iMyanmarHouse.com - Best Property Website for Myanmar
×

ရံုးပတီသီးကို (အဂၤလိပ္လို Okra, Gumbo ၊ Lady Lady’s Finger )လို႔ သိရျပီး အဓိကအားျဖင့္ ေႏြရာသီအခ်ိန္မွာ ရရိွႏုိင္တဲ့ ရာသီေပၚအသီးအရြက္ တစ္မ်ဳိးျဖစ္ပါတယ္။ ရံုးပတီသီးကို အာဟာရေတြနဲ႔ ဗင္တာမင္ေျမာက္မ်ားစြာပါဝင္တဲ့ စြမ္းအင္သိုေလွာင္ရာ ေနရာလို႔ေတာင္ ေခၚေဝၚေျပာဆိုၾကပါတယ္။ ကြ်ႏု္ပ္တို႔ ရံုးပတီသီးကို ပုံမွန္စားသုံးေနၾကေပမဲ့ အမ်ားစုက ၎ကိုစားသုံးရျခင္းရဲ႕အက်ဳိးကို မသိၾကပါဘူး။  ရံုးပတီသီးကေနရရိွတဲ့ က်န္းမ်ားေရး အက်ဳိးေက်းဇူးမ်ားစြာ ရိွပါတယ္။ ရံုးပတီသီးကို မ်ားစြာေသာ ဗင္တာမင္၊ ဓာတ္ဆားဓာတ္၊ အမွ်င္ဓာတ္ နဲ႔ တျခား အာဟာရဓာတ္ေတြ နဲ႔ ဖြဲ႔စည္းထားပါတယ္။ ရံုးပတီသီးမွာ ဗီတာမင္ A၊ B1၊ B3၊ B6၊ C နဲ႔ K တ႔ိုပါဝင္တယ္။ folic acid၊ calcium၊ zinc၊ riboflavin၊ magnesium၊ manganeseနဲ႔ Beta carotene စသည္တို႔ ပါဝင္တဲ့ အမွ်င္ဓာတ္မ်ားစြာကိုလည္း ရရိွေစတယ္။

ရာသီေပၚ အသီးအရြက္မ်ားစြာရိွတဲ့အထဲ ရံုးပတီသီးဟာ အေကာင္းဆုံးျဖစ္ပါတယ္။ သူ႔ရဲ႕ႏူးညံ့တဲ့ပံုစံက စားခ်င္စဖြယ္ေကာင္းေအာင္ ဆြဲေဆာင္ႏုိုင္ပါတယ္။ ဒါေပမဲ့ ခ်က္ျပဳ တ္ျပင္ဆင္တဲ့အခါ ေစးကပ္ကပ္၊ ခြ်ဲက်ိက်ိ ႏုိင္လြန္းတယ္လို႔ ထင္ရႏုိင္ပါတယ္။ အဲဒီေစးကပ္တဲ့ အရာေၾကာင့္ပဲ အထူးေကာင္းမြန္တဲ့ ဟင္းခ်ဳိျဖစ္ေစတာပါ။ အဲဒီလိုနဲ႔ မၾကိဳက္ဘူးဆိုရင္ေတာင္ တျခားေသာနည္းျဖင့္ ျပင္ဆင္စားသုံးႏုိင္ပါေသးတယ္။ အခ်ဥ္ရည္၊ ၾကက္သြန္နီ၊ ဆားေလးထည့္ျပီး အျမန္ေၾကာ္၍လည္းေကာင္း ျပင္ဆင္ခ်က္ျပဳႏုိင္ပါတယ္။

