iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ သင့္ရဲ႕ဒီဇိုင္နာထုတ္အိတ္ေတြရဲ႕ေစ်းႏႈန္း၊ တစ္ေန႔တာအသံုးစရိတ္၊ တစ္လအသံုးစရိတ္စတာေတြကို ဖြင့္မေျပာပဲ သင့္ခ်စ္သူကို လိမ္ညာထားမိမယ္ဆုိရင္ ဒါေတြဟာ သင္တို႔ရဲ႕အခ်စ္ေရးအတြက္ ဆူးေညွာင့္ခလုတ္ေတြပါပဲ။ MoneySupermarket.com က စစ္တမ္းေကာက္ခ်က္အရ အတြဲ ၁၀တြဲမွာ ၅တြဲသာ ကိုယ့္ခ်စ္သူကို ကိုယ့္အသံုးစရိတ္ေတြကို အမွန္အတုိင္းဖြင့္ေျပာေလ့ရွိၾကပါတယ္တဲ့။ ဘာလုိ႔မ်ား ကိုယ့္အသံုးစရိတ္ကို အမွန္အတုိင္း မေျပာၾကပါလိမ့္လို႔ သင္ေတြးမိလိုက္တယ္မလား။

သူတို႔ေတြဟာ တစ္ခုခုကို ၀ယ္ေတာ့မယ္ဆုိရင္ ကိုယ့္ခ်စ္သူကို ေျပာခ်င္ေပမယ့္ ခ်စ္သူက ၀ယ္ခြင့္မျပဳမွာ၊ ကိုယ့္အသံုးစရိတ္ေၾကာင့္ ကိုယ့္ခ်စ္သူ စိတ္အေႏွာင့္အယွက္ျဖစ္မွာ စိုးရိမ္ၾကလို႔ပါတ့ဲ။ ဒီလိုၾကားလိုက္ရရင္ ဒါဟာ အျပစ္ကင္းပါတယ္လို႔ေတာ့ ထင္ၾကမွာပါပဲ။ ဒါေပမယ့္ ဒီအရာေတြက အတြဲေတြ ျပတ္သြားေအာင္ ဖန္တီးပစ္လိမ့္မယ္လို႔ေတာ့ ဘယ္သူမွ ထင္မိၾကမွာ မဟုတ္ပါဘူး။

ယံုၾကည္မႈဆိုတာ အခ်စ္ေရးမွာ နံပါတ္တစ္အေရးအႀကီးဆံုး အရာပါပဲ။ ႏွလံုးသားေရးရာအႀကံေပးျဖစ္တဲ့ Terri Orbuch, Ph.D. ကေတာ့ ယံုၾကည္မႈနည္းပါးသြားရင္ အခ်စ္ေရးဟာ သာယာမႈေတြ တျဖည္းျဖည္းေလ်ာ့ပါး သြားမွာပါပဲတဲ့။ အထူးသျဖင့္ ေရရွည္တြဲလာၿပီးျဖစ္တဲ့ အတြဲေတြဟာ ပိုက္ဆံကိစၥနဲ႔ပတ္သက္ၿပီး ဖုံးကြယ္ထားတာကို သိရာကေန ကြဲသြားတာ မ်ားတယ္လို႔ ဆိုပါတယ္။

