iMyanmarHouse.com - Best Property Website for Myanmar
×







· ချွေးဂလင်းဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများနဲ့ ခန္ဓာကိုယ်အတွင်းရှိ တခြား အန္တရာယ်ဖြစ်စေတဲ့ အညစ်အကြေးများအား ရှင်းလင်းဖယ်ရှားပေးသော နည်းလမ်းများထဲက တစ်ခုဖြစ်ပါတယ်။


Credit:Trend Myanmar



Unicode Version

လူအများစုက ချွေးထွက်ခြင်းကို မကြိုက်နှစ်သက်၊ မုန်းတီးကြပြီး ငွေကြေး ဘယ်လောက်ကုန်ကုန် ငွေကုန်ကြေးကျခံပြီး မဖြစ်အောင် တားဆီးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုံးဝတ်စုံ ဝတ်တဲ့အခါ သို့မဟုတ် ပါတီပွဲတက် အဝတ်အစားပဲဝတ်တဲ့အခါ ချွေးတွေစိုနေတာမျိုးဟာ နှစ်လိုဖွယ်အားရကျေနပ်စရာမြင်ကွင်းတော့ မဟုတ်လို့ပါ။ ဒီအချက်ကို လက်ခံပေမယ့် ချွေးထွက်ခြင်း၊ ချွေးပြန်တာတွေဟာ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ခြင်းဖြင့်မဟုတ်ရင်တောင် ချွေးထွက်ခြင်းက ကျန်းမာရေး အကျိုးကျေးဇူးတချို့ ရရှိစေပါတယ်။ အဲ့ဒီအကျိုးကျေးဇူးတွေကတော့

· ချွေးဂလင်းများက ထိခိုက်ဒဏ်ရာများကို ပျောက်ကင်းစေပါတယ်။

· ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ်ထဲမှ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးပါတယ်။

· ချွေးထွက်တာ ပိုးသတ်ဆေးကဲ့သို့ဖြစ်စေပါတယ်။

· ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရေများများသောက်သူတွေဟာ သူတို့ခန္ဓာကိုယ် အဖွဲ့အစည်းကို ပိုမိုထိရောက်စွာ ဆေးကြောသန့်စင်စေပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှ ထိန်းချုပ်ပေးပါတယ်။

· ပုံမှန်ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်းက ချွေးဂလင်းကို ထုတ်ပေးပါတယ်။

· ချွေးဂလင်းဟာ ကျွနု်ပ်တို့ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများနဲ့ ခန္ဓာကိုယ်အတွင်းရှိ တခြား အန္တရာယ်ဖြစ်စေတဲ့ အညစ်အကြေးများအား ရှင်းလင်းဖယ်ရှားပေးသော နည်းလမ်းများထဲက တစ်ခုဖြစ်ပါတယ်။

· ချွေးက အမည်းစက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေထဲ ကိန်းအောင်းနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top