေပါစေ။ သင့်အိပ်မက်ထဲက ချစ်သူက ဘယ်လိုမျိုးဆိုတာ သူ့ကို ဖွင့်ဟဖို့ မလိုပါဘူး။

၅။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို သင်မုန်းတယ်ဆိုတာ

ဘယ်သူမဆို ကိုယ့်အချစ်ဆုံး သူငယ်ချင်းကို ထိရင် ခံချင်မှာ မဟုတ်ပါဘူး။ သင့်ကို အရမ်းချစ်တယ်ဆိုပေမယ့် ဒါဟာ သူ့သူငယ်ချင်းကို သင့်လိုလိုက်မုန်းဖို့တော့ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ဒီလိုအချက်မျိုးကို ရှောင်သင့်ပါတယ်။

၆။သူ့မိဘတွေနဲ့ ကိုယ်အဆင်မပြေနိုင်ဘူးဆိုတာ

ကိုယ့်အနေနဲ့ သူ့မိဘတွေကို ဘယ်လိုမှ အကောင်းမြင်ပေးလို့မရဘူး။ သူတို့ရဲ့ပုံစံတွေကို ကြည့်မရဘူးဆိုရင်တောင် ဒါကို စိတ်ထဲမှာပဲထားပါ။ အပြင်ထုတ်ပြောဖို့တော့ အဆင်မပြေနိုင်ဘူးလေ။

၇။ကောင်လေးတစ်ယောက်က ကိုယ့်ကိုဘယ်လောက်ကြွေနေတယ်ဆိုတာ

ကိုယ်က ဘယ်လောက်မိုက်ကြောင်း၊ အထာကျလို့ ခုလိုရည်းစားရှိတာတောင် ကြွေနေတဲ့သူရှိကြောင်း ကြွားသလိုမျိုး ဖြစ်နေသလားဆိုတာ စဉ်းစားပါ။ အဲ့ဒီအရာထက် ပိုအရေးကြီးတာက ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာကို တွေးပါ။


Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top