iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အမူအက်င့္

တခ်ဳိ႕ ေတြက မ်က္ေမွာင္ က်ဳံ႕ၾကည့္တာ၊ နဖူးကို တြန္႔ၾကဳတ္တာ စတဲ့ အမူ အက်င့္ ေလးေတြ ရွိတတ္ ပါတယ္။ ဒါ့အျပင္ ညအိပ္တဲ့အခါ ေဘးေစာင္း အိပ္တာက သင့္အသားအေရကို အသက္ ငယ္ငယ္ရြယ္ရြယ္နဲ႔ အေရးေၾကာင္း ေတြ ေပၚေစပါတယ္။

၂။ ေနေရာင္ျခည္

ေနေရာင္ျခည္ဟာ အသားအေရ အတြက္ေတာ့ အဆိပ္အေတာက္ပါပဲ။ ေနေရာင္ျခည္မွာ ပါဝင္တဲ့ ခရမ္းလြန္ေရာင္ျခည္ ေအနဲ႔ ဘီေတြက အေရျပား ႏုပ်ဳိမႈကို ဖ်က္ဆီးေပးတာေတြပါ။ ဝက္ၿခံ၊ တင္းတိပ္နဲ႔ ေနေလာင္ကြက္ေတြ ကိုလည္း ျဖစ္ေပၚေစပါတယ္။ မနက္ ၁၀ နာရီကေန ညေန ၄ နာရီအတြင္း ေနေရာင္ျခည္ကို မထိေတြ႕တာ အေကာင္းဆံုးပါ။ ေနေရာင္ထဲ မျဖစ္မေန ထြက္ရမယ္ ဆုိရင္ေတာ့ ေနေရာင္ကာ ခရင္မ္လိမ္းပါ။ ထီး၊ ဦးထုပ္ေဆာင္းပါ။

၃။ အိပ္ေရး မဝျခင္း

အိပ္ေရး မဝတာကလည္း သင့္အေရျပား အတြက္ ဆိုးက်ဳိး တစ္ခုပါပဲ။ အိပ္ေရး မဝတာေၾကာင့္ အေရျပား အတြက္ ေကာ္လာဂ်င္ ထုတ္လုပ္မႈကို ေႏွာင့္ေႏွး ေစၿပီး အေရးေၾကာင္း ျဖစ္ေပၚ ေစပါတယ္။ ပံုမွန္ အိပ္ခ်ိန္ရေအာင္ အိပ္စက္ပါ။

၄။ အခ်ဳိႏွင့္ အငန္ဓာတ္

အသားအေရ တင္းရင္းေနေစဖုိ႔ အဓိက ေထာက္ပံ့ ေပးေနတဲ့ အရာက ေကာ္လာဂ်င္ ေတြပါ။ အခ်ဳိ၊ အငန္ေတြ အစားမ်ားတာေၾကာင့္ အေရျပားမွာ ရွိတဲ့ ေကာ္လာဂ်င္ေတြကို ပ်က္စီး ေစပါတယ္။ အခ်ဳိစာ၊ အငန္စာေတြက သင့္ အေရျပား တင္းရင္းမႈကို ဖ်က္ဆီးေနတဲ့ အဓိက တရားခံပါ။

၅။ လႈပ္ရွားမႈ မရွိျခင္း

လႈပ္ရွားမႈ မရွိတာေၾကာင့္ သင့္ခႏၶာကိုယ္မွာ ေသြးလွည့္ပတ္မႈ မေကာင္းႏိုင္ ပါဘူး။ ေသြးလွည့္ ပတ္မႈ မေကာင္းတဲ့အခါ အေရျပားမွာရွိတဲ့ ဆံျခည္မွ်င္ ေသြးေၾကာေလးေတြဆီကို ေသြးသြား လာမႈ နည္းသြားေစပါတယ္။ ဒီလို ေသြးလွည့္ပတ္မႈ နည္းတာက အေရျပားဆီကုိ အစာ အာဟာရ ေထာက္ပံ့မႈ နည္းေစၿပီး အေရျပားက်န္းမာေရးကို ထိခိုက္ေစပါတယ္။ အေရျပား ႏုပ်ဳိေစဖုိ႔၊ က်န္းမာေစဖုိ႔ ေလ့က်င့္ခန္း လုပ္ေဆာင္ေပးတာက သင့္အေရျပားအတြက္ အက်ဳိး ရွိေစပါတယ္။

Credit : thithtoolwin
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

၃။ အိပ်ရေး မဝခြင်း

အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

၄။ အချိုနှင့် အငန်ဓာတ်

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

၅။ လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။


Credit : thithtoolwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top