ကိုယ္ဒီေန႔ ဘယ္ေလာက္သံုးတယ္ ဆိုတာမ်ိဳးကို ကိုယ့္ခ်စ္သူကို စာရင္းတင္ခိုင္းေနတာမ်ိဳး မဟုတ္ေပမယ့္ သူေမးတဲ့အခါ သံုးသမွ်ပိုက္ဆံေတြကို စာရင္းေဖ်ာက္ပစ္လိုက္တာမ်ိဳးေတြ မလုပ္ပဲ အမွန္အတုိင္း ဖြင့္ေျပာဖုိ႔ပါပဲ။ ကိုယ့္ပိုက္ဆံ ကိုယ္ရွာသံုးတယ္ဆိုေပမယ့္ တစ္ဖက္ကလည္း ႏွစ္ဦးသားေရွ႕ေရးကို ေတြးရေတာ့မယ္ဆိုရင္ ကိုယ့္အသံုးစရိတ္ေတြကိုပါ ထည့္စဥ္းစားေတာ့မွာေပါ့ေလ။ ေနာက္တစ္ခ်က္က ကိုယ္တစ္လဘယ္ေလာက္ရသလဲဆိုတာကို အတိအက်ဖြင့္ေျပာဖုိ႔ ႏွစ္ဦးသားတြဲတဲ့အခ်ိန္က နည္းေနေသးတယ္ဆိုရင္ေတာင္ ေရရွည္တြဲေတာ့မယ္ဆုိရင္ေတာ့ ဒါေတြကိုပါ ဖြင့္တုိင္ပင္သင့္ပါတယ္။ ဒါဟာ ႏွစ္ဦးသားေရရွည္လက္တြဲေတာ့မယ္လုိ႔ ဆံုးျဖတ္တဲ့အခါ အေရးအႀကီးဆံုး အခ်က္ျဖစ္လာလို႔ပါပဲ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်ဟာ သင့်ရဲ့ဒီဇိုင်နာထုတ်အိတ်တွေရဲ့ဈေးနှုန်း၊ တစ်နေ့တာအသုံးစရိတ်၊ တစ်လအသုံးစရိတ်စတာတွေကို ဖွင့်မပြောပဲ သင့်ချစ်သူကို လိမ်ညာထားမိမယ်ဆိုရင် ဒါတွေဟာ သင်တို့ရဲ့အချစ်ရေးအတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ MoneySupermarket.com က စစ်တမ်းကောက်ချက်အရ အတွဲ ၁၀တွဲမှာ ၅တွဲသာ ကိုယ့်ချစ်သူကို ကိုယ့်အသုံးစရိတ်တွေကို အမှန်အတိုင်းဖွင့်ပြောလေ့ရှိကြပါတယ်တဲ့။ ဘာလို့များ ကိုယ့်အသုံးစရိတ်ကို အမှန်အတိုင်း မပြောကြပါလိမ့်လို့ သင်တွေးမိလိုက်တယ်မလား။

သူတို့တွေဟာ တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် ကိုယ့်ချစ်သူကို ပြောချင်ပေမယ့် ချစ်သူက ဝယ်ခွင့်မပြုမှာ၊ ကိုယ့်အသုံးစရိတ်ကြောင့် ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ကြလို့ပါတဲ့။ ဒီလိုကြားလိုက်ရရင် ဒါဟာ အပြစ်ကင်းပါတယ်လို့တော့ ထင်ကြမှာပါပဲ။ ဒါပေမယ့် ဒီအရာတွေက အတွဲတွေ ပြတ်သွားအောင် ဖန်တီးပစ်လိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပါဘူး။

ယုံကြည်မှုဆိုတာ အချစ်ရေးမှာ နံပါတ်တစ်အရေးအကြီးဆုံး အရာပါပဲ။ နှလုံးသားရေးရာအကြံပေးဖြစ်တဲ့ Terri Orbuch, Ph.D. ကတော့ ယုံကြည်မှုနည်းပါးသွားရင် အချစ်ရေးဟာ သာယာမှုတွေ တဖြည်းဖြည်းလျော့ပါး သွားမှာပါပဲတဲ့။ အထူးသဖြင့် ရေရှည်တွဲလာပြီးဖြစ်တဲ့ အတွဲတွေဟာ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ဖုံးကွယ်ထားတာကို သိရာကနေ ကွဲသွားတာ များတယ်လို့ ဆိုပါတယ်။

ကိုယ်ဒီနေ့ ဘယ်လောက်သုံးတယ် ဆိုတာမျိုးကို ကိုယ့်ချစ်သူကို စာရင်းတင်ခိုင်းနေတာမျိုး မဟုတ်ပေမယ့် သူမေးတဲ့အခါ သုံးသမျှပိုက်ဆံတွေကို စာရင်းဖျောက်ပစ်လိုက်တာမျိုးတွေ မလုပ်ပဲ အမှန်အတိုင်း ဖွင့်ပြောဖို့ပါပဲ။ ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးတယ်ဆိုပေမယ့် တစ်ဖက်ကလည်း နှစ်ဦးသားရှေ့ရေးကို တွေးရတော့မယ်ဆိုရင် ကိုယ့်အသုံးစရိတ်တွေကိုပါ ထည့်စဉ်းစားတော့မှာပေါ့လေ။ နောက်တစ်ချက်က ကိုယ်တစ်လဘယ်လောက်ရသလဲဆိုတာကို အတိအကျဖွင့်ပြောဖို့ နှစ်ဦးသားတွဲတဲ့အချိန်က နည်းနေသေးတယ်ဆိုရင်တောင် ရေရှည်တွဲတော့မယ်ဆိုရင်တော့ ဒါတွေကိုပါ ဖွင့်တိုင်ပင်သင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရေရှည်လက်တွဲတော့မယ်လို့ ဆုံးဖြတ်တဲ့အခါ အရေးအကြီးဆုံး အချက်ဖြစ်လာလို့ပါပဲ။

Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top