ရံုးပတီသီးကေနရရိွတဲ့ အံ့ၾသဖြယ္က်န္းမာေရး အက်ဳိးေက်းဇူးေတြကေတာ့… - ကိုယ္ဝန္သည္ေတြကို က်န္းမာသန္စြမ္းေစျခင္း ၊  ေက်ာက္ကပ္ ပိုမိုက်န္းမာေစျခင္း ၊ အူမၾကီးသန္႔စင္ေစျခင္း၊ ပန္းနာေရာဂါကြယ္ကာေပးျခင္း ၊ အသားေရေတာက္ပေစျခင္း၊ အေလးခ်ိန္ေလ်ာ့က်ေစျခင္း နဲ႔ ဝမ္းခ်ဳပ္မႈအတြက္ေကာင္းမြန္ျခင္း တို႔ပဲ ျဖစ္ပါတယ္။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရုံးပတီသီးကို (အင်္ဂလိပ်လို Okra, Gumbo ၊ Lady Lady’s Finger )လို့ သိရပြီး အဓိကအားဖြင့် နွေရာသီအချိန်မှာ ရရှိနိုင်တဲ့ ရာသီပေါ်အသီးအရွက် တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို အာဟာရတွေနဲ့ ဗင်တာမင်မြောက်များစွာပါဝင်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာလို့တောင် ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ကျွနု်ပ်တို့ ရုံးပတီသီးကို ပုံမှန်စားသုံးနေကြပေမဲ့ အများစုက ၎င်းကိုစားသုံးရခြင်းရဲ့အကျိုးကို မသိကြပါဘူး။  ရုံးပတီသီးကနေရရှိတဲ့ ကျန်းများရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ရုံးပတီသီးကို များစွာသော ဗင်တာမင်၊ ဓာတ်ဆားဓာတ်၊ အမျှင်ဓာတ် နဲ့ တခြား အာဟာရဓာတ်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ရုံးပတီသီးမှာ ဗီတာမင် A၊ B1၊ B3၊ B6၊ C နဲ့ K တ့ိုပါဝင်တယ်။ folic acid၊ calcium၊ zinc၊ riboflavin၊ magnesium၊ manganeseနဲ့ Beta carotene စသည်တို့ ပါဝင်တဲ့ အမျှင်ဓာတ်များစွာကိုလည်း ရရှိစေတယ်။

ရာသီပေါ် အသီးအရွက်များစွာရှိတဲ့အထဲ ရုံးပတီသီးဟာ အကောင်းဆုံးဖြစ်ပါတယ်။ သူ့ရဲ့နူးညံ့တဲ့ပုံစံက စားချင်စဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ချက်ပြု တ်ပြင်ဆင်တဲ့အခါ စေးကပ်ကပ်၊ ချွဲကျိကျိ နိုင်လွန်းတယ်လို့ ထင်ရနိုင်ပါတယ်။ အဲဒီစေးကပ်တဲ့ အရာကြောင့်ပဲ အထူးကောင်းမွန်တဲ့ ဟင်းချိုဖြစ်စေတာပါ။ အဲဒီလိုနဲ့ မကြိုက်ဘူးဆိုရင်တောင် တခြားသောနည်းဖြင့် ပြင်ဆင်စားသုံးနိုင်ပါသေးတယ်။ အချဉ်ရည်၊ ကြက်သွန်နီ၊ ဆားလေးထည့်ပြီး အမြန်ကြော်၍လည်းကောင်း ပြင်ဆင်ချက်ပြုနိုင်ပါတယ်။

ရုံးပတီသီးကနေရရှိတဲ့ အံ့သြဖွယ်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့… - ကိုယ်ဝန်သည်တွေကို ကျန်းမာသန်စွမ်းစေခြင်း ၊  ကျောက်ကပ် ပိုမိုကျန်းမာစေခြင်း ၊ အူမကြီးသန့်စင်စေခြင်း၊ ပန်းနာရောဂါကွယ်ကာပေးခြင်း ၊ အသားရေတောက်ပစေခြင်း၊ အလေးချိန်လျော့ကျစေခြင်း နဲ့ ဝမ်းချုပ်မှုအတွက်ကောင်းမွန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top